September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

နိုင်ငံတကာ

နိုင်ငံတကာ အလုပ်သမား သတင်း

ဂျပန်က မြန်မာလုပ်သား ၇၀၀ ကျော် ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၇၀၀ ကျော် ထပ်ခေါ်မယ် မေ ၃ ရက်၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၇၀၀ ကျော်ကို ထပ်ပြီးခေါ်ယူဖို့အတွက်ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ရှိမြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရှိ ကုမ္ပဏီနဲ့ စက်ရုံတွေ မြန်မာအလုပ်သမားတွေခေါ်ယူဖို့ကမ်းလှမ်းထားတဲ့အလုပ်ခေါ်စာ ၂၃၄ ခုကို သံရုံးက ဧပြီလ ၁၈ရက်ကနေ ၂၈ရက်အထိ စိစစ်ခဲ့တာလို့ဆိုပါတယ်။လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားတဲ့အလုပ်သမားဦးရေ ၇၅၀ဦး ရှိတယ်လို့ သိရပါတယ်။”ခေါ်တဲ့အထဲမှာကျွမ်းကျင်လုပ်သားတွေ တော်တော်ပါလာတယ် “လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဂျပန်နိုင်ငံက ဧပြီလ ၁ရက်ကနေ ၁၈ရက်အထိ အလုပ်သမား ၁၂၀၀ ကျော်ခေါ်ယူဖို့ကမ်းလှမ်းခဲ့သေးတာကြောင့် အခုထပ်မံကမ်းလှမ်းတဲ့အလုပ်သမားတွေအပါအဝင် ဧပြီလအတွက် ကမ်းလှမ်းတဲ့လုပ်သားဦးရေက ၂,၀၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။ခေါ်ယူမှုအများဆုံးအလုပ်တွေကတော့ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလုပ်ငန်းတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။လက်ရှိမှာ ဂျပန်ကမြန်မာလုပ်သားခေါ်ယူမှုတိုးလာသလို သွားရောက်လုပ်ကိုင်လိုတဲ့သူတွေလည်း ပြည်တွင်းမှာများပြားနေပါတယ်။လက်ရှိ မြန်မာလုပ်သား

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်း လုပ်သားတွေ ဒစ်ဂျစ်တယ်အတတ်ပညာ တိုးပွားစေဖို့ ပြုပြင်ပြောင်းလဲမှုကို အစိုးရ ပံ့ပိုး

ထိုင်း လုပ်သားတွေ ဒစ်ဂျစ်တယ်အတတ်ပညာ တိုးပွားစေဖို့ ပြုပြင်ပြောင်းလဲမှုကို အစိုးရ ပံ့ပိုး ဧပြီ ၂၅ ရက်၊ Migrant Times ထိုင်းအစိုးရဟာ ထိုင်းအလုပ်သမား​ေတွအတွက် ဒစ်ဂျစ်တယ် စက်မှုလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းတွေ စီစဉ်ပေးဖို့ လုပ်ငန်းစဉ်ကို အရှိန်မြှင့် ပံ့ပိုးကူညီဖို့ ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ မစ္စတာ အနုချိုင်ဗူရချိုင်က ဒီကနေ့ ​ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကို Thailand 4.0 သို့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး နိုင်ငံတွင်းရှိ ပြည်သူလူထု အများအား အသိပညာဗဟုသုတရှိသော ဒစ်ဂျစ်တယ်နိုင်ငံသားများ ဖြစ်လာ​ဖို့နဲ့ ဒစ်ဂျစ်တယ်ခေတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ တစ်နှစ်လျှင် လုပ်သားအင်အား ၂၀,၀၀၀ ကျော် ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် ကျွမ်းကျင်မှု

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တရားမဝင် ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ထိုင်းရဲနဲ့ စစ်တပ် ပူးပေါင်းဖမ်းဆီး

တရားမဝင် ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ထိုင်းရဲနဲ့ စစ်တပ် ပူးပေါင်းဖမ်းဆီး ဧပြီ ၂၅ ရက်၊ Migrant Times ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ဧပြီ ၂၃ ရက်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဆာရကြော့ ရဲ နဲ့ စစ်တပ် အပါအ၀င် အုပ်ချုပ်ရေး ဝန်ထမ်းတွေက ကမ္ဘောဒီးယား တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ၁၁၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၁ ဦးအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။သူတို့ဟာ ဘန်နွန်စဝ်အေ၊ ဖန်စစ်ခရိုင်ခွဲ၊ အာရာယာပရက်ထိစ် နယ်စပ်တစ်လျှောက် သဘာဝလမ်းကြောင်းကတစ်ဆင့် မြို့တွင်းကို ဝင်ရောက်ပြီး ဘန်ကောက်ကို သွားမှာလို့ သိရပါတယ်။ အလုပ်သမားတစ်ဦး ဘတ် ၄,၅၀၀နှုန်း

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို EPS မြန်မာလုပ်သား ၁၄၀ ကျော်စေလွှတ် နိုဝင်ဘာ ၂၉ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ ကုန်ထုတ်လုပ်သားသစ် ၈၈ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၁ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၂၉ ဦးဟာ ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၁,၁၆၉ ဦး စေလွှတ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊

Read More
နိုင်ငံတကာ

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ

ယူအေအီးနိုင်ငံကို အလုပ်သမားလိမ်လည်ပို့ဆောင်မှုတွေရှိနေပေမယ့် သွားချင်သူများနေ အောက်တိုဘာ ၁၃ ရက်၊ Migrant Times ယူအေအီးနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ပို့ဆောင်တာတွေရှိနေပေမယ့် သွားရောက်လုပ်ကိုင်ချင်သူတွေကများနေဆဲဖြစ်တယ်လို့ အေဂျင်စီတွေနဲ့ပြည်ပအလုပ်ရှာနေသူတွေက သိရပါတယ်။ ယူအေအီးနိူင်ငံ၊ဒူဘိုင်းမြို့တော်မှာ အလုပ်ရမယ်ဆိုပြီး အမည်ခံအေဂျင်စီတချို့နဲ့ပွဲစားတွေက လိမ်လည်စေလွှတ်မူကြောင့် မြန်မာလုပ်သားအများအပြားအဲဒီနိူင်ငံမှာဒုက္ခရောက်နေကြပြီးဆက်ပြီးထွက်နေကြသူတွေလည်းရှိတယ်လို့သူတို့က ဆိုပါတယ်။ “ဒီလောက်လိမ်နေပါတယ်လို့သတိပေးနေလည်းသွားချင်တဲ့သူတွေကနားမဝင်ဘူး။အခုလည်းထွက်နေကြတာပဲ။အဲဒီလိုသူတွေရှိတော့လိမ်တဲ့သူအကြိုက်ဖြစ်နေတာပေါ့”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွေဟာ လုပ်ငန်းကဏ္ဍအလိုက်ကျွမ်းကျင်လုပ်သားတွေကိုသာ အဓိကတရားဝင်ခေါ်ယူနေသလို ခေါ်တဲ့အရေအတွက်ကလည်း အနည်းငယ်သာဖြစ်တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ လက်ရှိမှာ သန့်ရှင်းရေး၊ အိမ်အကူစတဲ့အောက်ခြေလုပ်ငန်းတွေလုပ်ရမယ်ဆိုပြီး အလုပ်သမားစုဆောင်းပို့နေကြတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေအတွက် အလုပ်သမားပို့ခွင့်တရားဝင်ခွင့်ပြုပေးထားတာမရှိဘူးလို့လည်း အေဂျင်စီတွေထံက သိရပါတယ်။ “တချို့က အလုပ်ရဖို့အဓိကဆိုပြီး ထွက်တာ။အလည်ဗီဇာနဲ့ထွက်ကြတာ။အသိထဲက အဲဒီလိုထွက်သွားသူတွေရှိတယ်။အလုပ်ရမရတော့မသိဘူး”လို့ ပြည်ပကိုသွားရောက်လုပ်ကိုင်ဖို့လေ့လာနေသူတစ်ဦးက ပြောပါတယ်။ ဒူဘိုင်းမှာ အလုပ်ရမယ်ဆိုပြီး အဲဒီရောက်မှ အလုပ်သမားတွေရဲ့ပတ်စ်ပို့သိမ်းကာ အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားတဲ့ဖြစ်စဥ်တွေ မကြာခဏရှိနေတယ်လို့ အလုပ်သမားအရေးစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ အဲဒီနောက် အရှေ့အလယ်ပိုင်းဒေသတွင်းတခြားနိုင်ငံတွေဆီ

Read More
နိုင်ငံတကာ

ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း

ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း အောက်တိုဘာ ၁၄ရက်၊Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၅၀၀ ကျော်ကို ထပ်မံခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့က သံရုံးက ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံတွေက အောက်တိုဘာလမှာ ပထမအသုတ်အနေနဲ့ ခေါ်ယူလိုတဲ့အလုပ်ကမ်းလှမ်းစာကို မြန်မာနိုင်ငံထံ ပေးပို့ထားတာဖြစ်ပါတယ်။ အဲဒီလို အလုပ်သမားခေါ်ယူလိုတဲ့ ကမ်းလှမ်းစာ ၁၇၀ရှိပြီး ခေါ်ယူမယ့် အလုပ်သမားဦးရေ ၅၂၁ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ခေါ်ယူမယ့် အလုပ်အမျိုးအစားတွေထဲမှာ စားသောက်ဆိုင်၊စက်ရုံနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “ခေါ်စာကျလာပြီးရင်တော့ စေလွှတ်ဖို့က မြန်တယ်။သွားမယ့်သူတွေလည်း တန်းစီနေတယ်”လို့သူကပြောပါတယ်။ ဂျပန်နိုင်ငံဟာ နည်းပညာအလုပ်သင်လုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားတွေကိုလည်းခေါ်ယူနေတာ ဖြစ်ပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်ကစပြီး ဂျပန်က မြန်မာလုပ်သားတွေဆက်တိုက်ခေါ်ယူနေတာဖြစ်ပြီး လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ လောက်ရောက်ရှိလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Read More