ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့
ဇွန် ၁၂ ရက်
ခွန်သောမတ်၊ Migrant Times
- ၁၉၉၉ ခုနှစ်မှစ၍ အဆိုးရွားဆုံး ကလေးလုပ်သား ပုံစံများကို အရေးပေါ်တားဆီး နှိမ်နင်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်အတွက် Social Justice for All. End Child Labour အားလုံးအတွက် လူမှုတရား မျှတမှု နှင့် ကလေးအလုပ်သမား အဆုံး သတ်စို့ ဆောင်ပုဒ်ကို ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့)က သတ်မှတ်ပေးခဲ့ပြီး ကဏ္ဍပေါင်းစုံမှာ အာရုံစိုက်ဖို့ ကလေးများအားလုံး ဘဝအရည်အသွေးကောင်းမွန် လာစေဖို့နဲ့ တိုင်းပြည်ကို မောင်းနှင်ရာမှာ အရေးပါတဲ့ အင်အားစုကြီးဖြစ်ပါတယ်။
- ထိုင်းနိုင်ငံဟာ ကလေးအလုပ်သမား ပပျောက်ရေးမှာ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီနှစ်မှာတော့ အလုပ်သမား ကာကွယ်ရေးနဲ့ လူမှုဖူလုံရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၇ ဘဏ္ဍာနှစ် အတွက် ကလေးလုပ်သားအသုံးပြုမှု ပပျောက်ရေး စီမံချက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပုံစံအမျိုးမျိုးဖြင့် ကလေးလုပ်သားအသုံး ပြုမှုနှင့်ပတ်သက်၍ အသိပညာပေးမှု မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။
- ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့်အညီ အဆိုးရွားဆုံးသော ကလေးလုပ်သားများ တားဆီးနှိမ်နှင်းရေးနှင့် ပပျောက်ရေးတွင် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ မြှင့်တင်ရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဆောင်ရွက်ရန်ဖြစ်ပါတယ်။၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၈ နိုင်ငံက ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်စဉ်တိုင်း ကလေးလုပ်သားအသုံးပြုမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထိုင်းနိုင်ငံကလည်း ပုံစံအမျိုးမျိုးဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ကိုးကား၊ ဓာတ်ပုံ -news. ch7.com
