September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

အစိုးရဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နဲ့နေ့စားဝန်ထမ်းတွေ တစ်ရက် ၁,၀၀၀ ကျပ် တိုး

အစိုးရဝန်ထမ်းတွေ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နဲ့နေ့စားဝန်ထမ်းတွေ တစ်ရက် ၁,၀၀၀ ကျပ် တိုး

စက်တင်ဘာ ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • နိုင်ငံ့ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေး တစ်လ ကျပ် ၃၀,၀၀၀ နဲ့ ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေကို တစ်ရက် ကျပ် ၁,၀၀၀ တိုးပေးမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေဖို့အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်လကို ကျပ် ၃၀,၀၀၀နှုန်းနဲ့ လစဉ်ခံစားခွင့်ပြုမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာ​ဖြစ်ပါတယ်။အလားတူ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားလုပ်သားတွေရဲ့ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈နာရီ အတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ ကျပ် ၄,၈၀၀ အပေါ်မှာ အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁,၀၀၀ တိတိ ထပ်မံခံစားခွင့်ပြုမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
  • အပိုထောက်ပံ့ကြေးခံစားခွင့်ပြုမယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အမိန့်ကြေညာစာ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။အခုလို ဝန်ထမ်းတွေကို ထောက်ပံ့ကြေးတိုးပေးမယ့်သတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဒီနေ့မှ အတည်ပြုချက်ထွက်လာတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတချို့ကတော့ ထောက်ပံကြေးဆိုတာထက် လစာခေါင်းစဥ်အောက်ကနေ လစာတိုးပေးစေချင်တာလို့ဆိုပါတယ်။
  • “လစာစာရင်းထဲမပါတော့ ညီမျှမှုမရှိသလိုဖြစ်စေတယ်”လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေအနေနဲ့က မူလတစ်ရက်ကို ၄,၈၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်တိုးမြှင့်ရရှိသွားမှာဖြစ်ပေမယ့် အဲဒီသတင်းကြောင့် ကုန်စျေးနှုန်းတက်မှာကို စိုးရိမ်နေရပြန်တယ်လို့ နေ့စားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။လက်ရှိမှာ အထည်ချုပ်စက်ရုံတချို့ကတော့ တစ်ရက်လုပ်ခ ၄,၈၀၀ ကျပ်နဲ့ပဲ ဆက်လက်ပေးချေနေကြဆဲဖြစ်တယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *