နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ၊ ဘန်ပူမှာ ပွဲစားဆိုသူ မြန်မာတစ်ဦး အသတ်ခံရ ဖေဖော်ဝါရီ ၁၅ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဘန်ပူမြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ သူ့ရဲ့နေအိမ်ခန်းအတွင်းမှာ ဓားနဲ့ထိုးသတ်ခံထားရပြီး ရွှေဆွဲကြိုးနဲ့ လက်စွပ်ကို လုယက်ယူဆောင်သွားခံရတယ်လို့ ထိုင်းအာဏာပိုင်တွေက သံသယရှိနေပါတယ်။ဘိုမိုးဟိန်းလို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် သေဆုံးသူအမျိုးသားဟာ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်ရှာဖွေပေးတဲ့ ပွဲစားအလုပ်ကို လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။နေအိမ်တိုက်ခန်းအတွင်းမှာ ရင်ဘတ်နဲ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့တာကြောင့် ရန်ငြိုးရှိသူဖြစ်နိုင်ပြီး သေဆုံးသူနဲ့ အသိမိတ်ဆွေဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆနေကြပါတယ်။လက်ရှိမှာ တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် အခင်းဖြစ်ပွားရာနေရာတစ်ဝိုက်က CCTV မှတ်တမ်းတွေအပါအဝင် စစ်ဆေးမှုတချို့ပြုလုပ်နေတယ်လို့ သိရပါတယ်။             

Read More
အလုပ်သမား သတင်း

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းခံရ ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times ပြည်ပအကိုင်ရှာဖွေရေးအေဂျင်စီ ၇ ခု လိုင်စင်ယာယီပိတ်သိမ်းအရေးယူခံထားရတယ်လို့ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ကြေညာပါတယ်။အဲဒီဌာနက အေဂျင်စီတွေအပေါ် နောက်ဆုံးအရေးယူထားမှုစာရင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အေဂျင်စီ ၇ ခုဟာ ခြောက်လကနေ တစ်နှစ်အထိ လိုင်စင်ပိတ်သိမ်းခံထားရတာလို့သိရပါတယ်။၂၀၂၂ ခုနှစ် ဇူလိုင်လမှာ Moe Moe Family General ကုမ္ပဏီက လိုင်စင်ခြောက်လပိတ်သိမ်းခံရပြီး ဒီနှစ် ဇန်နဝါရီလမှာတော့ အရေးယူခံရတဲ့ကာလပြည့်မြောက်ခဲ့ပါတယ်။ ယခင်နှစ် စက်တင်ဘာလမှာ Labour King ကုမ္ပဏီက လိုင်စင် တစ်နှစ်၊ နိုဝင်ဘာလမှာ Shwe Phyo Thar ကုမ္ပဏီက လိုင်စင် တစ်နှစ်နဲ့

Read More
အလုပ်သမား သတင်း

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး

ထိုင်းရောက် မြန်မာတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ သက်တမ်းတိုးပေး ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး အခု ဖေဖော်ဝါရီလ ၁၃ ရက်က အလုပ်လုပ်ခွင့်(Work Permit)သက်တမ်းကုန်သွားတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းအစိုးရက Work Permit သုံးလ ထပ်မံသက်တမ်းတိုးပေးလိုက်ပါတယ်။PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖေဖော်ဝါရီလ ၁၃ ရက်က Work Permit သက်တမ်းကုန်သူတွေကို မေလ ၁၅ ရက်အထိ ဆက်လက်နေထိုင်ခွင့်ပြုလိုက်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ထားတာပါ။အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ ဖေဖော်ဝါရီလ ၁၃ ရက်ကနေ မေလ ၁၅ ရက်အထိ လျှောက်ထားနိုင်ပြီး သတ်မှတ်ချက်ပြည့်စုံသူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ်

Read More
အလုပ်သမား သတင်း

မလေးရှားနိုင်ငံမှ ခွင့်ပြန်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်စာရွက်စာတမ်းအတု တင်ပြတဲ့ အလုပ်သမားတွေစစ်ဆေးခံရမယ်

မလေးရှားနိုင်ငံမှ ခွင့်ပြန်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်စာရွက်စာတမ်းအတု တင်ပြတဲ့ အလုပ်သမားတွေစစ်ဆေးခံရမယ် ဖေဖော်ဝါရီ ၁၄ ရက်၊ Migrant Times မလေးရှားနိုင်ငံမှခွင့်ပြန်ဆိုပြီး အလုပ်လုပ်ခွင့်ပါမစ်အတွက်စာရွက်စာတမ်းအတု တင်ပြခဲ့တဲ့အလုပ်သမားတွေအနေနဲ့ စစ်ဆေးမှုခံယူရမယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးရုံးက ​ကြေညာချက်ထုတ်ပြန်ပါတယ်။အလုပ်သမား ၂၂ ဦးဟာ အလုပ်လုပ်ခွင့်ပါမစ်အတွက် စာရွက်စာတမ်းအတုတွေ တင်ပြခဲ့တာဖြစ်ပြီး အဲဒီအလုပ်သမားတွေအနေနဲ့ အချိန်နှစ်ပတ်အတွင်း စစ်ဆေးမှုခံရမယ်လို့ ဆိုပါတယ်။အဲဒီအလုပ်သမားတွေဟာ နေပြည်တော်ရှိ အလုပ်သမားညွန်ကြားရေးဦးစီးဌာန(ရုံးချုပ်)မှာ စစ်ဆေးခံရမှာဖြစ်ပြီး စာရွက်စာတမ်းအတုပြုလုပ်တယ်ဆိုတဲ့အလုပ်သမားတွေရဲ့အမည်စာရင်းကိုပါ ထုတ်ပြန်ထားပါတယ်။ စစ်ဆေးမှုခံယူတဲ့အလုပ်သမားတွေကို အရေးယူဖို့မရှိဘဲ စစ်ဆေးခံဖို့ ပျက်ကွက်သူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ညှိနှိုင်းပြီး ပြည်ပထွက်ခွင့်ပိတ်တဲ့အထိ Black List စာရင်းသွင်း အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။” စာရင်းထဲမှာတော့မလေးရှားသွားမယ့် အလုပ်သမားတွေမှာ မသမာမှုရှိတယ်ဆိုတာပေါ့။ ဘယ်လိုအချက်တွေလိမ်လည်ထားလဲဆိုတာတော့ မသိရဘူး ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။မလေးရှားနိုင်ငံကို အေဂျင်စီ ၂၀၀ လောက်ကအလုပ်သမားစေလွှတ်နေတာဖြစ်ပြီး သွားရောက်လုပ်ကိုင်နေသူများပြားနေပါတယ်။   

Read More
အလုပ်သမား သတင်း

လှေတစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၁ ဦးကို ထိုင်းရေတပ် ဖမ်းဆီး

လှေတစ်စီးပေါ် လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၁ ဦးကို ထိုင်းရေတပ် ဖမ်းဆီး ဖေဖော်ဝါရီ ၁၃ရက်၊ Migrant Times ကော့သောင်းဘက်ကနေ လှေတစ်စီးနဲ့ ရနောင်းဘက်ခြမ်းကို ဝင်ရောက်ဖို့ကြိုးစားတဲ့ တရားမဝင်မြန်မာလုပ်သား ၂၁ ဦးနဲ့ ဦးဆောင်ခေါ်လာသူတစ်ဦးတို့ကို ထိုင်းရေပိုင်နက်လုံခြုံရေးစစ်သားတွေက ဖမ်းဆီးလိုက်ပါတယ်။မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ကနေပြီး ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ဘက်ကို လှေတစ်စင်းနဲ့ တရားမဝင် မြန်မာလုပ်သားတွေကို သယ်ယူပို့ဆောင်ဖို့ရှိတယ်လို့ ရေလယ်ကျွန်းထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်မှ သတင်းကြိုတင်ရရှိတာကြောင့် မနေ့က ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ လုံခြုံရေးစစ်သားတွေနဲ့ အင်အားပူးပေါင်းပြီး သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အဲဒီတရားမဝင် မြန်မာလုပ်သား ၂၁ ဦးစလုံးဟာ ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ လန်စွမ်မြို့နယ်ထဲက တစ်နေရာမှာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ အဲဒီအလုပ်နေရာကိုရောက်ဖို့အတွက် ပွဲစားခ

Read More
စီးပွားရေး အလုပ်သမား သတင်း

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် အေဂျင်စီ ၄ ခုကနေ မြန်မာလုပ်သား ၅၀၀ ဦး စေလွှတ်ခွင့်ရ

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် အေဂျင်စီ ၄ ခုကနေ မြန်မာလုပ်သား ၅၀၀ ဦး စေလွှတ်ခွင့်ရ ဖေဖော်ဝါရီ ၁၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံရှိ သင်္ဘောကျင်းလုပ်ငန်းအတွက် ပြည်တွင်းရှိအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ ခုက မြန်မာလုပ်သား ၅၀၀ ဦး စေလွှတ်ခွင့်ရတယ်လို့ ကိုရီးယားသတင်းတွေအရ သိရပါတယ်။သင်္ဘောကျင်းလုပ်ငန်း E-7 ဗီဇာနဲ့ အလုပ်သမားတွေကို အစိုးရမဟုတ်တဲ့အေဂျင်စီတွေက အထူးအခွင့်အရေးအနေနဲ့ စေလွှတ်ခွင့်ရတာဖြစ်ပါတယ်။သင်္ဘောကျင်းလုပ်သားစေလွှတ်ခွင့်ရတဲ့အေဂျင်စီတွေက Thu Kha Su Sanကုမ္ပဏီ၊ Abourfield Employee Agencyကုမ္ပဏီ၊ Aries Marine ကုမ္ပဏီ၊Royal Gateကုမ္ပဏီတို့ဖြစ်ပြီး ဒီနှစ်အတွက် အလုပ်သမား ၅၀၀ ဦး စေလွှတ်ခွင့်ရမှာလို့ သတင်းတွေက ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က EPS စနစ်နဲ့အလုပ်သမားစေလွှတ်နေတာဖြစ်ပြီး သင်္ဘောကျင်းလုပ်သားတွေကိုတော့ ပုဂ္ဂလိကအေဂျင်စီက စေလွှတ်ခွင့်ရတာဖြစ်ပါတယ်။POEA

Read More
အလုပ်သမား သတင်း

ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး

ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်နေသူတွေကို တိုင်ကြား၊ ဖမ်းဆီး ဖေဖော်ဝါရီ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ပလွှတ်ဒန်င်၊ မဟာချိုင်နဲ့ တာ့ခ်ခရိုင်အတွင်းက စက်ရုံတချို့ကို ထိုင်းအာဏာပိုင်တွေက ဝင်‌ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်သမားတွေနဲ့ နေထိုင်သူတွေကို ဖမ်းဆီးနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ဒီလိုမျိုးဝင်ရောက် စစ်ဆေးဖမ်းဆီးမှုတွေဟာ တိုင်ကြားမှုတွေကြောင့်ဖြစ်ပြီး အဖမ်းခံရသူ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာလည်း မြန်မာနိုင်ငံသားတွေ တရားမဝင်နေထိုင်  ​နေကြောင်း တိုင်ကြားမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက နေအိမ်တွေအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်​နေပါတယ်။ဒါကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် တိမ်း‌ရှောင်နေထိုင် နေရသူတွေအနေနဲ့ ထိုင်းနိုင်ငံက ဉပဒေတွေကို လေးစားလိုက်နာဖို့နဲ့ သတိထားနေထိုင်ကြဖို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားနေသူတွေက သတိပေးထားပါတယ်။       

Read More
အလုပ်သမား သတင်း

လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား

လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား ဖေဖော်ဝါရီ ၁၂ ရက်၊Migrant Times ထိုင်းနိုင်ငံမှာ ရသင့်ရထိုက်တဲ့ လုပ်ခလစာတောင်းခံထားမှုကို သူဌေးဖြစ်သူကမပေးဘဲ လုပ်အားခလိမ်လည်တယ်ဆိုပြီးပြောတာကြောင့် မြန်မာအလုပ်သမားသုံးဦးက အလုပ်ရှင်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ကာ ထိုင်း – မြန်မာနယ်စပ်ကို ထွက်ပြေးသွားပါတယ်။ဖေဖော်ဝါရီ ၈ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဝမ်ကျောင့်မြို့နယ်၊ ချင်ထွန်ကျေးရွာ၊ အုပ်စု (၁၁) ဘန့်ပန်ဆန်ကစီရွာတောင်ကုန်းပေါ်က ဂျင်းစိုက်ခင်းခြံတစ်ခုပေါ်မှာ လုပ်အားခကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားသုံးဦးကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်က အဲ့ဒီဒေသမှာရှိတဲ့ ဂျင်းစိုက်ခင်းခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သားအဖ ၃ ဦးက မိမိရသင့်ရထိုက်တဲ့ လုပ်အားခလစာတောင်းခံထားမှုအပေါ် သူဌေးဖြစ်သူကမပေးဘဲ လိမ်လည်ခံရတယ်လို့ဆိုပြီး ပြောသောကြောင့် အငြိုးနဲ့ အဲ့ဒီအလုပ်ရှင်နဲ့ မိသားစုဝင် ၅ ဦးကို

Read More
အလုပ်သမား သတင်း

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို

ပတ်စ်ပို့အခက်အခဲဖြေရှင်းပေးဖို့ ကိုရီးယားသွားမယ့်မြန်မာလုပ်သားတွေ အစိုးရအေဂျင်စီကို တောင်းဆို ဖေဖော်ဝါရီ ၁၁ ရက်၊ Migrant Times လက်ရှိဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့လုပ်မရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့သွားရောက်မယ့် အလုပ်သမားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီဆီ အကူအညီတောင်းခံနေကြတယ်လို့သိရပါတယ်။မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်စ်ပို့လဲလှယ်ဖို့၊ သက်တမ်းတိုးဖို့အရေးတကြီးလိုအပ်နေပေမယ့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က လုပ်ငန်းတွေ ရပ်နားထားတာကြောင့် အခက်အခဲတွေရှိနေကြတာလို့ဆိုပါတယ်။အဲဒါကြောင့် ဌာနဆိုင်ရာချင်းချိတ်ဆက်ဆောင်ရွက်ဖြေရှင်းပေးဖို့ EPSလုပ်သားတွေက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ရဲ့ ဖေ့ဘွက်ခ်ပေ့အောက်မှာ မှတ်ချက်တွေရေးပြီးတောင်းဆိုနေကြတာဖြစ်ပါတယ်။ “ တချို့ ထွက်ရဖို့က ကပ်နေပြီး ပတ်စ်ပို့သက်တမ်းကသိပ်မကျန်တော့ဘူး။ဒါတွေကိုဖြေရှင်းဆောင်ရွက်ပေးဖို့ဝိုင်းပြောပေမယ့် အကြောင်းပြန်တာမရှိဘူး” ဟု EPSလုပ်သားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို အလုံးအရင်းနဲ့ဆက်တိုက်ခေါ်နေပေမယ့် ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပတ်စ်ပို့ပြုလုပ်မရတဲ့ပြဿနာကြောင့် ရေရှည်မှာထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်းအလုပ်သမားတွေကဆိုပါတယ်။မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဟာ ဇန်နဝါရီလလယ်ကစလို့ ပတ်စ်ပို့ပြုလုပ်ပေးတဲ့လုပ်ငန်းအလုံးစုံကိုရပ်နားလိုက်တာဖြစ်ပါတယ်။အခုအချိန်အထိလည်း ပြန်လည်ခွင့်ပြုဆောင်ရွက်ပေးမယ့်အစီအစဥ်ကိုအသိပေးထုတ်ပြန်တာမရှိသေးတာကြောင့် ပြည်ပသွားရောက်မယ့်သူတွေအခက်အခဲများစွာကြုံနေကြရတယ်လို့လည်းသိရပါတယ်။                 

Read More
အလုပ်သမား သတင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း

ဟောင်ကောင်သင်္ဘောနစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၅ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ရေပြင်ရှာဖွေမှုတွေ ရပ်ဆိုင်း ဖေဖော်ဝါရီ ၁၀ ရက်၊ Migrant Times တောင်ကိုရီးယားရေပိုင်နက်အတွင်း ဇန်နဝါရီလ၂၅ ရက် က ဟောင်ကောင်ကုန်တင်သင်္ဘော Jin Tian နစ်မြုပ်မှုမှာ မြန်မာသင်္ဘောသား ၈ ဦး ပျောက်ဆုံးသွားတဲ့အနက် ၂ ဦးကို သေဆုံးလျက်၊ တစ်ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့ပေမယ့် ၅ ဦးဟာ ဒီနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးအတွက် ရှာဖွေရေးလုပ်ငန်း​ေတွကို ဂျပန်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပေမယ့် ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး ဝေဟင်ကပဲ ရှာဖွေမှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုကျိုမြို့၊ မြန်မာသံရုံးက ဒီ​နေ့သတင်းထုတ်ပြန်ပါတယ်။           

Read More