September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

နိုင်ငံတကာ

နိုင်ငံတကာ အလုပ်သမား သတင်း

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ

တောင်ကိုရီးယား အလုပ်လက်မဲ့နှုန်း စံချိန်တင် နိမ့်ပါးပြီး လုပ်သားဈေးကွက် အားကောင်းနေ ဇွန် ၁၆ ရက် ခွန်သောမတ်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မေလတွင် အလုပ်လက်မဲ့နှုန်းစံချိန်တင်နိမ့်ကျသွားပြီး စီးပွားရေးတိုးတက်မှု နှေးကွေးသည့် အရိပ်အယောင်များရှိနေသော်လည်း အလုပ်သမား ဈေးကွက်သည် အားကောင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အမျိုးသားစာရင်း အင်းရုံးက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။မေလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ဦးရေ ၃၅၁, ၀၀၀ မှ ၂၈ ဒသမ ၈၃ သန်းအထိ မြင့်တက်လာပြီး ဧပြီလတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်သူ ၃၅၄,၀၀၀ ရှိခဲ့ကြောင်း သိရ ပါတယ်။ အလုပ်ရှင်ဦးရေကတော့ မတ်လမှ စပြီး နှစ်စဉ် တိုးလာခဲ့ကြောင်း သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံတွင် ကျန်းမာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းတွင် အလုပ်အကိုင်သူ

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့

ပြည်ပရောက် ကမ္ဘောဒီးယားလုပ်သားများ မိခင်နိုင်ငံသို့ ဘတ် သန်းပေါင်း ၉ ထောင်ကျော်ပို့ ဇွန် ၁၃ ရက် ခွန်သောမတ်၊ Migrant Times ကမ္ဘောဒီးယားနိုင်ငံဟာ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁ ဒသမ ၃ သန်းခန့် စေလွှတ်ထားပြီး အဲဒီပြည်ပရောက်လုပ်သားတွေဟာ ဘတ်သန်းပေါင်း ၉ ထောင်ကျော်ငွေပြန်လွှဲခဲ့ကြောင်း ကမ္ဘောဒီးယား အလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းနိုင်ငံသို့ အလုပ်သမား ၁ ဒသမ ၂ သန်း စေလွတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ၄၉,၀၀၀ ဦး၊ မလေးရှားနိုင်ငံကို ၂၂,၀၀၀ ဦးခန့်နဲ့ ဂျပန်နိုင်ငံကို အလုပ်သမား ၁၉,၀၀၀ ဦးခန့် စေလွှတ်ထားတယ်လို့ သိရပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကိုလည်း အလုပ်သမားစေလွှတ်ထားတယ်လို့ဆိုပါတယ်။ထိုင်းနဲ့ မလေးရှားနိုင်ငံက ကမ္ဘောဒီးယား

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့

ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ ဇွန် ၁၂ ရက် ခွန်သောမတ်၊ Migrant Times ၁၉၉၉ ခုနှစ်မှစ၍ အဆိုးရွားဆုံး ကလေးလုပ်သား ပုံစံများကို အရေးပေါ်တားဆီး နှိမ်နင်းရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ်အတွက် Social Justice for All. End Child Labour အားလုံးအတွက် လူမှုတရား မျှတမှု နှင့် ကလေးအလုပ်သမား အဆုံး သတ်စို့ ဆောင်ပုဒ်ကို ILO(အ​​ပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့)က သတ်မှတ်ပေးခဲ့ပြီး ကဏ္ဍပေါင်းစုံမှာ အာရုံစိုက်ဖို့ ကလေးများအားလုံး ဘဝအရည်အသွေးကောင်းမွန် လာစေဖို့နဲ့ တိုင်းပြည်ကို မောင်းနှင်ရာမှာ အရေးပါတဲ့ အင်အားစုကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကလေးအလုပ်သမား ပပျောက်ရေးမှာ အောင်မြင်တဲ့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု

ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ထိုင်းအစိုးရ ခွင့်ပြု ဇွန် ၂ ရက် ခွန်သောမတ်၊ Migrant Times အစိုးရသစ်တက်လာချိန်အထိ ရွှေ့ပြောင်းအလုပ်သမား ၂၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားနိုင်မယ့် သက်တမ်းတိုးစာချုပ်များကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngamက ပြောပါတယ်။ထိုင်းအစိုးရအဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှ အလုပ်သမားများ အလုပ်အကိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။အစောပိုင်းက သက်တမ်းတိုးပေးဖို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တောင်းဆိုမှုကို အစိုးရအဖွဲ့က ပယ်ချခဲ့ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ဆုံးဖြတ်ဖို့ နောင်လာမယ့် အစိုးရသစ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ဆုံးဖြတ်ချက်ပြောင်းလဲကာ မရေရာသောအစိုးရသစ်ဖွဲ့စည်းမှု ကြန့်ကြာနေမှုက ကြီးမားတဲ့အလုပ်သမား လေဟာနယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့သာ သက်တမ်းတိုးမှုဖြစ်မလာဘူးဆိုရင် ထိုင်းကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ပြန်ကြရမှာဖြစ်ပြီး အစိုးရသစ်တက်လာချိန်အထိ

Read More
နိုင်ငံတကာ

တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ ထိုင်းအမျိုးသမီး လူကုန်ကူးခံရ

တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ ထိုင်းအမျိုးသမီး လူကုန်ကူးခံရ မေ ၃၁ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ၊ နာခွန်ရတ်ခ်ျစီမာပြည်နယ်၊ နာခွန်ရတ်ခ်ျစီမာမြို့နေ၊ အသက် ၂၅ နှစ်အရွယ် မစ္စ ဝါစာနာဟာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ကတစ်ဆင့် တရုတ်နယ်စပ် ပန်ဆန်းသို့ လူကုန်ကူးခံရတာကြောင့် ထိုင်း-မြန်မာ အစိုးရပူးပေါင်း ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ TikTok အပလီကေးရှင်းကတစ်ဆင့် အမည်မသိလူတစ်စုက တာချီလိတ်ခရိုင် KTV ဖျော်ဖြေရေးမှာ အလုပ်လုပ်ကိုင်ဖို့ ဆွဲဆောင်ခဲ့ပြီး တရုတ်နယ်စပ်၊ ပန်ဆန်းမြို့၊ တရုတ်ရင်းနှီးမြှုပ်နှံသူအုပ်စုထံ ရောင်းချခံတာဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ကာကွယ်ရေးစင်တာသို့ လူကုန်ကူးခံရကြောင်း အကူအညီ တောင်းခံခဲ့တာကြောင့် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေ ပူးပေါင်းကယ်ထုတ်ခဲ့တာလို့ ညွှန်ကြားရေးမှူး ရဲမှူးချုပ် ဆူရာချက် ဟက်ပါလ်က ပြောပါတယ်။လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီးကို

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း အလုပ်အကိုင်ရထားပေမယ့် လုပ်သားရှားပါးမှု ရင်ဆိုင်နေရဆဲဖြစ်နေ ခွန်သောမတ် မေ ၂၉ ရက်၊ Migrant Times ဂျပန်နိုင်ငံမှာ တက္ကသိုလ်အဆင့် ပညာသင်ကြားပြီးတဲ့ ဘွဲ့ရလူငယ် ၉၇ ရာခိုင်နှုန်း ကျော်ကို အခုနှစ်နွေဦးမှာ အလုပ်ခန့်ထားနိုင်ပြီးဖြစ်ပေမယ့် နိုင်ငံတွင်း လုပ်သားရှားပါးမှု ပြဿနာကို ထပ်မံရင်ဆိုင်နေရပြီး COVID-19 ကပ်ရောဂါဘေးအလွန်မှာ စီးပွားရေး ပြန်လည်ကောင်းမွန်လာကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်အထိ ဘွဲ့ရများရဲ့ စုစုပေါင်း ၉၇ ဒသမ ၃ ရာခိုင်နှုန်းကို အလုပ်ခန့်ထားပြီး ၁၉၉၇ ခုနှစ်နောက်ပိုင်း တတိယမြောက် အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ကြောင်း အလုပ်သမားနှင့်ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီများ၏ အလုပ်အကိုင်ကမ်းလှမ်းမှု များလည်း အားကောင်းနေပြီး

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ

ဂျာမနီစက်မှုကဏ္ဍမှာ ကျွမ်းကျင်အလုပ်သမားရှားပါးမှု ပြင်းထန်စွာ ရင်ဆိုင်နေရ မေ ၁၇ ရက် ခွန်သောမတ်၊ Migrant Times ဂျာမနီနိုင်ငံဟာ စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ပေမယ့် စက်မှုလုပ်ငန်း ကဏ္ဍမျိုးစုံမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ရေရှည် စီးပွားရေးတိုးတက်မှုအတွက် ဆိုးရွားမှုမဖြစ်စေဖို့ စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရှိန်အဟုန်မြှင့် ဆွဲဆောင်ဖို့အစိုးရကို တိုက်တွန်း နေရကြောင်း Deutschevelle ဂျာမန် မီဒီယာများက ဖော်ပြပါတယ်။ဂျာမနီနိုင်ငံဟာ ဥရောပ၏ အကြီးဆုံးစီးပွားရေး စက်မှုလုပ်ငန်းကဏ္ဍမှာ ကျွမ်းကျင် လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့အသံ ပိုမိုကျယ်လောင်လာပြီး ကုမ္ပဏီများစွာဟာလုပ်ငန်းလည်ပတ်မှုအတွက် သင့်တော်တဲ့ အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ အဓိကစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရုန်းကန်နေရတယ်လို့ German Automotive Industry Association (VDA)မှ ဂျာမန်မော်တော်ကား လုပ်ငန်းအတွက် မန်နေဂျင်းဒါရိုက်တာ Andreas Rade

Read More
နိုင်ငံတကာ

နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး

နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး ခွန်သောမတ်စ်၊ Migrant Times နယ်စပ်ဖြတ်ကျော် ဆိုင်ကယ်ခိုးသွင်းလာတဲ့ မြန်မာ အမျိုးသားတစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဒီနေ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။အသက် ၂၁ နှစ်အရွယ် ​မြန်မာအမျိုးသားဟာဆိုင်ကယ်နှစ်စီးနဲ့အတူ အမှတ် ၁၀၊ ချိုင်းဆီဖုန်းကျေးရွာ၊ ကော့ချန်ကျေးရွာအုပ်စု၊ မယ်ဆိုင်မြို့နယ်၊ ချင်းရိုင်းခရိုင်တွင် ဖမ်းဆီးမိတာလို့ ရဲအရာရှိက ပြောပါတယ်။အဲဒီအမျိုးသားနဲ့အဖွဲ့ကို စစ်ဆေးမေးမြန်းရာ တာချီလိတ်မြို့ကနေစ် ဖုန်းမှတဆင့် ဆက်သွယ် မှာယူသည့်အတိုင်း ဆိုင်ကယ်ကို ရှာဖွေ ပို့ဆောင်ကြောင်း ထွက်ဆိုပြီး ဆိုင်ကယ်တစ်စီးလျှင် ပို့ဆောင်ခ ဘတ် ၂၀၀၀ ပေးရပြီး နယ်နိမိတ်မျဉ်း ဆန့်ကျင်ဘက် မြစ်ထဲ ဆင်းဖို့ ကြိုးစားစဥ် ကင်းလှည့်သည် နယ်ခြားစောင့်တပ် နှင့် ကော့ချန်ရဲများ တွေ့ရှိ ဖမ်းဆီးမိကြောင်း သိရပါတယ်။

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

မျှတသော လုပ်ခ လစာရရှိရေး သဘောတူညီချက်ကို New Zealand Early Childhood Teachers Union ညှိနှိုင်းမှု အဆင်ပြေ

မျှတသော လုပ်ခ လစာရရှိရေး သဘောတူညီချက်ကို New Zealand Early Childhood Teachers Union ညှိနှိုင်းမှု အဆင်ပြေ မေ ၅ ရက် ခွန်သောမတ်စ်၊ Migrant Times နယူးဇီလန်နိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (NZCTU) မှ ပထမအဆင့် မူကြို‌ကျောင်း ဆရာ၊ဆရာမများဟာ မျှတသော လုပ်ခလစာရရှိရေး သဘောတူညီချက် (FPA) စေ့စပ်ညှိနှိုင်း တောင်းဆိုမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။NZEI Te Riu Roa အလုပ်သမားသမဂ္ဂဟာမူကြို ကလေးများ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမများသမဂ္ဂ၊ စီးပွားရေး၊ တီထွင်ဆန်းသစ်မှုနှင့် အလုပ်အကိုင် ဝန်ကြီးဌာနသို့ အဖွဲ့ဝင် ၆၀၀၀ ကျော်ပါတဲ့ ထောက်ခံ လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ အလုပ်သမားနေ့က တောင်းဆိုခဲ့တာဖြစ်ပါတယ်။”မူကြိုကျောင်း၏ ကျောင်းဆရာ၊ ဆရာမများသည်

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းအလုပ်သမားဈေးကွက် သိသိသာသာ ပြန်လည်ကောင်းလာပြီး အလုပ်လက်မဲ့ဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသားစာရင်းအင်းရုံး NSO က ထောက်ပြ

ထိုင်းအလုပ်သမားဈေးကွက် သိသိသာသာ ပြန်လည်ကောင်းလာပြီး အလုပ်လက်မဲ့ဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း အမျိုးသားစာရင်းအင်းရုံး NSO က ထောက်ပြ မေ ၅ ရက် ခွန်သောမတ်စ်၊ Migrant Times အခုနှစ် ပထမသုံးလပတ်အတွက် အလုပ်သမား စစ်တမ်း၏ ရလဒ်များအရ ထိုင်း အလုပ်သမားဈေးကွက် သိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း ညွှန်ပြခဲ့ပြီး ထိုင်းလူမျိုး ၉၈ ရာခိုင်နှုန်း အလုပ်အကိုင်ရှိကြပြီးတော့ လူဦးရေ ၄ ဒသမ၂ သိန်း အလုပ်လက်မဲ့ဖြစ်ကာ ၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်းသိရပါတယ်။ထိုင်းနိုင်ငံ အလုပ်သမား အခြေအနေကို သုံးလတစ်ကြိမ် စောင့်ကြည့်ရန် စစ်တမ်းမှ အချက်အလက်များကောက်ယူပြီး ထိုင်းအလုပ်သမားဈေးကွက်၏ လက်ရှိအခြေအနေကို သိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း သိရပြီး ၂၀၂၂ ခုနှစ် ပထမသုံးလပတ်နှင့်

Read More