တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၂ ဦး စေလွှတ်
ဩဂုတ် ၈ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၂ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦးဟာ ဒီကေန ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုနှစ် ဇွန်လအတွင်း မြန်မာလုပ်သား ၉၁၉ ဦး စေလွှတ်ခဲ့ပါတယ်။အခုလအတွင်း မြန်မာလုပ်သား ၄၃၃ ဦးကို တောင်ကိုရီးယားကို စေလွှတ်ထားပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့
