September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ ခိုးဝင်လာတဲ့ မြန်မာ ၁၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ဖို့ ခိုးဝင်လာတဲ့ မြန်မာ ၁၂ ဦးဖမ်းဆီးခံရ

ဇွန် ၄ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံအလယ်ပိုင်း၊ Sing Buri ပြည်နယ်၊ Sing Buri Muangမြို့၊ ဘန်မိုင်ကျေးရွာအုပ်စု၊ အာရှလမ်းမကြီး ဓာတ်ဆီဆိုင်အနီးမှာ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ကားဟာ ရထားဂိတ်တခါးကို ဝင်တိုက်မိပြီး ကားပေါ်ပါလာတဲ့ မြန်မာတွေနဲ့ ယာဥ်မောင်းဖြစ်သူ ထိုင်းလူမျိုး ဖမ်းဆီးခံခဲ့ရပါတယ်။တရားမ၀င် နိုင်ငံခြားသား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တက်ခ်ခရိုင်ကနေ တင်ဆောင်လာခဲ့တာဖြစ်ပြီး မဖမ်းဆီးဘဲ လွှတ်ပေးဖို့ ယာဉ်ထိန်းရဲ အရာရှိကို ဘတ်ငွေ ၅၀,၀၀၀ ပေးပေမယ့် ရဲက လက်မခံခဲ့ပါဘူး။
  • မြန်မာ​ရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့အတူ ယာဉ်မောင်း မစ္စတာမိုင် အသက် ၄၄ နှစ်ကို Sing Buri Muang ရဲစခန်းမှာအရေးယူမယ်လို့ ယာဉ်ထိန်းရဲအရာရှိ သွမ်ဒွန် နက်ဖာနိစ် က ပြောပါတယ်။ရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးဟာ Phra Nakhon Si Ayutthaya ပြည်နယ်၊ Bang Pa-in မြို့နယ်ရှိ အလုပ်ရုံမှာ အလုပ်သွားလုပ်ဖို့ ပို့ဆောင်ခအနေနဲ့ တစ်ဦးလျှင် ဘတ်ငွေ ၂၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-khaosod.co.th

Leave a Reply

Your email address will not be published. Required fields are marked *