September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ကမ္ဘောဒီးယားလုပ်သား ၂,ဝဝဝ ကျော် ထိုင်းနိုင်ငံမှ နေရပ်ပြန်

ဇူလိူင် ၂၅ ၊ Migrant Times ။

ကမ္ဘောဒီးယား အလုပ်သမား ၂ဝဝဝ ကျော်သည် ယနေ့ ဇူလိူင်လ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချန်သဘူရီပြည်နယ် ပုန်းနမ်ရွန်မြို့နယ်ရှိ ဘန်လဲမ် စစ်ဆေးရေးဂိတ်မှတစ်ဆင့် နေရပ်ပြန်နေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

စစ်ဆေးရေးဂိတ်ဖွင့်ချိန် နံနက် ၈ နာရီမှစကာ ကမ္ဘောဒီးယား နိုင်ငံသားများသည် ကမ္ဘောဒီးယားသို့ တရွေ့ရွေ့ ပြန်ဝင်သွားကြောင့် ချန်သဘူရီနှင့် ထရက် နယ်စပ်ကာကွယ်ရေး ကွပ်ကဲမှုအဖွဲ့ ဒုတိယတပ်မှူး ရေတပ်ဗိုလ်မှူးချုပ် ချာရမ်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံသား အများစုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ပြီး ကမ္ဘောဒီးယားရှိ ၎င်းတို့၏ သားသမီးများနှင့် ဆွေမျိုးများကို စိုးရိမ်သည့်အတွက် နေရပ်ပြန်ကြခြင်းဖြစ်သည်ဟု ထိုင်းသတင်းကရေးသားသည်။

ချန်သဘူရီပြည်နယ် မရိန်းတပ်ဖွဲ့သည် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လိုကြသော ထိုင်းနှင့် ကမ္ဘောဒီးယားပြည်သူများအား အဆင်ပြေချောမွေ့စေရန် ယမန်နေ့ ဇူလိူင်လ ၂၄ ရက်နေ့တွင် အထူးအမိန့်တစ်ရပ် ထုတ်ပြန်ကာ နယ်စပ် ဂိတ်ကို နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယမန်နေ့ ဇူလိူင်လ ၂၄ ရက်နေ့နံနက်ပိုင်းမှ စတင်ကာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အူဘွန်ရချသနီနှင့် ဆူရင်ခရိုင်များတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။

ယနေ့နံနက်အထိ တိုက်ပွဲများကြောင့် ထိုင်းဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး တာမွန်ထုံဘုရားကျောင်းအနီးတွင် ကမ္ဘောဒီးယားနိုင်ငံသား ၂၄ ဦး သေဆုံးခဲ့သည်။ နယ်စပ်ဒေသမှ ထိုင်းဒေသခံ ၁ဝဝ,ဝဝဝ ကျော်စစ်ဘေးတိန်းရှောင်နေရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

Photo – The Standard

Leave a Reply

Your email address will not be published. Required fields are marked *