CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ
CTUM အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဖို့ ပြောကြားမှုကို ကန့်ကွက်ရှုတ်ချ မတ် ၁၈ ရက်၊ Migrant Times မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)ရဲ့ အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်ဖို့လိုတယ်လို့ နစက ရဲ့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးဝင်းရှိန် ပြောကြားမှုကို CTUM က ကန့်ကွက်ရှုံချလိုက်ပါတယ်။CTUM ရဲ့ ဗဟိုကော်မတီဝင် တစ်ဉီးအပါအဝင် အဖွဲ့ဝင် ၁၁၈ ဉီးကိုဖမ်းဆီး ထောင်ချထားပြီး တိမ်းရှောင်နေရတဲ့ အလုပ်အမှုဆောင်တွေကို နိုင်ငံအကျိုးကိုဖျက်ဆီးနေသူတွေဖြစ်တယ်လို့ ဒုဝန်ကြီးက ဖေဖော်ဝါရီလ၂၄ ရက်က စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။ “ NUG နဲ့ဆက်သွယ်ဆောင်ရွက်နေခြင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ အလုပ်သမားတွေကို အကြမ်းဖက်စစ်အုပ်စုအောက်ကို သွတ်သွင်းနေတာဖြစ်တယ်။ CTUM ဟာ အခုမှမဟုတ်ဘူး၊ ၈၈ ကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်လာတာဖြစ်တယ်” လို့ ပြည်တွင်းမှာ နေထိုင်ပြီး
