September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ တရုတ်လူမျိုး အချင်းချင်းဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှု ထိုင်းရဲက ဖမ်းဆီး

ထိုင်းနိုင်ငံမှာ တရုတ်လူမျိုး အချင်းချင်းဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှု ထိုင်းရဲက ဖမ်းဆီး

ဧပြီ ၁၂ ရက်၊ Migrant Times
  • “Nawaporn” အမည်ရှိ တရုတ်အမျိုးသမီးဟာ တရုတ်လူမျိုးတွေကို ဘတ်ငွေ သန်း ၇၀၀ ထိ လိမ်လည်မှုနဲ့ဘန်ကောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ရက်နယ် Sathorn ဧရိယာမှာ တရုတ် အချင်းချင်း လိမ်လည်မှုကို တိုင်ကြားလာတဲ့ ထိုင်းရဲက စုံစမ်းစစ်ဆေးခဲ့ရင်း အခုလို ဖမ်းဆီးမိခဲ့တာပါ။”Nawaporn” အမည်ရှိအသက် ၅၃ နှစ်အရွယ် တရုတ် အမျိုးသမီးဟာ ထိုင်းအစိုးရ စာရွက် စာတမ်း အတုပြုလုပ်ခြင်း၊ ထိုင်းရဲများထံ သတင်းအမှားများ ပူးတွဲတင်ပြခြင်း၊ အငှားကိုယ်ဝန်‌‌ဆောင်ခြင်းစတဲ့ တရားမဝင် လုပ်ငန်း​တွေအတွက် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။
  • အဲဒီတရုတ်အမျိုးသမီးဆီကနေ တံဆိပ်တုံး၊ တံဆိပ်အမှတ်အသား သို့မဟုတ် ရာဘာတံဆိပ်ခေါင်းကို ပူးတွဲ၍ အတုလုပ်ကာ အသုံးပြုနေတဲ့ သက်သေခံပစ္စည်း​တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။အဲဒီတရုတ်အမျိုးသမီးဟာ တရုတ်နိုင်ငံသားတစ်ဦးနဲ့ထိုင်းအမျိုးသားတစ်ဦးကို လက်ထပ်ထိမ်းမြားပြီး ထိုင်းနိုင်ငံသားခံယူထားသူဖြစ်ပြီး နှစ်ဦးလုံးနဲ့ ​ကွာရှင်းထားတာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *