September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အသိပညာပေး

အိမ်တွင်းအလုပ်သမား စည်းမျဉ်း ၂၀၂၅ မေလ ထုတ်ပြန်ချက်

အိမ်အကူအလုပ်သမားတာဝန်

အသစ်ပြဌာန်းလိုက်သည့် ဥပဒေ ပုဒ်မ ၁၆ အရ အိမ်အကူအလုပ်သမားများ၏ တာဝန်နှင့် ဝတ္တရားများအား ပြဌာန်းလိုက်သည်၊ ဥပဒေအရ အိမ်အကူအလုပ်သမားအနေဖြင့် လက်ရှိအလုပ်ရှင်နှင့် အလုပ်ကိုင်နေစဉ်အတွင်း နောက်ထပ်အလုပ်တခုကိုလုပ်ကိုင်ခြင်း သို့မဟုတ် လက်ရှိအလုပ်ရှင်၏ပိုင်ဆိုင်မှုပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုရ။

ဥပဒေ အပိုဒ်သစ်သည် ယခင်ဥပဒေဟောင်းနှင့် ဆင်တူသော်လည်း အရေးပါသည့်ပြုပြင်ချက် နှစ်ချက်ရှိပါသည်။

၁။ အသစ်ပြုပြင်ထားသော ဥပဒေတွင် ယခင်ဥပဒေအရ “အိမ်အကူအလုပ်သမားများအနေဖြင့်သဘောတူညီထားသည့် အလုပ်ကို လုပ်ရန် ငြင်းဆန်ခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်မရှိပဲ အလုပ်နေရာမှ ထွက်ခွာခြင်း မပြုရ” ဆိုသော စာပိုဒ်ကို ရုပ်သိမ်းလိုက်သည်။

၂။ အသစ်ပြုပြင်ထားသော ဥပဒေအရ ယခင်ဥပဒေထဲတွင် ထပ်မံဖြည့်စွက်သတ်မှတ် လိုက်သည့် အချက်၌ အလုပ်ရှင်၏ ညွှန်ကြားချက်ကို လိုက်နာရမည်မှန်သော်လည်း ” စာချုပ်ပါ အချက်များနဲ့ဆန့်ကျင်ပြီး အများပြည်သူနဲ့ဆိုင်သည့်လိုက်နာရမည့်ကျင့်ဝတ်နှင့်ဝတ္တရားများ၊ ပါတ်ဝန်းကျင်တည်ငြိမ်အေးချမ်းရေးကိုဆန့်ကျင်စေသည့် အခြေအနေ၊ မိမိအပေါ်လည်း အန္တရာယ်ကျရောက်စေမည့်အခြေအနေမျိုးတွင် ခိုင်းစေချက်ကို မလိုက်နာလျှင်လည်းရသည်ဟု ဉပဒေသစ်တွင်ပြင်ဆင်အတည်ပြုထားသည်။

အိမ်အကူ အလုပ်သမားတွေရဲ့ အခွင့်‌အရေးကို အလေးထားခြင်း

အသစ်ပြုပြင်ထားသော ဥပဒေသည် အိမ်အကူအလုပ်သမားများ၏ အခွင့်အရေးများကိုပိုမိုအလေးပေးထားပြီး ယခင်ဥပဒေနှင့် မတူသော အချက်များပါဝင်သည်။ အဆိုပါ ဥပဒေ၏ ပုဒ်မ (၃) တွင် ဖော်ပြထားသည့် ဥပဒေသစ်အရ အိမ်အကူအလုပ်သမားများဉပဒေပါ စည်းမျဉ်းစည်းကမ်းများ၊ဉပဒေပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စေသည့် မည်သည့်အခြေအနေ သဘောတူညီချက်များကိုမဆို အိမ်အကူအလုပ်သမား၏အကျိုးအတွက်မဟုတ်လျှင် စာချုပ်ပျက်ပြယ်ကြောင်း ဖော်ပြထားသည်။

အိမ်အကူအလုပ်သမားများအတွက် စာချုပ်

အလုပ်ငှါးရမ်းစာချုပ်သည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်ကိုက်ညီရမှာဖြစ်ပြီး အလုပ်သမားနားလည်နိုင်သော ဘာသာစကားဖြင့် ရှင်းလင်းသတ်မှတ်ရမည်။ အဆိုပါစာချုပ်တွင် ရေသားဖော်ပြထားခြင်းမရှိသော်လည်း အကျိုးသက်ရောက်မှုရှိနိုင်ရန်အတွက် အောက်ပါ အချက်အလက်များကိူဖေါ်ပြပါဝင်ရမည်။

၁.အိမ်အကူအလုပ်သမား တာဝန်ယူရမည့် အလုပ်အမျိုးအစား။

၂. စာချုပ်တွင်နှစ်ဉီးနှစ်ဖက်လုံး၏ အမည်၊ လိပ်စာ၊ နိုင်ငံသား၊ အီးမေးလ်၊ ဆက်သွယ်ရန်နံပါတ်၊ မိသားစုဝင်များနှင့် အလုပ်ရှင်၏ နိုင်ငံတွင်း လိပ်စာ။

၃. စာချုပ်ချုပ်ဆိုသည့် ရက်စွဲနှင့် စတင်အကျိုးသက်ရောက်မှုရှိမည့် ရက်စွဲ။

၄. လစာနှင့် ငွေပေးချေမှုနည်းလမ်း၊

၅. အလုပ်ရှင်အလုပ်သမားနှစ်ဖက်စလုံး၏အခွင့်အရေးနှင့်တာဝန်၊

၆. အလုပ်အစမ်းခန့်ကာလ

၇. နေ့စဉ်အလုပ်လုပ်အချိန်၊ အပတ်စဥ်နားချိန်၊ အချိန်ပိုအလုပ်လုပ်ချိန်အဖြစ် သတ်မှတ်မှုထားရှိရမည်ဖြစ်ပြီး *အကယ်၍လိုအပ်ချက်ကြောင့်ဖြစ်စေ အိမ်အကူအလုပ်သမားကို အခြားအလုပ်ကြမ်းလွှဲပြောင်းလုပ်ခိုင်းစေခြင်းမပြုရ။ အိမ်အကူအလုပ်သမားများသည့် ဥပဒေတွင်သတ်မှတ်ဖော်ပြထားသည့်အတိုင်း ကျွမ်းကျင်မှုဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာကဏ္ဏတို့၏အောက်တွင်သာ လုပ်ကိုင်ရန် သဘောတူထားခြင်းဖြစ်သည်။

၈. စာချုပ်၏ သက်တမ်းနှင့် သက်တမ်းတိုးခြင်း၊ စာချုပ်ဖျက်သိမ်းခြင်းဆိုင်ရာ။

၉. အိမ်တွင်းလုပ်ငန်းအတွက်အာမခံဆိုင်ရာကိစ္စသည် သတ်မှတ်ထားသည့် ပြဌာန်းချက်များအတိုင်းပင်ဖြစ်ရမည်။

အိမ်အကူအလုပ်သမားအတွက် အကာအကွယ်ပေးခြင်းဆိုင်ရာပြဌာန်းချက်များ

အရွယ်မ‌ရောက်သေးသည့်အလုပ်သမားများနှင့်စပ်လျဉ်းသော စည်းမျဉ်းများ

  • အသက် ၁၅ နှစ်အောက် ကလေးများကို အလုပ်ခန့်ထားခြင်း မပြုရ။
  • ကလေးအလုပ်သမားများအတွက် အာမခံငွေ တောင်းခံခြင်း သို့မဟုတ် လက်ခံခြင်း မပြုရ။
  • ကလေးအလုပ်သမားအတွက် လစာငွေကို အခြားသူတစ်ဦးအား ပေးချေခြင်း မပြုရ။
  • အလုပ်သမားခန့်ထားခြင်း နှင့် အလုပ်မှရပ်ဆိုင်းခြင်းတို့အား ကြိုအကြောင်းကြားရန်။
  • သင်တန်းတက်ရောက်မှုအတွက် တစ်နှစ်တွင် ၃၀ ရက်အထိ ခွင့်ယူနိုင်ပြီး လစာခံစားခွင့်ရှိရမည်။

အိမ်အကူအလုပ်သမားများ၏ အခွင့်အရေး

(အလုပ်ရှင်၏ တာဝန်) ပုဒ်မ ၁၅ အရ အလုပ်ရှင်မှ အလုပ်သမားအပေါ် ကျူးလွန်ခြင်းမပြုရ

  • အလုပ်ရှင်သည် အလုပ်သမား၏ပတ်စပိုစ့် သို့မဟုတ် ကိုယ်ရေးအထောက်အထား နှင့် ပိုင်ဆိုင်မှုများအား သိမ်းဆည်းထားခြင်း မပြုရ။
  • ကိုယ်/နှုတ်အားဖြင့် အိမ်အကူအလုပ်သမားပေါ် မည်သည့်အကြမ်းဖက်နည်းလမ်းမျိုးနှင့်မဆို ကျူးလွန်ခြင်းမပြုရ၊
  • မည်သည့်အလုပ်ရပ်မျိုးမဆို အိမ်အကူအလုပ်သမားအပေါ် ကျွန်ပြုအသုံးချခိုင်းစေခြင်း သို့မဟုတ် အသားအရောင်၊ ကျား၊ မ၊ အသက်နှင့် နိုင်ငံသားအပေါ် အခြေခံ၍ ပြုမူ- ခွဲခြားဆက်ဆံခြင်းမပြုရ။
  • အိမ်အကူအလုပ်သမားများအား နှုတ်ဖြင့်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းမပြုရ
  • အဓမ္မလုပ်အားပေးခိုင်းစေခြင်း သို့မဟုတ် လူကုန်ကူးမှုဖြစ်စေသော အခြားလုပ်ဆောင်မှုများကို ‘ဆော်ဒီအာရေးဗီးယားပြဌာန်းချက်’ များနှင့် အညီ အရေးယူကျင့်သုံးသွားမည်။
  • အိမ်အကူအလုပ်သမားများသည် ၎င်းတို့၏ မိသားစုများအပြင် သူတို့နိုင်ငံရဲ့ သံရုံး၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ အာဏာပိုင်ဆက်သွယ်မှုကိုတားမြစ်ခြင်း မပြုရ။

အလုပ်ချိန်နှင့်အနားယူချိန

အိမ်အကူအလုပ်သမားများသည် တစ်ရက်လျှင် ၁၀ နာရီထက် မပိုသောအလုပ်ချိန်ရှိရမည်ဖြစ်ပြီး အနားယူဖို့ အချိန်ထားရှိရမည်။ အနားမပေးပဲ ၅ နာရီမျှ ဆက်တိုက် အလုပ်ခိုင်းစေခြင်းမျိုး မပြုစေရသည့်အပြင် ဘာသာရေး လှုပ်ရှားမှုများနှင့်အတူ အနည်းဆုံး နာရီဝက်ခန့် အစာစားချိန်ထားရှိပေးရမည်။။ အနားယူချိန်ကို အလုပ်ချိန်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရေတွက်မည်မဟုတ်ပါ။ ထို့ကြောင့် တစ်နေ့တာအတွက် အနားယူချိန်သည် ၈ နာရီအထက် မနည်းရဟု သတ်မှတ်ထားသည်။

အိမ်အကူအလုပ်သမားများအတွက် အကာအကွယ်ပေးခြင်းဆိုင်ရာပြဌာန်းချက်များ

ပြည်ထဲရေးဥပဒေ ပြဌာန်းချက် ၁၅ (၂၅၆၇)၏ အိမ်အကူအလုပ်သမား ကာကွယ်မှု

အမျိုးသမီးအလုပ်သမားအတွက်

  • ကိုယ်ဝန်ရှိအမျိုးသမီးအလုပ်သမားကို အချိန်ပို သို့မဟုတ် အလုပ်နားရက်တို့အပြင် ည ၁၀ နာရီ မှ မနက် ၆ နာရီအတွင်း အလုပ်ခိုင်းစေခြင်းမပြုရန်။
  • ကလေးမီးဖွားခွင့် ၉၈ ရက်အပြင် ၄၅ ရက်စာထက်မကျော် လုပ်ခလစာရရှိစေခြင်း။
  • အလုပ်လုပ်နေ့စဥ်ကာလအတွင် ကိုယ်ဝန်ရှိလာပါက အလုပ်မဖြုတ်ရန်တားမြစ်ခြင်း။

Photo-homenet