ထိုင်းနိုင်ငံသားတစ်ဦးကို မြန်မာရွှေ့ပြောင်းအလုပ်သမားများက ထိုးကြိတ်မှုဖြစ်ပွားခဲ့

ဇန်နဝါရီ ၈ရက်၊
မောင်နေ့သစ်၊Migrant Times
စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ထာ့ဆိုင်ကျေးရွာရှိ ဝပ်ခေါင်ခု စာသင်ကျောင်းအနီးတွင် ပြုလုပ်သည့် ခေါင်ခုပွဲတော်အတွင်းရှိ စတိတ်ရှိုးစင်ရှေ့ ကခုန်နေသည့် ထိုင်းနိုင်ငံသား ၁ ဦးမှ စတိတ်ရှိုးစင်အနီးရှိ မြန်မာနိုင်ငံသားတစ်ဦး၏ ခြေထောက်ကို မတော်တဆနင်းမိခဲ့ပါတယ်။
အဆိုပါဖြစ်စဥ်သည် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၂ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြေထောက်တတ်နင်းသည့် ထိုင်းနိုင်ငံသား ၁ ဦးကို မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ဦး ထိုးကြိတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြစ်မှုကျူးလွန့်သည့်မြန်မာ ၆ ဦးကို အရေးယူပေးရန်အတွက် ထိုးကြိတ်ခံရသည့် ထိုင်းနိုင်ငံသားမှ သက်ဆိုင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့တယ်လို့လည်းသိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ပြီး သံသယရှိသူတွေရဲ့ နေအိမ်ကို ခြေရာခံကာ မြန်မာနိုင်ငံသား ၆ ဦးစလုံးကို ဇန်နဝါရီလ ၇ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို တရားမဝင် တုတ်၊ဓါးလက်နက်ကိုင်ဆောင်မှု အရက်သေစာသောက်စား၍ မူးယစ်ရမ်းကူးမှု၊ ပြည်သူလူထုအား ထိန့်လန့်စေမှုတို့ဖြင့်အရေးယူထားပြီး ဥပဒေနှင့်အညီလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
ကိုးကား- သတင်း

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်