နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

နိုင်ငံရေး

နိုင်ငံရေး အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ဒီဇင်ဘာ၁၉ရက်၊ Migrant Times ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်သမားအခွင့်အရေး၊ လက်ရှိနိုင်ငံရေးနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အဲဒီဆန္ဒပြတောင်းဆိုမှုကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်တာဖြစ်ပြီး မနေ့က သံရုံးပိတ်ရက်ဖြစ်တာကြောင့် ဒီကနေ့ ရုံးဖွင့်ရက်မှာ ပြုလုပ်တာဖြစ်ပါတယ်။ ဓာတ်ပုံ – Migrant Times

Read More
နိုင်ငံရေး

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ

အလုပ်သမားအဖွဲ့ဝင် သုံးဦး အလုပ်​ကြမ်းနဲ့ထောင်ဒဏ် (၃)နှစ်စီချခံရ ဒီဇင်ဘာ ၁၆ရက်၊ Migrant Times အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် သုံးဦးကို သက်ဆိုင်ရာတရားရုံးက ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ်စီ ချလိုက်တယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ Communication Department က တာဝန်ခံ မခိုင်သဉ္ဇာအေး (ခ)မဘုတ်ဘုတ်၊ CTUM အဖွဲ့ဝင် မအိဖြူမြင့်နဲ့ ကားသမားရဲဘော် ကိုဉာဏ်စိန်တို့ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ရက်က တောင်ဥက္ကလာပမြို့နယ် (၃၁)ဂိတ်အနီး ဆန္ဒပြမှုမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီနေ့မှာ ပြစ်ဒဏ်ချလိုက်တာလို့ သိရပါတယ်။ “ ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို မတရားပြစ်ဒဏ်ချမှတ်တဲ့အပေါ် ရှုံ့ချပါတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ မကြာခင်က MICS-TUsF အလုပ်သမားအဖွဲ့ချုပ်က

Read More
နိုင်ငံရေး

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင်

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင် အောက်တိုဘာ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်လျှောက်ထားရင် ကိုယ့်ရဲ့ကလေးတွေအတွက်ပါ မှီခိုနေထိုင် ခွင့် ပန်းရောင်ကတ် ပြုလုပ်နိုင်တယ်လို့ ဖန်ငါ အလုပ်သမား နှင့်အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန (DOE)က ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ FED နဲ့ DISAC အဖွဲ့က ဒီကနေ့ ဦးဆောင်ကျင်းပတဲ့ဆွေးနွေးပွဲမှာ DOE က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ “ ဒီအလုပ်သမားက မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းကို လုပ်တဲ့အခါမှာ ကိုယ့်မှာ မှီခိုသားသမီး အသက် ဘယ်နနှစ်အရွယ်၊ ဘယ်နတန်းစတဲ့အချက်တွေကို တွဲတင်ထားရမယ်။ အဲဒါတွေနဲ့ ကလေးရဲ့ အချက်အလက်တွေနဲ့အတူ အလုပ်အကိုင်ရှာဖွေရေးရုံးမှာ လာတင်ပြီးတော့ ကလေးအတွက် အထောက်အထားလုပ်ဖို့ဆိုပြီး လာတောင်းဆိုရမယ်။ ကလေးအတွက်လုပ်မယ့်

Read More
နိုင်ငံရေး

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ် အောက်တိုဘာ ၁၃ ရက်၊ Migrant Times အခုလအတွင်း လေးကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မယ့် မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကနေ့ စေလွှတ်ခဲ့တဲ့ မြန်မာလုပ်သားတွေထဲမှာ ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် ၆၈ ဦး၊ ကုန်ထုတ်လုပ်သား Re-entry ၇၆ ဦး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်သား Re-entry ၄ ဦး ပါဝင်ပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေ ပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃

Read More