September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

News

သတင်း

ထိုင်းတောင်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် ၊ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေဗျုရို(CIB)က ယနေ့(ဩဂုတ် ၁၈) နံနက်တွင်ထုတ်ပြန်သည်။ CIB အောက်ရှိ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့အဆိုအရ နိုင်ငံခြားသားများကို တင်ဆောင်လာသည်ဟု ယူဆရသော မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးသည် ဟတ်ယိုင်မြို့နယ်၊ ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ အပန်းဖြေစခန်းအနီးတွင် တရားမဝင် နိုင်ငံခြားသားများအား ကားပြောင်းရန်နှင့် မလေးရှားနိုင်ငံသို့ ဆက်လက်မပို့ဆောင်မီ တောင်ပိုင်းနယ်စပ် ၃ ခရိုင်သို့ ပို့ဆောင်ရန်အတွက် ခဏတာစောင့်ဆိုင်းရန် လူကုန်ကူးဂိုဏ်းများက မကြာခဏ အသုံးပြုလေ့ရှိသည်ဟူသော ဒေသတွင်းသတင်းများနှင့် ကိုက်ညီနေခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့သည်

Read More
သတင်း

ထိုင်းတွင် သတ္တုကျိုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်ရှိ စတီးသတ္တုကျိုစက်ရုံ (T.S.B STEEL)တွင် ဩဂုတ်လ ၁၂ ရက်နေ့၌ စတီးသတ္တုကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် စက်ရုံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမား (၁)ဦး မီးလောင်သေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ မြန်မာအလုပ်သမား ၂ ဦးနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သေဆုံး ထိခိုက်ခဲ့သည့် မြန်မာ ၂ ဦးအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့်နှင့်အကျိုးခံစားခွင့်များရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မကြာခဏဆိုသလို လုပ်ငန်းခွင်တွင် ထိခိုက်ခြင်း ၊ သေဆုံးခြင်းများဖြစ်ပေါ်လေ့ရှိသည်။

Read More
သတင်း

မြန်မာဘက်မှပိတ်ပင်မှုများကြောင့် ထိုင်းနယ်စပ်တွင် ကုန်တင်ကား ၅ဝဝ ခန့် ပိတ်မိနေ

မြန်မာနိုင်ငံ စစ်ကော်မရှင်(စစ်ကောင်စီ)ဘက်မှ တင်သွင်းခွင့်များပိတ်ပင်လာပြီးနောက်မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး မတည်မငြိမ်ဖြစ်ကာ မဲဆောက်-မြဝတီ နယ်စပ်တွင် ကုန်တင်ကား အစီး ၅ဝဝ ခန့် ပိတ်မိနေကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံ စစ်ကော်မရှင်ဗဟိုအဖွဲ့ စေလွှတ်မှုဖြင့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းနိုင်ငံအနှံကလာသည့် ကုန်တင်ယာဉ်နှင့် တွဲကားများသည် နယ်စပ်ဂိတ်ရှေ့၌ စောင့်ဆိုင်းနေကြရကြောင်း ဖော်ပြသည်။ ယမန်နေ့ (သြဂုတ်လ ၁၃ ရက်) တွင် မဲဆောက်မြို့မှ သတင်းထောက်တစ်ဦးက ဘန်ကောက်နှင့် အခြားပြည်နယ်များမှ ကုန်ပစ္စည်းအမျိုးမျိုး သယ်ဆောင်လာသော ကုန်တင်ကား စုစုပေါင်း အစီး ၅ဝဝခန့်သည် မဲဆောက်-မြဝတီ အမှတ် ၂ နယ်စပ်ဂိတ် ရပ်နားစခန်းများနှင့် နယ်စပ်ဂိတ်တစ်လျှောက်တွင် တန်းစီရပ်ထားရကြောင်း၊ ၎င်းကုန်တင်ကားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်နိုင်ခြင်းမရှိသလို မူရင်းနေရာသို့ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူနိုင်ခြင်းလည်း

Read More
သတင်း

မြန်မာပညာတတ်လူငယ်များ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်လိုကြောင်း စစ်တမ်းတခုဖော်ပြ

မြန်မာလူငယ်များ၏ ၄ဝ ရာခိုင်နှုန်းသည် အခွင့်အရေးရပါက နိုင်ငံမှထွက်ခွာ ပြောင်းရွှေ့နေထိုင်လိုကြကြောင်း ယနေ့ (ဩဂုတ်လ ၁၂ ရက်) နိုင်ငံတကာလူငယ်များနေ့တွင် UNDP ကထုတ်ပြန်သည့် Youth Migration and Perceptions in Myanmar အစီရင်ခံစာတွင်ဖော်ပြသည်။ မြန်မာလူငယ်စစ်တမ်းအတွက် ၂ဝ၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ လူငယ် ၇,ဝဝဝ ကျော်ထံမှ အချက်အလက်များကို ရယူထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ထုတ်ပြန်သည်။ အသက် ၁၈ မှ ၃၅ နှစ်ရှိသည့် လူငယ် ၁ဝ ဦးတွင် ၄ ဦးသည် စီးပွားရေးပြိုလဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းခြင်းတို့ကြောင့် အခွင့်အရေးရပါက နိုင်ငံမှ ထွက်ခွာရန် စဉ်းစားမည် ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များနှင့်

Read More
သတင်း

ထိုင်းတွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ ၁၁ ဦးပါအဖွဲ့ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ကန်ဖိုင်ဖက်ပြည်နယ်၊ ခလွန်ကလွန်း ၊ အဝေးပြေးလမ်းမကြီးအမှတ် ၁ ပေါ်တွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးပါဝင်သည့် လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB) အဝေးပြေးရဲတပ်ဖွဲ့ခွဲမှယနေ့ (ဩဂုတ်-၁၁)ထုတ်ပြန်သည်။ ၎င်းဘတ်စ်ကားသည် သတ်မှတ်ထားသည့် မှတ်တိုင်မဟုတ်သည့် နှစ်နေရာတွင် ခရီးသည်များအားတင်နေသည်ကို မသင်္ကာဖြစ်ခဲ့သည့်အတွက် စစ်ဆေးရန်ရပ်တန့်စေခဲ့ပြီး ကားတွင် အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသားယာဉ်မောင်း နှင့်ကားအောက်ခန်း၊ခရီးသည်ထိုင်ခုံများအောက်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၁၆ ဦးကို တွေ့ရှိခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့ကပြောသည်။ မြန်မာနိုင်ငံသား ၁၁ ဦးသည် မှတ်ပုံတင်စာရွက်စာတမ်းနှင့် နိုင်ငံကူးလက်မှတ်များမရှိကြပဲ တရုတ်နိုင်ငံသား ၅ ဦးမှာ နိုင်ငံကူးလက်မှတ်နေထိုင်ခွင့် သက်တမ်း

Read More
သတင်း

မြန်မာကိုထိုးခဲ့သည့် ထိုင်းတစ်ဦးထံမှ လျော်ကြေး ဘတ် ၅ သောင်းရယူပြီး အမှုပိတ်သိမ်း

လူမှုကွန်ယက်ပေါ်၌ပြန်နှံ့ခဲ့သည့် မြန်မာနိုင်ငံသားအမျိုးသားအား ထိုင်းနိုင်ငံသားအမျိုးသားကထိုးကြိတ်နှိပ်စက်ခဲ့သောအမှုသည် ယမန်နေ့ ဩဂုတ်လ ၁ဝ ရက်တွင်ပြီးဆုံးခဲ့ကြောင်း M.H.A.C (မဟာမိတ်အဖွဲ့) မှသိရသည်။ M.H.A.C ထုတ်ပြန်ချက်များအရ ကိုသားညီအမည်ရ အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသားသည် ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီရှိ ပထုံဆေးရုံအနီးတွင် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ည ၉ နာရီခန့်၌ ဆိုင်ကယ်ဘီးပေါက်ခဲ့ပြီး အနီးနားရှိဆိုင်တွင်ပြင်ခဲ့သည်။ ဆိုင်ကယ်ဘီးပြင်ဆင်ခ ထိုင်းဘတ်ငွေ ၁၄ဝ ကုန်ကျခဲ့ပြီး ကိုသားညီက ပါလာသော ဘတ် ၅ဝဝ တန်နှင့် ဘတ် ၁ဝဝဝ တန်ကို ပေးချေခဲ့သည်။ ဆိုင်ကယ်ပြင်ဆိုင်က အကြွေလဲပေးရန်တောင်းဆိုသောကြောင့် ညီမဖြစ်သူထံအကြွေယူရန် ထွက်လာခဲ့သည်။ ကိုသားညီမှ အကြွေယူရန်ထွက်သွားပြီးနောက်တွင် ဆိုင်ကယ်ဆိုင်မှ ကားတစ်စီး ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာကာ လိမ်ပြေးသည်ဟုပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က ထိုးကြိတ်ခဲ့သည်။

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းငါးလုပ်ငန်းတွင် ကမ္ဘောဒီးယားလုပ်သားများအစား မြန်မာလုပ်သားများ အစားထိုးရန် ရှာဖွေ

ထိုင်းနိုင်ငံ၏ ငါးလုပ်ငန်းများတွင် နယ်စပ်တင်းမာမှုများကြောင့် နေရပ်ပြန်သွားကြသော ထောင်နှင့်ချီသော ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးရန်အတွက် ကျွမ်းကျင်သော မြန်မာလုပ်သားများကို ခေါ်ယူရန် ရှာဖွေနေကြောင်း ထိုင်းနေးရှင်းသတင်းကဖော်ပြသည်။ ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol ကငါးလုပ်ငန်းများတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁၄,၀၀၀ မှ ၁၅,၀၀၀ ခန့် တရားဝင် အလုပ်လုပ်ကိုင်နေကြကြောင်း ၊ထိုင်းနှင့် ကမ္ဘောဒီးယားအကြားပဋိပက္ခများအပြီးတွင် အလုပ်သမား ၄,၀၀၀ မှ ၅,၀၀၀ ခန့် နေရပ်သို့ ပြန်သွားကြကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။ ငါးလုပ်ငန်းတွင် လုပ်ကိုင်သည့် ကမ္ဘောဒီးယားနိုင်ငံသားများကို နားလည်မှုစာချွန်လွှာ (MOU) အလုပ်သမားနှင့် ၂၀၁၅ ခုနှစ်၊ ငါးလုပ်ငန်းဥပဒေပုဒ်မ ၈၃ အရ ခန့်ထားသောအလုပ်သမားများဖြင့် အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားထားပြီး ပုဒ်မ ၈၃ အလုပ်သမားများ အများဆုံးပြန်သွားခြင်းဖြစ်ကြောင်း Mongkol ကဆိုသည်။ နေရပ်ပြန်သွားသော အလုပ်သမားများသည်

Read More
သတင်း

တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၂ ဦးထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ပရာမြို့မြို့နယ်၊ Huai Nam Nak ရွာအနီးတစ်ဝိုက်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ကြောင်း naresuan task force ကယနေ့ နံနက်တွင်ထုတ်ပြန်သည်။ ၎င်းရွာအနီးကင်းလှည့်နေစဉ် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့်ကားကိုစစ်ဆေးခဲ့ပြီး ကားအတွင်းတွင် မြန်မာ ၁၂ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး) ကို တွေ့ရှိခဲ့သည်။ တပ်ဖွဲ့များက စစ်ဆေးရာတွင် ယာဉ်မောင်းက တစ်ဦးလျှင်ပို့ဆောင်လ ဘတ် ၅၀၀ ရရှိသည်ပြောကြားခဲ့ပြီး မြန်မာများသည် ရန်ကုန်မြို့မှ ထွက်ခွာလာကြခြင်းဖြစ်ကာ ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးခဲ့ရသည်ဟု ဝန်ခံခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ၎င်းတို့သည် ဘန်ကောက်ရှိ

Read More
သတင်း အလုပ်သမား သတင်း

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင်များကို ချုပ်ရက်ရမန်ယူ

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၉ ဦးကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ တရားရုံး ၃ ရုံး၌ သီးခြားစီ ချုပ်ရက်ရမန်ယူခဲ့ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုယနေ့ ပေးပို့သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။ STUM ၏ သတင်းထုတ်ပြန်ချက်တွင် ဩဂုတ်လ ၇ ရက်နေ့၌ ၎င်းတို့အား ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြားစီ အမှုစွဲဆိုပြီး ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်တရားရုံး (၃)ရုံးမှ ချုပ်မိန့်ရမာန်ပေးခဲ့သည်။ ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်တရားရုံးတွင် လာမည့် ဩဂုတ်လ ၂ဝ ရက်နေ့၌ STUM ဦးဆောင်သူ

Read More
သတင်း

မဲဆောက်တွင် ငွေကြေးလိမ်လည်သည့် မြန်မာ ၃ ဦးကိုဖမ်းဆီး ဘတ် ၄၆ သန်းကျော် သိမ်း

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်းလွတ်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်ရှယ်ယာရောင်းဝယ်ရေး စည်းရုံးကာ ငွေကြေးလိမ်လည်သူများနှင့် အလုပ်လုပ်ကိုင်သည့် မြန်မာ ၃ ဦးကိုဖမ်းဆီးပြီး ဘတ် ၄၆ သန်းကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ရှိ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးဌာန(TCSD)ကထုတ်ပြန်သည်။ မြန်မာနိုင်ငံသားများဖြစ်သည့် အသက် ၅၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ၊ အသက် ၅၇ နှစ်အရွယ်အမျိုးသမီး နှင့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားတို့ကို ဖမ်းဆီးခဲ့ကြောင်း CIB ကထုတ်ပြန်သည်။ CIB ထုတ်ပြန်ချက်အရ ငွေကြေးလိမ်လည်သူများသည် Facebook စာမျက်နှာကို အသုံးပြုကာ ရှယ်ယာရောင်းဝယ်ရေး ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ်ခေါ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် အဖွဲ့ဝင်အတုများစွာပါဝင်သည့် Line ဂရုထဲသို့ ဝင်ရောက်ရန် လှည့်ဖြားခဲ့ပြီး အမြတ်အစွန်းရရှိကြောင်းနှင့် ငွေသားများ

Read More