September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
နိုင်ငံတကာ အလုပ်သမား သတင်း

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့

ဇွန် ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁ ဒသမ ၃ သန်းခန့် စေလွှတ်ထားပြီး အဲဒီပြည်ပရောက်လုပ်သားတွေဟာ ဘတ်သန်းပေါင်း ၉ ထောင်ကျော်ငွေပြန်လွှဲခဲ့ကြောင်း ကမ္ဘောဒီးယား အလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၁ ဒသမ ၂ သန်း စေလွတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ၄၉,၀၀၀ ဦး၊ မလေးရှားနိုင်ငံကို ၂၂,၀၀၀ ဦးခန့်နဲ့ ဂျပန်နိုင်ငံကို အလုပ်သမား ၁၉,၀၀၀ ဦးခန့် စေလွှတ်ထားတယ်လို့ သိရပါတယ်။
  • စင်ကာပူ၊ ဟောင်ကောင်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကိုလည်း အလုပ်သမားစေလွှတ်ထားတယ်လို့ဆိုပါတယ်။ထိုင်းနဲ့ မလေးရှားနိုင်ငံက ကမ္ဘောဒီးယား အလုပ်သမားတွေဟာ တစ်လကို အနိမ့်ဆုံးလုပ်အားခ ဒေါ်လာ ၄၀၀ (ဘတ် ၁၃,၉၀၀ ခန့်)နဲ့ ဒေါ်လာ ၃၀၀ (ခန့်မှန်းခြေအားဖြင့် ၁၀,၄၀၀ ဘတ်) ရရှိပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ကမ္ဘောဒီးယားအလုပ်သမားတွေဟာ တစ်လကို ဒေါ်လာ ၁,၅၀၀( ဘတ် ၅၂,၃၀၀ )နဲ့ အမေရိကန် ဒေါ်လာ ၁၄၀၀ ( ဘတ် ၄၈,၈၀၀) ရရှိကြောင်း သိရပါတယ်။
ဓာတ်ပုံ-XINHUA
ကိုးကား-dailynews.co.th

Leave a Reply

Your email address will not be published. Required fields are marked *