ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၆ခု ထပ်တိုး

ဇန်နဝါရီ ၇ရက် ၊အရုဏ်ဦး
ဒီဇင်ဘာလအတွင်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၆ခု တိုးလာတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိမှာထပ်တိုးလာတဲ့ အေဂျင်စီ၆ခုအပါအဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၁၀ခုအထိရှိလာပြီး အေဂျင်စီ၄ခု မှာ လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ ဆိုပါတယ်။
” ထပ်ပြီးဖွင့်လှစ်လုပ်ကိုင်ခွင့်တင်ထားတာတွေလည်းကျန်သေးတယ်။ စည်းကမ်းချက်တွေအတိုင်းလုပ်ကိုင်နိူင်မယ့်သူတွေကိုစီစစ်လုပ်ကိုင်ခွင့်ပေးနေတာ” လို့ အလုပ်သမားဝန်ကြီးဌာနအရင်းမြစ်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁မတိုင်ခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာရှိပြီး ဒီနှစ်ပိုင်းအတွင်းမှာ အေဂျင်စီအသစ်တွေတရှိန်ထိုးများလာတာ ဖြစ်ပါတယ်။
အဲဒီလို အေဂျင်စီတွေ ဖောင်းပွလာပေမယ့် အမှန်တကယ်လုပ်သားစေလွှတ်နိူင်တာ တဝက်လောက်ပဲရှိတယ်လို့ အေဂျင်စီလုပ်ငန်းရှင် တချို့က ဆိုပါတယ်။
“ လိုင်စင်ယူထားပြီးတစ်လနေလို့အလုပ်သမားတစ်ယောက်မှမပို့နိုင်တာတွေအများကြီးရှိတယ်” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့လစဥ်စေလွှတ်ခဲ့တဲ့လုပ်သားဦးရေနဲ့ အလုပ်သမားက မိသားစုဆီငွေလွှဲပို့တဲ့စာရင်းအချက်အလက်တွေကိုသက်ဆိုင်ရာဌာနဆီပေးပို့ နေရပါတယ်။
ဒါ့အပြင် အလုပ်သမားကငွေလွှဲပို့စေရေးနဲ့စာချုပ်သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းစေရေး အေဂျင်စီတွေက အလုပ်သမားနဲ့သဘောတူစာချုအ်ချုပ်ဆိုပြီး တာဝန်ခံထားရတယ်လို့လည်း အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်