ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား၂ ဦးသေဆုံးပြီး ၅ ဦးပျောက်နေ
ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား၂ ဦးသေဆုံးပြီး ၅ ဦးပျောက်နေ ဇန်နဝါရီ ၂၇ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် မနက်ပိုင်းက ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၂ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။အဲဒီသင်္ဘောနစ်မြုပ်မှုမှာ မြန်မာ ၃ ဦးနဲ့ တရုတ်နိုင်ငံသား ၁၀ ဦးကို ကနဦးရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီတွေ့ရှိသူတွေထဲက မြန်မာ ၂ ဦးနဲ့တရုတ်နိုင်ငံသား ၆ဦးကတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ဆက်လက်ပျောက်ဆုံးနေတာ ၉ ဦးရှိပြီး မြန်မာသင်္ဘောသား ၅ ဦးပါဝင်တယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ပျောက်ဆုံးသူတွေကို ဂျပန်နဲ့ တောင်ကိုရီးယား ယကမ်းခြေစောင့်တပ်တွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး သင်္ဘောနစ်မြုပ်ပြီး ၃ရက်မြောက်အထိတော့ တွေ့ရှိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ပျောက်ဆုံးသူတွေဟာ
