“ အထောက်အထား မစုံတဲ့သူလည်း လျော်ကြေး ရနိုင်လို့ တိုင်ကြားကြပါ”

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။

အဆောက်အအုံပြိုကျမှုတွင် မြန်မာနိုင်ငံသား အလုပ်သမား များပါဝင်ပြီး မိသားစုဝင်များ ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသော မြန်မာ အလုပ်သမား၁၈ ဦး၏ အမည်များအား ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) မှထုတ်ပြန်သည်။

ဌင်းအလုပ်သမားများ၏ နောက်ဆုံးရ အခြေအနေ ၊ လျော်ကြေးရရှိနိုင်မှုများ နှင့်ပတ်သက်ပြီး ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) မှတာဝန်ရှိသူ ကိုစိုးမင်းအောင်နှင့် Migrant Times က ဆက်သွယ်မေးမြန်းထားသည်။

  • Migrant Times

Similar Posts

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်