ထိုင်းတွင် အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၉ဝ ကျော် အလုပ်ပြန်ရ

ထိုင်းနိုင်ငံ၊လယောင်မြို့ရှိ သံရုံသစ်ဖွင့်ရန် စက်ရုံဆောက်လုပ်နေသော မြန်မာအလုပ်သမား ၉ဝ ကျော်သည် ဧပြီလ ၈ ရက်နေ့တွင် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်ခံခဲ့ရသည်။

ယင်းအလုပ်သမားများသည် နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) ဖြင့်ထိုင်းနိုင်ငံသို့ရောက်လာသူများ၊ CI နှင့် PJ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ၉၂ ဦးဖြစ်သည်။

အလုပ်သမားများသည် အခက်အခဲများစွာကြုံတွေ့နေသည့်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံခဲ့ကြသည်။

“ အလုပ်သမားတွေနဲ့ အတူ စက်ရုံသူဌေးနဲ့ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ရာမှာ အလုပ်သမားတွေရဲ့ အခွင့်ရေးတွေပြန်လည်ရရှိခဲ့ပါတယ်” ဟု WAG အလုပ်သမားမဟာမိတ်အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းကပြောသည်။

WAG အဖွဲ့သားများသည် ဌင်းစက်ရုံသူဌေးနှင့် ဧပြီလ ၂၄ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများအလုပ် ပြန်လည်ရရှိခဲ့ကာ စက်ရုံတွင်းထိခိုက်ဒဏ်ရာ ရသူများအား နစ်နာကြေးရရှိ ရန် အမြန်ဆောင်ရွက်ပေးသွားမည်ဟု WAG ကထုတ်ပြန်သည်။

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) ဖြင့်ရောက်လာကြသည့် မြန်မာအလုပ်သမားများသည် စက်ရုံများတွင် လုပ်ခလစာမရခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရခြင်း၊ မှုလစာချုပ်ပါ အလုပ်များ မလုပ်ကိုင်ရခြင်း စသည့် အခက်အခဲများရှိနေကြောင်း အလုပ်သမားရေးကူညီသူ အချို့က Migrant Times ကိုပြောကြားသည်။

Photo -WAG

Similar Posts