September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

News

သတင်း

ချွန်ဘူရီတွင် ကမ္ဘောဒီးယားလုပ်သားများပြန်သွားပြီးနောက် အလုပ်သမားများရှာဖွေနေ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီပြည်နယ်တွင် ကမ္ဘောဒီးယားအလုပ်သမား ၆,ဝဝဝ ကျော်သည် မှုရင်းနိုင်ငံသို့ ပြန်သွားကြသည့်အတွက် လုပ်ငန်းရှင်များက အခြားနိုင်ငံမှ အလုပ်သမားများကို အစားထိုးရန် ရှာဖွေနေကြသည်။ ယနေ့( သြဂုတ်လ ၇ ရက်) တွင် ချွန်ဘူရီပြည်နယ် အလုပ်သမားရေးရာ ညွှန်ကြားရေးမှူး ချာလွမ်ဖွန် နီက အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသ စစ်ရေးပဋိပက္ခများကြောင့် နေ့စဉ်လူနေမှုဘဝနှင့် အလုပ်အကိုင်များတွင် ထိခိုက်မှုများ ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့ကြောင်း ရေဒီယိုချွန်သတင်းကဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှစ၍ လက်ရှိအချိန်အထိ ချွန်ဘူရီတွင် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်း ၄,၇၂၂ ခုရှိပြီး ကမ္ဘောဒီးယားအလုပ်သမား ၇၆,၈၃၉ ဦးရှိသည်။ ချွန်ဘူရီပြည်နယ်ရှိ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများသည် လုပ်ငန်း ၁၅၆

Read More
သတင်း အလုပ်သမား သတင်း

မြန်မာလုပ်သားများအတွက် ပါမစ်သက်တမ်းတိုးရန် ဝက်ဘ်ဆိုက်စဖွင့်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်သက်တမ်းတိုးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲမှစတင်ကာ ဝက်ဘ်ဆိုက်ကို စတင်ဖွင့်လှစ်ခဲ့သည်။ အလုပ်ပါမစ်သက်တမ်းတိုးရန် အတွက် https://mworkpermit.doe.go.th/ လင့်ကိုနိပ်ကာ ဆောင်ရွက်ရမည်ဖြစ်သည်။ ၎င်းဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစကာ အထောက်ထားစာရွက်စာတမ်းသက်တမ်းကုန်နေသည့် လူဟောင်းများအတွက် အလုပ်ပါမစ်သက်တမ်းတိုးနိုင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ယခုလုပ်ငန်းစဉ်ကို ယနေ့ ဩဂုတ်လ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သက်မှတ်ကာလအတွင်း သက်တမ်းတိုးလုပ်ငန်း စဉ်များ မဆောင်ရွက်ပါက အထောက်ထားများတရားမဝင်ဖြစ်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ သက်တမ်းတိုးလုပ်ငန်းစဉ်များသည် ရူတ်ထွေးသည့်အတွက် အကျိုးဆောင်(ပွဲစား)များဖြင့် လုပ်ကိုင်ရမည်ဖြစ်ပြီး အစိုးရသတ်မှတ်ထားသည့်ကုန်ချငွေထက် ပေးဆောင်ရမည်ဖြစ်ကြောင်း အလုပ်ပါမစ်သက်တမ်းကုန်နေသည့် မြန်မာတစ်ဦးက

Read More
သတင်း

ဘန်ကောက် ရာမအမြန်လမ်းတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သား လျော်ကြေး ဘတ် ၇ သိန်းကျော်ရ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ရာမအမြန်လမ်းလုပ်ငန်းခွင်တွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား မောင်နိုင်လင်းအောင်၏ လူမှုဖူလုံရေးအာမခံကြေး ဘတ်(၇၅၂,၅၉ဝ) ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ မောင်နိုင်လင်းအောင်သည် ဘန်ကောက်မြို့၊ Italian Thai Development Co.,Ltd ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ မြန်မာအေဂျင်စီ Trade Wind Co., Ltd မှတစ်ဆင့် MoU စနစ်ဖြင့်လာရောက်ခဲ့သည်။ ၎င်းသည် ယခုနှစ် မေလ ၁၅ ရက်နေ့တွင် ဖလမ်းဆောင် (RAMA-2) အမြန်လမ်းရှိ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်သောလုပ်ငန်းခွင်တွင် ကရိန်းသံဘောင်ပြိုကျမှုဖြစ်စဉ်၌ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။ မောင်နိုင်လင်းအောင်၏ ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များအား ဩဂုတ်လ ၅ ရက်နေ့တွင်ရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ဘန်ကောက်မြို့ ရာမ

Read More
သတင်း

ချင်းမိုင်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ Chang Phueak ရပ်ကွက်ရှိတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦးကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့တွင် Hassadhisewee လမ်းတစ်ဝိုက်ရှိနေရာများကို စစ်ဆေးခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ ၅ ဦးသည် ပြီးခဲ့သည့် ၅ ရက်ခန့်က နယ်စပ်လမ်းကြောင်းမှတစ်ဆင့် လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံခဲ့သည်ဟုလူဝန်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ မြန်မာ ၅ ဦးအား ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးရှိ ပိတ်ပင်-ပြန်ပို့ဌာနသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဇူလိူင်လတွင်းကလည်း မြန်မာစားသောက်ဆိုင်ဝန်းတွင်းရှိ မြန်မာဆိုင်ရှင် ၃ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၃

Read More
သတင်း

ဘန်ကောက်မြို့အနီး ဂိုဒေါင်တွင် ဒရုန်းများ ဒရုန်းဖျက်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများဖမ်းမိ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး စမွတ်ပရာကန်ရှိ စင်ကာပူကုမ္ပဏီတစ်ခုပိုင် ဂိုဒေါင်အတွင်းတွင် ဒရုန်းများ ဒရုန်းဖျက်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား ရဲတပ်ဖွဲ့က ဩဂုတ်လ ၅ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြသည်။ အဆိုပါဒေသတွင် လေယာဉ်ပျံသဏ္ဌာန်ယာဉ်များ၏ အချက်ပြမှုများ တွေ့ရှိခဲ့ကြောင်း အမျိုးသားအသံလွှင့်နှင့်ဆက်သွယ်ရေးကော်မရှင် (NBTC) ၏ အစီရင်ခံစာကို အကြောင်းပြု၍ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ စမွတ်ပရာကန်ရှိ စင်ကာပူကုမ္ပဏီတစ်ခုပိုင် ဂိုဒေါင်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဒရုန်းပစ္စည်း ၂ဝဝ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ရေးသားသည်။ စမွတ်ပရာကန်၊ ဖရိုက်ဆာတန်ဘွန်ရှိ ဂိုဒေါင်သည် စင်ကာပူနိုင်ငံမှ TRD Systems Pte Ltd. ကုမ္ပဏီပိုင်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ခရစ်ဆာနန်ဟုသာ အမည်ဖော်ပြထားသည့်

Read More
သတင်း

ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီး အဓမ္မပြုကျင့်ခံရ

◼ အဓမ္မပြုကျင့်သည့် မြန်မာကို ရနောင်းရဲတပ်ဖွဲ့ဖမ်းဆီးထား ဩဂုတ် ၃ ၊ Migrant Times ။ထိုင်းနိုင်ငံ၊ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ဓားဒဏ်ရာ များစွာ‌ဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိနေကြောင်း ကူညီပေးသူတစ်ဦးထံမှသိရသည်။အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသည် ရနောင်းမြို့ပေါက်ခေါင်းစီအိုင်ရုံးအနီး၌ အဓမ္မပြုကျင့်ခံရပြီး ဓားဒါဏ်ရာပေါင်းများစွာ‌ဖြင့် ရနောင်းဆေးရုံကြီးကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးသည် သူမ၏မိခင်ဖြင့် ဧရာဝတီတိုင်း၊မြောင်းမြမြို့မှ ပြီးခဲ့သည့် ၃ နှစ်ခန့်မှစကာ ရနောင်းမြို့သို့ရောက်ရှိနေထိုင်သူဖြစ်ကြောင်း သိရသည်။ အဓမ္မပြုကျင့်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များနှင့်တိုင်ပင်ကာ အမှုဖွင့်လှစ်ရန်ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး၏ မိခင်က Migrant Times ကိုယနေ့(ဩဂုတ် ၃)ပြောကြားသည်။ “ဖြစ်ချင်တာတော့ အမေကြီးသမီးလေး ဒီရောဂါတွေ အမြန်ကောင်းဖို့ပဲ၊ အဲဒီဥစ္စာတွေ သမီးလေးခံစားနေရတာတွေ ခံရအောင် အမေကြီးဖြစ်ချင်တယ်”ဟု မြန်မာအမျိုးသမီး၏

Read More
သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၃၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီခရိုင်တွင် မြန်မာနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးအား ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကန်ချနဘူရီသတင်းဌာနတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိူင်လ ၂၉ ရက်နေ့တွင် ကန်ချနဘူရီ၊ထောင်းဖဖုမ်းမြို့နယ်၊ ဘန့်အူလောင်းရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်၏ ဘေးတွင် ရပ်နားထားသည့် ကားတစ်စီးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များက စစ်ဆေးခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းအရသိရသည်။ ထိုကားပေါ်တွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို တွေ့ရှိခဲ့ပြီး ဆမွတ်စာခွန်ခရိုင်နှင့် မလေးရှားနယ်စပ်သို့ ဆက်လက်ပို့ဆောင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောကြားသည်။ မြန်မာနိုင်ငံသား ၃၃ ဦးကို ဥပဒေအရ အရေးယူရန် ထောင်းဖဖုမ်းသို့ပို့ဆောင်ခဲ့ကြောင်း သတင်းကဖော်ပြသည်။ ဇူလိုင်လ ၂၉ ရက်နေ့ တစ်ရက်ထဲတွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်အတွင်းရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ကား‌ပေါ်၌ ကြပ်ညပ်စွာလိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား

Read More
သတင်း

ချင်းမိုင်မြို့တွင် မြန်မာများပါဝင်သည့် တရုတ်ငွေလိမ်ဂိုဏ်းကိုဖမ်းမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဘတ်သန်း ၄ဝ တန် အိမ်ကြီးတစ်အိမ်တွင် နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် ဂိုဏ်းကို ယနေ့ ဇူလိူင်လ ၃ဝ ရက်နေ့တွင်ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ မယ်ရင်းမြို့နယ်ခွဲ ဟွေ့ဆိုင်းရှိ အိမ်ကြီးတစ်အိမ်တွင် တရုတ်နိုင်ငံသား ၁၂ ဦးနှင့် မြန်မာနိုင်ငံသား ၆ ဦးပါသည့် ငွေလိမ်ဂိုဏ်းကို တရားရုံး၏ ရှာဖွေ ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းအရသိရသည်။ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် တရားခံအားလုံး ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြပြီး အချို့မှာ ၈ မီတာ (၂၆ ပေ) ကျော်မြင့်သည့် အိမ်၏ ဒုတိယထပ်မှ ခုန်ချခဲ့ရာ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေထောက်ကျိုးသွားခဲ့ကြောင်းသိရသည်။ ရှာဖွေမှုများအရ ကွန်ပျူတာ ၂ဝ ကျော်၊

Read More
သတင်း

ဘန်ကောက်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး ၆ ဦး သေဆုံး

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချပ်မြို့နယ်ရှိ အော်တိုကော်ဈေး Or Tor Kor တွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၌ ပစ်ခတ်မှုဖြစ်ပွားပြီး၆ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ အသက် ၆၁ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသား သေနတ်သမားသည် အနက်ရောင်ရှပ်အင်္ကျီ၊ ပြောက်ကျား ဘောင်းဘီတိုဝတ်ဆင်ကာ ကျောပိုးအိတ်တစ်လုံးနှင့် ဈေးအတွင်းဝင်ရောက်ခဲ့ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ဦး၊ဈေးသည်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သေနတ်သမားသည် မိမိကိုယ်ကိုပစ်ခတ်ကာ အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သေနတ်သမားသည် နခွန်ရတ်ချ်စီမာပြည်နယ်၊ ခေါင်ခရိုင်မှ ဖြစ်ပြီး လုံခြုံရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကာ ပစ်သတ်ခံရသည့် လုံခြုံရေးဝန်ထမ်းသုံးဦးနှင့် အတူ ကုမ္ပဏီတစ်ခုတည်းတွင်

Read More
သတင်း

ဖူးခက်တွင် မြန်မာလုပ်သား ၄ဝ ကျော်ကို ၃ လစာမပေးပဲ အလုပ်ထုတ်

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ငန်းရှင်က မြန်မာအလုပ်သမား ၄၁ ဦးအား လုပ်ခ ၃ လစာမပေးသည့်အပြင် အလုပ်မှထုတ်ခဲ့ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ မြန်မာအလုပ်သမားများသည် လတ်တလောတွင် စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရပြီး ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဟု WAG အဖွဲ့တာဝန်ခံကိုမုန်တိုင်းကပြောကြားသည်။ “သူတို့ရဲ့ လုပ်ခလစာရဖို့ နယ်မြေခံ စဝါဒီကန်ရုံး(အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန) ကိုတိုင်ကြားရမှာပေါ့။ စဝါဒီကန်နဲ့ချိတ်ပြီးအလုပ်လုပ်ရမယ်၊ ရုံးပိတ်ထားတော့လုပ်မရသေးဘူး”ဟု ၎င်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမားများ၏ အကူအညီတောင်းခံချက်အရ ဖူးခက်မြို့တွင် အလုပ်သမားများနှင့်ယနေ့တွေ့ဆုံမည်ဟု သူကဆက်ပြောသည်။ ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံသူဌေးက ပွဲစားများနှင့်ပူးပေါင်းကာ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်း ၊ လုပ်ခလစာ မရခြင်း

Read More