September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ်
နိုဝင်ဘာ ၂၉ ရက်၊ Migrant Times
တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ ကုန်ထုတ်လုပ်သားသစ် ၈၈ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၁ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၂၉ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ စက်တင်ဘာလမှာ ၉၇၈ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့ပါတယ်။
( နိုဝင်ဘာလ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul)

Leave a Reply

Your email address will not be published. Required fields are marked *