နိုဝင်ဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုး

ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုး

ဩဂုတ် ၉ ရက်
ခွန်သောမတ်၊ Migrant Times
ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကာလထပ်တိုးလိုက်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ယာယီအစိုးရအဖွဲ့ အစည်းအဝေးမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံခြားသား နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ကာလထပ်မံ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ရုံး ဒုတိယ ပြောရေးဆိုခွင့်ရှိသူ မစ္စ Ratchada Thanadirekက ပြောပါတယ်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်၊ စက်ရုံတွေမှာ တရားဝင်အလုပ်ခန့်ထားခွင့်ရဖို့အတွက် ထိုင်းအစိုးရအဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့ အထိ သက်တမ်းထပ်တိုးပေးလိုက်တာဖြစ်ပါတယ်။
ကိုးကား- www.thaipbs.or.th

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်