နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ

နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး

နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး

ခွန်သောမတ်စ်၊ Migrant Times
  • နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဒီနေ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။အသက် ၂၁ နှစ်အရွယ် ​မြန်မာအမျိုးသားဟာဆိုင်ကယ်နှစ်စီးနဲ့အတူ အမှတ် ၁၀၊ ချိုင်းဆီဖုန်းကျေးရွာ၊ ကော့ချန်ကျေးရွာအုပ်စု၊ မယ်ဆိုင်မြို့နယ်၊ ချင်းရိုင်းခရိုင်တွင် ဖမ်းဆီးမိတာလို့ ရဲအရာရှိက ပြောပါတယ်။အဲဒီအမျိုးသားနဲ့အဖွဲ့ကို စစ်ဆေးမေးမြန်းရာ တာချီလိတ်မြို့ကနေစ် ဖုန်းမှတဆင့် ဆက်သွယ် မှာယူသည့်အတိုင်း ဆိုင်ကယ်ကို ရှာဖွေ ပို့ဆောင်ကြောင်း ထွက်ဆိုပြီး ဆိုင်ကယ်တစ်စီးလျှင် ပို့ဆောင်ခ ဘတ် ၂၀၀၀ ပေးရပြီး နယ်နိမိတ်မျဉ်း ဆန့်ကျင်ဘက် မြစ်ထဲ ဆင်းဖို့ ကြိုးစားစဥ် ကင်းလှည့်သည် နယ်ခြားစောင့်တပ် နှင့် ကော့ချန်ရဲများ တွေ့ရှိ ဖမ်းဆီးမိကြောင်း သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်