လွတ်ငြိမ်းနဲ့ပြန်လွတ်လာသူတွေထဲမှာ အလုပ်သမားအရေးလှုပ်ရှားသူတွေမပါသေး

လွတ်ငြိမ်းနဲ့ပြန်လွတ်လာသူတွေထဲမှာ အလုပ်သမားအရေးလှုပ်ရှားသူတွေမပါသေး

ဩဂုတ် ၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ဒီနေ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွတ်လာသူတွေထဲမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေပါဝင်လာတာမရှိသေးဘူးလို့ သက်ဆိုင်ရာအလုပ်သမားအဖွဲ့တွေဆီကသိရပါတယ်။ဒီနေ့မှာ နိုင်ငံတစ်ဝန်းရှိအကျဥ်းထောင်တွေက အကျဥ်းကျခံနေရသူ ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီလို ပြန်လွတ်လာသူတွေထဲမှာ အလုပ်သမားအရေးလှုပ်ရှားသူတွေပါလာမလားဆိုပြီး သက်ဆိုင်ရာအလုပ်သမားအဖွဲ့တွေက စောင့်ဆိုင်းနေကြပေမယ့် အခြေအနေမထူးဘူးလို့ ဆိုပါတယ်။
  • “ အကုန်လုံးကလိုက်တော့စုံစမ်းနေကြတာပဲ။ အခုထိအလုပ်သမားအရေးလှုပ်ရှားသူတွေပါတယ် မကြားရသေးဘူး” လို့ မြန်မာနိုင်ငံစက်မှုလက်မူနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဲဒီအလုပ်သမားအဖွဲ့က အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်လည်း ဖမ်းဆီးခံထားရပြီး ဇွန်လကုန်ပိုင်းက လွတ်ရက်စေ့ခဲ့ပေမယ့် ​အပြင်ရောက်မလာသလို အခုလည်းလွတ်လာတာမရှိသေးဘူးလို့သိရပါတယ်။လက်ရှိအချိန်အထိ အလုပ်သမားအဖွဲ့ချုပ်တွေက ဦးဆောင်သူတွေနဲ့အလုပ်သမားအရေးလှုပ်ရှားသူ ၂၀၀ ကျော်ဟာ ဖမ်းဆီးထောင်ချခံထားရတာဖြစ်ပါတယ်။အဲဒီအလုပ်သမားအရေးလှုပ်ရှားသူတွေကိုပြန်လွှတ်ပေးဖို့ နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့တွေကလည်း အစဥ်တစိုက်တောင်းဆိုနေကြပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်