September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းတောင်ပိုင်းနေသူများ ရုတ်တရက် ရေကြီး ရေလျှံမှု သတိထားရန်လို

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လေထုမငြိမ်သက်မှုများကြောင့် ယနေ့ ဧပြီလ ၄ ရက်နေ့မှ ၂၄ နာရီအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) က ထုတ်ပြန်သည်။

ယနေ့မှ လာမည့် ၂၄ နာရီအတွင်း တောင်ပိုင်းဒေသ (အရှေ့ကမ်းရိုးတန်း)ရှိ ဆူရတ်သနီ၊ နခွန်စီသမရတ်၊ ဖက်တလွန်၊ ဆွန်ခလာ၊ ပတ္တနီ၊ ရာလာနှင့် နာရသီဝတ် တို့တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်မှုများ ဖြစ်ပေါ်နိုင်သည်။

တောင်ပိုင်းဒေသ(အနောက်ကမ်းရိုးတန်း)ရှိ ဖန်င၊ ဖူကက်၊ ခရဘီ၊ ထရန်းနှင့် စတွန်တို့တွင် မိုးသည်း ထန်မှုများဖြစ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) ကထုတ်ပြန်သည်။

ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ကလည်း ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထုန်နှင့် စမွတ်ဆောင်ခရမ် ခရိုင်များတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်စေနိုင်ကြောင်း ဧပြီလ ၃ ရက်နေ့က သတိပေးထားသည်။

ကိုးကား- TMD / ONWR
ဓာတ်ပုံ -The Nation

Leave a Reply

Your email address will not be published. Required fields are marked *