September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

တရားမဝင် အလုပ်သမားတွေ စာရင်းတင်ဖို့ ထိုင်းနိုင်ငံ၊နွန်ထဘူရီပြည်နယ်မှာ အလုပ်ရှင်တွေကို တိုက်တွန်း

တရားမဝင် အလုပ်သမားတွေ စာရင်းတင်ဖို့ ထိုင်းနိုင်ငံ၊နွန်ထဘူရီပြည်နယ်မှာ အလုပ်ရှင်တွေကို တိုက်တွန်း

ဇူလိုင် ၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ နွန်ထဘူရီပြည်နယ်မှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာ၊ လာအို၊ က​ေမ္ဘာဒီးယား၊ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ နောက်ဆုံးထား စာရင်းသွင်းမှတ်ပုံတင်ဖို့ အလုပ်အကိုင်ရှာဖွေရေးရုံးကနေ အလုပ်ရှင်တွေကို တိုက်တွန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။အလုပ်ရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရားဝင် မဟုတ်တဲ့ နိုင်ငံခြားသားတွေကို ငှားရမ်းလိုပါက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထက် နောက်မကျဘဲ စာရင်းသွင်း မှတ်ပုံတင်ဖို့ နွန်ထဘူရီ ပြည်နယ် အလုပ်အကိုင် ရှာဖွေရေးရုံး အကြီးအကဲ မစ္စဆွန်ထရီဝီလသွန်က တိုက်တွန်းပြောကြားပါတယ်။နွန်ထဘူရီပြည်နယ်ဟာ လူနေထူထပ်ပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိတဲ့ ပြည်နယ်ဖြစ်တာကြောင့်တရား၀င် မဟုတ်တဲ့အလုပ်သမား​ေတွ မှတ်ပုံတင်ဖို့ အထူးတိုက်တွန်းတဲ့ ပြည်နယ်ဖြစ်ပါတယ်။နွန်ထဘူရီ ပြည်နယ်ရှိ အလုပ်အကိုင်ရှာဖွေရေးရုံး၏ ဖုန်းနံပါတ်၀၉၃၄၉၇၂၉၉၉၊ ၀၂၀၀၃၇၄၄၁ သို့မဟုတ် ၀၆၅၀၅၂၈၈၁၁ ကို ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ကိုးကား-www.thairath.co.th

Leave a Reply

Your email address will not be published. Required fields are marked *