နိုဝင်ဘာ 9, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

လာအိုအစိုးရက အနိမ့်ဆုံးလုပ်ခလစာ ၃ဆတိုးမြှင့်ပေး

အောက်တိုဘာ ၂၉ ရက်၊ Migrant Times လာအိုနိုင်ငံမှာ အနိမ့်ဆုံလုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၄ဒေါ်လာ(လာအိုကစ် ၃ သိန်း)က​နေ အမေရိကန်ဒေါ်လာ ၄၁ဒေါ်လာ(လာအိုကစ် ၉သိန်း)အထိ တိုးမြှင့်လိုက်ပါတယ်။ လူနေမှုစရိတ်မြင့်မားမှုကြောင့် လာအိုအစိုးရဟာ ရုတ်တရက် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးလိုက်တာဖြစ်ပြီး လုပ်ခလစာနှုန်းထား တိုးမြှင့်ကြောင်း အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ရက်မှာ ကြေညာခဲ့တာပါ။ အနိမ့်ဆုံးလုပ်ခလစာအသစ်ဟာ ၂၀၂၄ခုနှစ်အောက်တိုဘာလ ၁ရက်မှာ စတင်အသက်ဝင်မှာပါ။ လုပ်ခလစာအသစ်ဟာ အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်တို့ထက် နိမ့်နေပေမယ့် လုပ်ခလစာကို ဒေသတွင်းစံနှုန်းတွေနဲ့ ချိန်ညှိပြီး လာအိုအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးအခြေအနေမှန်တွေကို ဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုကြောင်း အလုပ်သမားဝန်ကြီးကပြောပါတယ်။ ကိုးကား -VDB.Loi

Read More
အလုပ်သမား သတင်း

လာအိုနဲ့ အလုပ်သမားရေးရာလက်မှတ်ထိုးပြီးနောက် မြန်မာအေဂျင်စီတွေ လုပ်သားစေလွှတ်ဖို့ ပြင်ဆင်

အောက်တိုဘာ၂၈ရက်၊အရုဏ်ဦး လာအိုနိုင်ငံနဲ့အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီးနောက် မြန်မာဖက်ကအေဂျင်စီတွေ လုပ်သားစေလွှတ်နိုင်ရေးအပြိုင်ကြိုးပမ်းတာတွေရှိလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။ လာအိုအလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ မြန်မာစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန​တို့အနေနဲ့ အလုပ်သမားရေးရာနားလည်မှုစာချွန်လွှာကို အောက်တိုဘာနောက်ဆုံးအပတ်မှာ လက်မှတ်ရေးထိုးခဲ့တာကြောင့် ပြည်ပလုပ်သားစေကွက်အသစ်အတွက်ပြင်ဆင်မှုတွေအားကောင်းလာတာလို့ ဆိုပါတယ်။ “ လက်မှတ်မထိုးခင်ကတည်းကပို့နေတဲ့အေဂျင်စီတွေရှိတယ်။အခြေအနေစောင့်ကြည့်သူတွေလည်းရှိတယ်။အခုက လမ်းပိုပွင့်သွားတဲ့သဘောဖြစ်တော့ ကြိုးပမ်းတာတွေပိုများလာတာ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီဒါရိုက်တာတစ်ဦးက ပြောပါတယ်။ လာအိုနိုင်ငံက အေဂျင်စီတွေကတဆင့် စက်ရုံလုပ်ငန်းတွေအတွက် မြန်မာလုပ်သားခေါ်ယူတာတွေရှိနေတာ ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့လုပ်ခနှုန်းဟာ ဒေသတွင်း မြန်မာလုပ်သားတွေသွားရောက်လုပ်ကိုင်မှုများတဲ့ ထိုင်း၊မလေးရှားနိုင်ငံတွေလောက် မများပေမယ့် ပြည်တွင်းလုပ်အားခထက်သာလွန်တာကြောင့် စိတ်ဝင်စားခံရမှုရှိနေတာ ဖြစ်ပါတယ်။ “ လာအိုမှာက တစ်လကိုအခြေခံလစာ ဒေါ်လာ၂၀၀လောက်ရတယ်။ဝန်ဆောင်ခကလည်း တခြားနိုင်ငံတွေထက်နည်းတယ်။ပြည်ပကိုထွက်ရပြီးရောဆိုသူတွေအတွက် လမ်းကြောင်းအသစ်ဖြစ်တာပေါ့။ဒါပေမယ့်လုပ်သားခေါ်ယူမှုက သိပ်မများသေးဘူး” လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတာကြောင့် အောက်လမ်းကနေသွားရောက်လုပ်ကိုင်သူတွေ နဂိုကတည်းကရှိနေခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

Read More
အလုပ်သမား သတင်း

ကနေဒါမှာ နိုင်ငံပြောင်းရွှေ့အခြေချသူ လက်ခံတဲ့ဦးရေ လျှော့ချလိုက်လို့ လုပ်သားရှားပါးလာနိုင်

အောက်တိုဘာ ၂၇ ရက် ခွန်သောမတ်စ်၊ Migrant Times ကနေဒါအစိုးရဟာ လူဦးရေတိုးပွားမှုကို ရပ်တန့်ဖို့ နိုင်ငံပြောင်းရွှေ့အခြေချသူ လက်ခံတဲ့ဦးရေ လျှော့ချလိုက်တာကြောင့် လုပ်သားရှားပါးလာနိုင်ဖွယ်ရှိနေပါတယ်။ ကနေဒါနိုင်ငံမှာ အိုးအိမ်ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကို ထိန်းညှိဖို့ အစီအစဥ်အတွက် အမြဲတမ်း နေထိုင်ခွင့်လျှောက်ထားတဲ့နိုင်ငံခြားသားဦးရေကို လျှော့ချမယ်လို့ ကြေညာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကြား လုပ်သားရှားပါးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှု တိုးလာကြောင်း Bloomberg သုတေသန မှတ်တမ်းက ဆိုပါတယ်။ COVID-19 ကပ်ရောဂါကာလပြီးတဲ့နောက် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေရပြီး ဟန်ချက်မညီဘဲ လူဦးရေ တိုးပွားလာမှုကို အစိုးရအနေနဲ့ ဖြေရှင်းမှာဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြောပါတယ်။ ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားသူဦးရေကို ၂၀၂၄ ခုနှစ်မှာ ၄၈၅၀၀၀ ဦးကနေ

Read More
အလုပ်သမား သတင်း

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် CI စင်တာတစ်ခု စမွတ်စခွန်မှာ နောက်လဖွင့်မယ်

အောက်တိုဘာ ၂၄ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI- Certificate of Identity) လျှောက်ထားနိုင်တဲ့ CI စင်တာတစ်ခုကို စမွတ်စခွန်မှာ နောက်လဖွင့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားစီမံခန့်ခွဲမှု အမျိုးသားအဆင့်ကော်မတီရဲ့အောက်တိုဘာလ ၂၁ ရက်အစညး်အဝေးအပြီးမှာ အလုပ်သမားဝန်ကြီးက အခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေအတွက် CI စာအုပ်လုပ်ဆောင်နိုင်ဖို့နဲ့ အောက်တိုဘာလ ၃၁ ရက်မှာ စာအုပ်သက်တမ်းကုန်မယ့်သူတွေ သက်တမ်းတိုးလုပ်ဆောင်နိုင်ဖို့ CI စင်တာကို ဖွင့်လှစ်တာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ စမွတ်စခွန်က CI စင်တာကို လာမယ့် ဧပြီလအထိ ဖွင့်လှစ်မှာဖြစ်ပြီး CI စာအုပ်လုပ်မယ့်သူဦးရေ များလာရင် CI

Read More
အလုပ်သမား သတင်း

စင်ကာပူမှာ PVပတ်စ်ပို့ကိုင်ထားတဲ့မြန်မာလုပ်သားတွေကို PJပတ်စ်ပို့ ပြောင်းပေးမယ်

အောက်တိုဘာ ၂၄၊အရုဏ်ဦး စင်ကာပူမှာ အလည်အပတ်ပတစ်ပို့(PV)ကိုင်ထားသူတွေ မြန်မာနိုင်ငံသားကို အလည်အပတ်ပြန်ရာမှာအခက်မတွေ့ရအောင် အလုပ်အကိုင်ပတ်စ်ပို့(PJ)ပြောင်းလဲပေးသွားမယ်လို့ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။ စင်ကာပူနိုင်ငံမှာ PVပတ်စ်ပို့နဲ့ ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး ဝင်ငွေအခွန်ပေးဆောင်ထားတဲ့မြန်မာလုပ်သားတွေ နေရပ်ပြန်ရာမှာအခက်မတွေ့ရအောင်ဆောင်ရွက်ပေးမှာလို့ ဆိုပါတယ်။ ပတ်စ်ပို့အမျိုးအစားပြောင်းလဲလိုသူတွေအနေနဲ့ သံရုံးရဲ့ whatsappကတဆင့်ရက်ချိန်းရယူနိုင်ပြီး အသွား/အပြန်လေယာဥ်လက်မှတ်၊သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ကတ်၊နိူင်ငံကူးလက်မှတ်၊ အလုပ်ရှင်/ကုမ္ပဏီရဲ့ခွင့်စာတင်ပြရမယ်လို့ ဖော်ပြထားပါတယ်။ ပတ်စ်ပို့အမျိုးအစားပြောင်းဖို့အတွက် အချက်အလက်ပြည့်စုံရင် နှစ်ပတ်လောက်ကြိုတင်ရက်ချိန်းယူရမှာဖြစ်ပြီး၊နာရေးလိုအရေးပေါ်ကိစ္စကြောင့် မြန်မာနိုင်ငံပြန်ရမယ့်သူတွေအနေနဲ့အချက်အလက်အပြည့်အစုံနဲ့ရုံးချိန် အတွင်းဝန်ဆောင်မူရယူနိုင်တယ်လို့ ဆိုပါတယ်။ “ အလည်ပြန်မယ့်သူတွေအတွက်ကတော့PJပြောင်းဖို့လိုမယ်။အဲဒါမှပြန်ထွက်ဖို့လွယ်မှာ။PJပြောင်းရင်တော့မိသားစုဆီလွှဲပို့အထောက်အထားပြရမယ့်ပြသနာတော့ရှိတယ်။မပြန်ဖြစ်တဲ့သူတွေကတော့ဒီအတိုင်း PVပဲကိုင်ထားကြမှာ” လို့ စင်ကာပူရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။ လက်ရှိမြန်မာနိုင်ငံကို အလည်ပြန်ပြီး ပြန်ထွက်မယ့် Pvပတ်စ်ပို့ကိုင်ထားသူတွေလေဆိပ်မှာတားမြစ်ခံရတာတွေရှိလာပြီးနောက်အခုလို မူအပြောင်းအလဲရှိပါတယ်။

Read More
အလုပ်သမား သတင်း

ဖူးခတ်မြေပြိုကျမှုမှာ သေဆုံးသွားတဲ့ မြန်မာတွေအတွက် ကျန်ရစ်မိသားစုတွေကို ဘတ်သုံးသောင်းစီ ပေးအပ်

မောင်နေ့သစ်၊ အောက်တိုဘာ ၂၃၊ Migrant Times ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်မြို့ ကရွန်းနယ်မြေမှာ သြဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာ သွန်းခဲ့မှုတာကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ မြေပြိုကျမှုကြောင့် မြန်မာလုပ်သား (၈) ဦး သေဆုံးခဲ့ပြီး သူတို့တွေအတွက် ဖူးခတ်မြို့ မြူနီစပယ် (စည်ပင်သာယာ)ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ကနေ နာရေး အကူငွေနဲ့ ကရုဏာထောက်ပံ့ကြေးများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ “ မြူနီစပယ်ကနေထောက်ပံ့ကြေးပေးတာပါ။ တောင်ပြိုပြီး သေဆုံးသွားတဲ့လူတွေအတွက် တစ်ယောက်ကို ၃သောင်းနှုန်းနဲ့ပေးတာ ရှစ်ယောက်ဆိုတော့ ၂သိန်း ၄သောင်းရတယ်။ ဖြစ်စဥ်တုန်းကတော့ အသုဘစရိတ်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထောက်ပံ့ကြေးအနေနဲ့ ၈ထောင်လားမသိဘူးပေးသေးတယ်။ သေဆုံးသွားတဲ့အထဲမှာ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးမှာတော့ ပကန်စံခွန်ရှိတဲ့အတွက် အသုဘစရိတ်အနေနဲ့ တစ်ဦးကို ၄ သောင်းစီရကြတယ်။ ဒီကနေ့ပေးတာကတော့ မြူနီစပယ်က ကရုဏာကြေးအပြင်

Read More
အလုပ်သမား သတင်း

ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာမရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီးပြော

အောက်တိုဘာ ၂၂ရက် ခွန်သောမတ်စ်၊ Migrants Times ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းလူမျိုးတွေထက် အခွင့်အရေးပိုပေးတာ မရှိဘူးလို့ ထိုင်းအလုပ်သမား၀န်ကြီး Mr. Pipat Ratchakitprakarn က ပြောဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမားရေးရာဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့ ပြဋ္ဌာန်းချက်တို့အရ အလုပ်သမားတွေကို တန်းတူရည်တူ ဆက်ဆံပြီး နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ပိုင်ခွင့် ပိုပေးတာ မရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းလူမျိုးတွေအတွက် သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေကို ဝင်ရောက်စွက်ဖက်တာကို တားမြစ်ထားကြောင်း Mr. Pipat Ratchakitprakarn က ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ထိုင်းလူမျိုး အလုပ်သမားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ် အားလုံးကို တန်းတူ အလုပ်သမား အခွင့်အရေးပေးရမယ်ဆိုတဲ့ ILO ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Read More
အလုပ်သမား သတင်း

ထိုင်းက ဈေးဝယ်စင်တာကို သေနတ်နဲ့ပစ်မယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်ရဲ့ ဖုန်းဟာ အဟက်ခံထားရပြီး သူ ရေးသားတာမဟုတ်ဘူးလို့ဆို

အောက်တိုဘာ ၂၁ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ပစ်ခတ်မယ်လို့ ဖေ့စ်ဘွတ်မှာ ပို့စ်တင်ရေးသားမှုနဲ့ မြန်မာလူငယ်တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးစစ်ဆေးခဲ့ရာ အဲဒီလူငယ်ဟာ ပို့စ်တင်ရေးသားသူမဟုတ်ဘဲ သူ့ဖုန်းဟာ အဟက်ခံထားရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်းမှာ နေထိုင်တဲ့ အသက်၂၂ နှစ်အရွယ် မြန်မာလူငယ်ရဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တိုဘာလ ၁၇ ရက်မှာ ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ ပစ်ခတ် မယ်လို့ ခြိမ်းခြောက်ရေးသားခဲ့တာပါ။ သူ့ရဲ့ အလုပ်ရှင်က ဘတ် ၆၀၀ဝ လိမ်လည်သွားပြီး ပိုက်ဆံပြန်တောင်းတဲ့အခါမှာ သူ့ကို ကိုယ်ထိလက်ရောက်ပြုလုပ်တာကြောင့် ရဲစခန်းမှာ နှစ်ကြိမ် တိုင်တန်းပေမဲ့ ရဲက အေရးယူ မပေးတာကြောင့် ခေါင်ကယ်မြို့က ဈေးဝယ်စင်တာကို သေနတ်နဲ့ ပစ်ခတ်မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ

Read More