နိုဝင်ဘာ 8, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

KMN

သတင်း

ဘန်ကောက်တွင် ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားအားလုံး ဇူလိုင် ၁ ရက်မှစ၍ အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ရရှိမည်ဖြစ်ကြောင်း အမျိုးသားလုပ်ခကော်မတီက ဇွန်လ ၁၇ ရက်တွင် ပြောကြားသည်။ ထို့ပြင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄ဝဝ ကို နိုင်ငံတစ်ဝန်းရှိ ဟိုတယ်အများစုနှင့် ဖျော်ဖြေရေးနေရာများရှိ

Read More
သတင်း

ထိုင်းတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် မြန်မာလုပ်သား ၂၆ ဦးကိုဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၂၆ ဦးကိုဖမ်းမိခဲ့ကြောင်း ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့(Highway Police)က ယနေ့(ဇွန်လ ၁၇) ထုတ် ပြန်သည်။ ချွန်ဖွန်ခရိုင်၊ ကားလမ်းမကြီးဆိုင်ရာရဲတပ်ဖွဲ့သည် ကင်းလှည့်အဖွဲ့နှင့်ပူးပေါင်းပြီး မြို့ရှောင်ကွင်းသည့် ကျေးလက်ကားလမ်းပေါ်တွင် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကိုတွေ့ရှိခဲ့ပြီး စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။ ကားနောက်ဖုံးကိုဖွင့်လိုက်သည့်အခါ

Read More
သတင်း

ထိုင်း ချွန်ပူလီတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်ရ

ထိုင်းနိုင်ငံ ၊ချွန်ပူလီခရိုင်၊လယောင်မြို့ရှိ အလူမီနီယံ ခဲဘတ်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်လည်ရရှိခဲ့ကြောင်း အလုပ်သမားမဟာမိတ် WAG Myanmar အဖွဲ့မှသိရသည်။ ထိုစက်ရုံတွင် MOU /Name List /CI ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားစုစုပေါင်း ၃ဝဝ

Read More
သတင်း

ထိုင်းနိုင်ငံသားများ၏ အလုပ်များတွင် လုပ်ကိုင်သည့် နိုင်ငံခြားသားများအား နှိမ်နင်းမည်

ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံခြားသားအလုပ်သမားများအား နှိမ်နင်းခြင်းကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖူမီဖတ် မူအန်ချန်က ဇွန်လ ၁၅ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသည့် အလုပ်အကိုင်များအနက် အလုပ်အကိုင် အမျိုးအစား ၃ ခုတွင်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁,၁၀၀ ကျော်ကို

Read More
သတင်း

မဲဆောက်မြို့နယ်တွင် သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာ ၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ဇွန်လ ၁၃ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်မြို့နယ်တွင် ဇွန်လ ၁ဝ ရက်နေ့၌ သုံးဘီးဆိုင်ကယ်မောင်းသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့်

Read More
သတင်း

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားတစ်ဦး နစ်နာကြေးရ

ထိုင်းနိုင်ငံ၊ စမွန်စာခွန်မြို့နယ် ပလတ်စတစ်စက်ရုံတွင် အကြောင်းမဲ့အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားတစ်ဦး၏ နစ်နာကြေးငွေပြန်ရှိခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း – LRF မှသိရသည်။ ထိုအလုပ်သမား သည် ၂၀၂၃ ခုနှစ်တွင် အလုပ်ထုတ်ခံရပြီးနောက် LRF ရုံးသို့လာရောက် အကူအညီတောင်းခံခဲ့ကြောင်း၊ တိုင်ချက်ဖွင့်ရန် လမ်းညွှန်ပေးခဲ့မှုကြောင့် အလုပ်သမားကိုယ်တိုင် ထိုင်းအလုပ်သမားကားကွယ်စောင့်ရှောက်ရေးရုံးသို့ သွားရောက်တိုင်ချက်ဖွင့်ခဲ့ပြီး

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ ဥပဒေရေးရာ မလုံခြုံမှုများ ရင်ဆိုင်နေရ

ထိုင်းနိုင်ငံရှိ တရားဝင်နှင့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခလစာနှိမ်ချခံရခြင်းနှင့် ဥပဒေရေးရာမလုံခြုံမှုများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံး တာဝန်ရှိသူများကပြောသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရက်ဌာနီ၊ ကျော့စမွီဟိုတယ်တွင် ဇွန်လ ၁၁ ရက်နေ့၌ ထိုင်းလူ့အခွင့်ရေးကော်မရှင်ကဦးဆောင်ပြီး ရွှေ့ပြောင်းအလုပ်သမားများရင်ဆိုင်နေရသော အလုပ်သမားအခွင့်အရေးပြဿနာများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ms. Supatra

Read More
သတင်း

ထိုင်း နွန်ထဘူရီစျေးတစ်ခုတွင် မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ဘန်ယာယ်ဗဟိုဈေးကို ယနေ့(ဇွန်လ၁၃) နံနက်အစောပိုင်းတွင် စစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမား ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးကို တရားမဝင်လုပ်ကိုင်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ကနဦး စစ်ဆေးချက်များအရ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားများမှာ

Read More
သတင်း အလုပ်သမား သတင်း

Rum Yang စက်ရုံ လုပ်သားများ လုပ်ခလစာ တိုးမြှင့်ပေးဖို့ မိုးထဲရေထဲ တောင်းဆို

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ မဟာမြိုင်လမ်းရှိ Rum Yang(Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ယနေ့(ဇွန်လ ၁၁)ရက်နေ့တွင် စတုတ္ထမြောက်နေ့ အဖြစ် မိုးရွာသွန်းနေချိန်တွင် တောင်းဆိုနေကြကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM မှသိရသည်။ Rum Yang

Read More
သတင်း

အိန္ဒိယ ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘော မီးလောင်ပြီး မြန်မာအပါ သင်္ဘောသား ၄ ဦး ပျောက်ဆုံး

စင်ကာပူ ကုန်တင်သင်္ဘော MV WANHAI503 သည် အိန္ဒိယနိုင်ငံ Kerala ကမ်းရိုးတန်း၏ အနောက်မြောက်ဘက် ၁၃၀ ရေမိုင်အကွာတွင် ဇွန်လ ၉ ရက်နေ့က မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအပါအဝင် သင်္ဘောသား ၄ ဦး ပျောက်ဆုံးနေကြောင်း စင်္ကာပူရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်

Read More