နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

Migrant ရေးရာ သုတ အဖြာဖြာအစီအစဥ် ပြန်လည်ကြိုဆိုလိုက်ပါတယ်

အပတ်စဥ် စနေ နေ့တိုင်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် ဗဟုသုတရစေမဲ့ Quiz တွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုမေးခွန်းလေးကို Comment မှာဖြေခဲ့ပေးကြပါ ၊ မနက်ဖြန် 3နာရီမှာ အဖြေမှန်ကိုတင်ပေးသွားမှာဖြစ်ပါတယ်။ သိချင်တာမေးချင်တာများရှိရင်လဲ Comment မေးခဲ့လို့ရပါတယ်။ #migranttimes #migrants #myanmarworker #Myanmar #knowledge #QuizTime #quiz #QuizChallenge

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းလုပ်သားတွေအတွက် ဘတ်အသစ်ပြုလုပ်ဖို့ ညှိနှိုင်းနေ

အောက်တိုဘာ ၁၂ရက်၊ မောင်နေ့သစ်၊Migrant Times ထိုင်းအလုပ်သမားဦးစီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် ဘတ်(ပန်းရောင်ကတ်) အသစ်ပြုလုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ကြေညာချက်တွေထွက်ပြီးနောက် ထိုင်းနိုင်ငံကို ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာ၊လာအို၊မ္ဘောဒီယား စတဲ့ အထောက်ထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပတ်စပို့၊ဗီဇာ၊ဘတ်စတဲ့ ဝန်ဆောင်မှုပေးတဲ့ ပွဲစားတွေထံကို စာရင်းများပေးသွင်းပြီး စရံငွေတွေလည်း စတင်ပေးထားရတယ်လို့ သိရပါတယ်။ “ ပွဲစားတွေကို စာရင်းသွင်းခက ဘတ်ငွေ ၂ထောင်ပေးထားရတယ်။ ဘယ်နေ့လုပ်ရမယ်ဆိုတာတော့အတိအကျမပြောသေးဘူး လုပ်မဲ့ရက်ကို သူတို့အကြောင်းကြားမယ်လို့ပြောတယ်။ စာရင်းကကြိုသွင်းထားရတာကလည်း စာရင်းပိတ်မှာစိုးတဲ့အတွက်ကြိုပြီးလုပ်ထားရတာ” လို့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက Migrant Timesကို ပြောပါတယ်။ ဘတ်သစ်ပြုလုပ်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေက လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးသက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေဆဲဖြစ်ပြီး ပေးဆောင်ရမယ့် ကုန်ကျစရိတ်တွေ ကောက်ခံတဲ့ ပွဲစားတွေကို မယုံကြည်ကြဖို့နဲ့ ထူးခြားမှုရှိပါက ထုတ်ပြန်ကြေညာသွားမယ်လို့

Read More
အလုပ်သမား သတင်း

စက်ရုံလုပ်သားတချို့ သီတင်းကျွတ်ပိတ်ရက်အတွက် အချိန်ပိုအစားထိုး​ဆင်းနေရ

အောက်တိုဘာ ၁၁ရက်၊အရုဏ်ဦး ပြည်တွင်းကစက်ရုံတချို့မှာ သီတင်းကျွတ်ပိတ်ရက်အတွက် အချိန်ပိုအစားထိုးခေါ်ယူစေခိုင်းတာတွေရှိနေတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။ အောက်တိုဘာလဆန်းကစပြီး တနင်္ဂနွေပိတ်ရက်ပါမချန်အချိန်ပိုအစားထိုးဆင်းပေးနေရတာဖြစ်ပြီး မဆင်းနိုင်တဲ့အလုပ်သမားတွေကို ပြဿနာရှာတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။ “ အထည်အော်ဒါတွေအချိန်မီမပြီးမှာစိုးလို့ဆိုပြီး အချိန်ပိုတွေ ခေါ်နေတာ။သင်္ကြန်တုန်းကလည်း အခုလိုပဲ ။ပိတ်ရက်ကိုယ်ရေးကိုယ်တာကိစ္စရှိလည်းမနားရဘူး” လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။ အဲဒီလို ပိတ်ရက်အစားထိုးအချိန်ပိုအတွက် အခကြေးငွေမပေးတဲ့စက်ရုံတွေလည်းရှိနေပြီး အဲဒီလိုစေခိုင်းလို့ပြဿနာမကြာခဏတက်လေ့ရှိတယ်လို့ပြည်တွင်း အလုပ်သမားအရေးလုပ်က်ုင်နေသူတစ်ဦးက ဆိုပါတယ်။ “ တရားဝင်ပိတ်ရက်ကပိတ်ကိုပိတ်ရမှာ။အဲဒီအတွက်အစားထိုးဆိုပြီးအလကားခိုင်းတာမျိုးကလုပ်အားအမြတ်ထုတ်တာပဲ။သက်ဆိုင်ရာဌာနတွေကလည်း ကြပ်မက်မူမရှိဘူး” လို့ ပြောပါတယ်။ လာမယ့်သီတင်းကျွတ်ပိတ်ရက်မှာ အောက်တိုဘာ ၁၆ရက်ကနေ၂၀ရက်အထိ ဖြစ်တယ်လို့ သိရပါတယ်။ ရက်ရှည်ပိတ်ရက်ဖြစ်ပေမယ့်လည်း လုံခြုံရေးအခြေအနေကြောင့် အလုပ်သမားအများစုမှာ နေရပ်ပြန်ဖို့အခက်အခဲရှိနေကြတယ်လို့လည်း စက်ရုံလုပ်သားတချို့က ပြော​ပါတယ်။

Read More
အလုပ်သမား သတင်း

ဗီဇာသက်တမ်းတိုးဖို့ ထောက်ခံစာအတုလုပ်ရင် အရေးယူမယ်လို့ မြန်မာသံရုံး အသိပေး

အောက်တိုဘာ ၁၀ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာအတုလုပ်ရင် အရေးယူမယ်လို့ ဗန်ကောက်မြို့ မြန်မာသံရုံးက မနေ့က အသိပေးချက်ထုတ်ပြန်ပါတယ်။ ဗီဇာသက်တမ်း ရက်ကျော်လွန်နေထိုင်သူတချို့ဟာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတု (အတု)နဲ့ ဗီဇာသက်တမ်းတိုး လျှောက်ထားမှုတွေ ရှိနေတယ်လို့ သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa)နဲ့ ရောက်ရှိနေသူတွေအတွက် ဗီဇာသက်တမ်းတိုးနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံစာတွေကို ဗန်ကောက်မြိ​ု့ မြန်မာသံရုံးက ပြုလုပ်ပေးနေပေမယ့် နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက် ကျန်ရှိသူ၊ ၇ ရက်မကျန်ရှိသူ၊ သက်တမ်းကျော်လွန်နေထိုင်သူ​ေတွကို ထောက်ခံစာမပြုလုပ်ပေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဗီဇာရက်ကျော်လွန်နေသူတွေဟာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုး

Read More
အလုပ်သမား သတင်း

ထိုင်းပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သားရုပ်အလောင်းကို ရှာဖွေတွေ့ရှိ

အောက်တိုဘာ ၁၀ရက်၊ မောင်နေ့သစ်၊ Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အတွင်းက ကဏာန်းမြုံး စက်လှေပေါ်ကနေ ပြုတ်ကျသွားတဲ့ မြန်မာရေလုပ်သား ကိုကရင်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကိုကရင်ဆိုသူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူအလုပ်လုပ်ကိုင်တဲ့ ကဏာန်းမြုံးထောင်တဲ့ စက်လှေပေါ်မှာ ရေချိုးရာကနေ ပင်လယ်အတွင်းပြုတ်ကျ ပျောက်ဆုံးသွားတာလည်းဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရှာဖွေခဲ့ပေမဲ့ မိုးကြီးပြီး ပင်လယ်အတွင်းလှိုင်းထန်တာကြောင့် ရှာဖွေမှုကိုရပ်ဆိုင်းခဲ့ပြီး အင်္ဂါနေ့ ည ၇နာရီခွဲခန့်မှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရေလုပ်သားကိုကရင်ဟာ ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို လာရောက်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ (မြန်မာရေလုပ်သား ကိုကရင်ရဲ့ ရုပ်အလောင်းကို ရှာဖွေဆယ်ယူနေစဥ်။ ဓာတ်ပုံ – CJ)

Read More
အလုပ်သမား သတင်း

ထိုင်းမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ လေးလအတွင်း မြန်မာလုပ်သား ၁၃၀၀ နီးပါးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်မှုနဲ့ ပြီးခဲ့တဲ့လေးလအတွင်း မြန်မာလုပ်သား ၁၂၈၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်အကိုင် အမျိုးအစားတွေကို ဥပဒေအရ သတ်မှတ်ထားပါတယ်။ ဥပဒေအရ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မပြုထားတဲ့အလုပ်တွေကို လုပ်ကိုင်နေသူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ စိစစ်ဖမ်းဆီးခဲ့ရာမှာ နိုင်ငံခြားသား ၂၀၆၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ ၁၂၈၉ ဦး၊ ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦးနဲ့ တခြားနိုင်ငံသား ၁၃၇ ဦး ပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက

Read More
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ ရပ်တည်ဖို့ခက်ခဲလာ

အောက်တိုဘာ ၉ရက်၊ အရုဏ်ဦး အေဂျင်စီအရေအတွက် ဖောင်းပွလာပြီး၊စျေးကွက်ယှဥ်ပြိုင်မူများလာတာ၊ လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့မူဝါဒမတည်ငြိမ်မှုတွေကြောင့် ဆက်ပြီးရပ်တည်ဖို့ခက်ခဲလာတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တချို့က ပြောပါတယ်။ လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀နီးပါးရှိလာပေမယ့် လုပ်သားခေါ်ယူတဲ့စျေးကွက်က သိသာစွာတိုးမြှင့်လာတာမရှိလို့ စျေးကွက်လုယူမှု ပြဿနာတွေလည်းရှိနေတယ်လို့ သူတို့က ဆိုပါတယ်။ “ မလေးရှားဆိုလည်းပိတ်ထားတယ်။ထိုင်းကိုပဲပြန်စုပုံနေကြရတာ။ တချို့ကနိူင်ငံအသစ်စျေးကွက်ရှာပေမယ့်၊သိပ်ပြီး လုပ်သားစျေးကွက်ကောင်းမနေဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လုပ်သားစေလွှတ်ရာမှာ ပြည်ပထွက်ခွာခွင့်အသက်အကန့်သတ်ရှိနေတာကြောင့်လည်း တဖက်က လိုချင်တဲ့ အရွယ်နဲ့ညှိနေလို့ လက်လွတ်လိုက်ရတာတွေရှိနေတယ်လို့လည်း ဆိုပါတယ်။ “ တဖက်ကလိုချင်တာက အသက်၂၀နဲ့၃၀ကြားအရွယ်အမျိုးသား၊ဒီမှာက အဲဒီအရွယ်ကိုပြည်ပထွက်ခွင့်ပတ်ထားတော့ အဆင်မပြေဘူး။အဲဒါနဲ့တခြားနိုင်ငံကလုပ်သားပဲခေါ်တော့တာမျိုးစျေးကွက်ပျက်ရတာမျိုးတွေပါရှိလာတာ” လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စေလွှတ်လုပ်သားရဲ့လွှဲပို့ငွေနဲ့ပတ်သက်လို့ အေဂျင်စီတွေကို တာဝန်ယူဖို့ဖိအားပေးထားတာတွေကြောင့်လည်း အခက်အခဲဖြစ်စေပြီး လုပ်ငန်းဆက်လုပ်ဖို့စိတ်ပျက်လာသူတွေရှိနေတယ်လို့လည်းသူတို့က ပြောပါတယ်။

Read More
အလုပ်သမား သတင်း

မြန်မာရေလုပ်သားတစ်ဦး မြုံးလှေပေါ်က ပြုတ်ကျလို့ ရှာဖွေနေ

အောက်တိုဘာ ၈ရက် မောင်နေ့သစ်၊Migrant Times ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းနယ်မြေအတွင်းက ကဏာန်းမြုံးလှေမှာ လုပ်ကိုင်နေတဲ့ မြန်မာရေလုပ်သားတစ်ဦး ရေထဲပြုတ်ကျသွားခဲ့ပါတယ်။ ရနောင်းကနေ နန်ယွန်( ကူရဘူရီ)ကို ကမ်းကပ်တဲ့ စက်လှေဖြစ်ပြီး ပင်လယ်အတွင်း ကဏာန်းဖမ်းတဲ့ လှေလို့ သိရပါတယ်။ ” ဒီနေ့ ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ယောက် လှေ သားတစ်ယောက် လှေပေါ်ကနေ ကျပြီးတော့ ရေထဲပျောက်သွားတယ်။ ပျောက်ဆုံးနေတဲ့ မြန်မာလှေသားကို ရှာဖွေနေပေမယ့် ရှာလို့မတွေ့သေးဘူး “ လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ကိုအန်ထိုက Migrant Times ကို ပြောပါတယ်။ ကဏာန်းမြုံးထောင်တဲ့ စက်လှေပါ်မှာ မြန်မာရေလုပ်သား ၁၀ ဦးခန့် လုပ်ကိုင်နေပြီး ရေထဲပြုတ်ကျလို့ ပျောက်ဆုံးနေသူအမျိုးသားဟာ ကိုကရင် အသက် ၄၂ အရွယ်ခန့်လို့လည်း သိရပါတယ်။ အဆိုပါ စက်လှေဟာ ဒီနေ့

Read More