September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းမှာ တရားမဝင် အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားမှောက်

ထိုင်းမှာ တရားမဝင် အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားမှောက်

ဩဂုတ် ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဖရာနခွန်စီ၊ အယုဒ္ဓယပြည်နယ်၊ ၀မ်နွဲမြို့နယ်၊ လမ်တစဝ်ကျေးရွာအုပ်စုရှိ ကီလိုမီတာ ၆၆ – ၆၇ ဝန်းကျင်ရှိ ဖဟိုယိုသင်းလမ်းမှာ တရားမဝင် အလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။ကားတိမ်းမှောက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရပြီး သူတို့အားလုံးမှာ တရာဝင်နေထိုင်ခွင့်အ​ထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။စုံစမ်းစစ်ဆေးမှုအရ ထိုင်းလူမျိုး ကားမောင်းသမားဟာအဲဒီ ရွှေ့ပြောင်း အလုပ်သမား​တွေကို ဖရာနခွန်စီ၊ အယုဒ္ဓယပြည်နယ်က ကြိုလာပြီး စမွတ်စခွန်ပြည်နယ်ကို တစ်ဦးလျှင် ဘတ် ၅၀၀ မှ ၇၀၀ ထိနှုန်းနဲ့ ပို့ဆောင်ပေးတာဖြစ်ကြောင်း သိရပါတယ်။အဲဒီမြန်မာအလုပ်သမားတွေဟာ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့ သဘာဝလမ်းကြောင်းကတစ်ဆင့် ၀င်ရောက်လာပြီး လမ်းပြ ပို့ဆောင်ခ တစ်ဦးလျှင် ဘတ်ငွေ ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။သူတို့အားလုံးကို ဖရာနခွန်စီအယုဒ္ဓယပြည်နယ်၊ Wang Noi မြို့နယ် ရဲစခန်းမှာ အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား-www.dailynews.co.th

Leave a Reply

Your email address will not be published. Required fields are marked *