မြန်မာနယ်စပ် တိုက်ပွဲကြောင့် ထိုင်းလုံခြုံရေး တိုးမြှင့်

ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ထိုင်းတပ်မတော်မှ ထိုင်း-မြန်မာနယ်စပ်၌ လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းအရ သိရသည်။
ထိုင်း-မြန်မာနယ်စပ်မှ ၄၂ ကီလိုမီတာ အကွာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုင်းတပ်မတော်သည် တက်ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်နေခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက်နေ့ နံနက်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ကရင်အခြေစိုက် သတင်းများတွင်ဖော်ပြသည်။
ဌင်းအပြင် ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က ကျုံဒိုးမြို့နယ် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
Photo – Khaosod