တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၁၀ ကျော် စေလွှတ်
တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၁၀ ကျော် စေလွှတ် မတ် ၁၄ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၁၅ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၂၉) ဦး၊ CBT ကုန်ထုတ်လုပ်သား (၃) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၅၅) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၈) ဦးစေလွှတ်ခဲ့တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ (မတ်လ ၁၄ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul)
