ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ ရပ်တည်ဖို့ခက်ခဲလာ
အောက်တိုဘာ ၉ရက်၊ အရုဏ်ဦး အေဂျင်စီအရေအတွက် ဖောင်းပွလာပြီး၊စျေးကွက်ယှဥ်ပြိုင်မူများလာတာ၊ လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့မူဝါဒမတည်ငြိမ်မှုတွေကြောင့် ဆက်ပြီးရပ်တည်ဖို့ခက်ခဲလာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ပြောပါတယ်။ လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀နီးပါးရှိလာပေမယ့် လုပ်သားခေါ်ယူတဲ့စျေးကွက်က သိသာစွာတိုးမြှင့်လာတာမရှိလို့ စျေးကွက်လုယူမှု ပြဿနာတွေလည်းရှိနေတယ်လို့ သူတို့က ဆိုပါတယ်။ “မလေးရှားဆိုလည်းပိတ်ထားတယ်။ထိုင်းကိုပဲပြန်စုပုံနေကြရတာ။ တချို့ကနိူင်ငံအသစ်စျေးကွက်ရှာပေမယ့်၊သိပ်ပြီး လုပ်သားစျေးကွက်ကောင်းမနေဘူး”လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက