ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့
ရနောင်းလဝက အချုပ်မှ မြန်မာ ၆၀၀ ကျော်ကို ကော့သောင်း ပြန်ပို့ ဖေဖော်ဝါရီ ၂ ရက်၊ Migrant Times ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးလွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော်ဟာ ရနောင်း လ၀က အချုပ်ခန်းကနေ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ပြန်လွတ်လာတယ်လို့ သိရပါတယ်။သူတို့ကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းကေန Grand Andaman ကုမ္ပဏီပိုင် လှေတွေနဲ့ မြန်မာအာဏာပိုင်တွေက လာရောက်ကြိုဆိုခဲ့ပါတယ်။မြန်မာဘက်ကို ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားထဲမှာ အမျိုးသား ၅၃၄ ဦးနဲ့ အမျိုးသမီး ၁၃၆ ဦး၊ စုစုပေါင်း ၆၇၀ ဦးဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ လုပ်သား ၂ ဦးပါရှိတယ်လို့ သိရပါတယ်။ ကော့သောင်းခရိုင် ဒေသခံတွေကလွဲပြီး ကျန်ဒေသကသူတွေကို ရေတပ်စစ်သင်္ဘောတွေနဲ့မြိတ်၊
