နိုဝင်ဘာ 11, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

အလုပ်သမား သတင်း

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်ဝင်ခွင့်ရ ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေ ဒီနေ့ အလုပ်ပြန်ဝင်ခွင့်ရကြောင်း ကာယကံရှင်အလုပ်သမားတွေဆီက သိရပါတယ်။အဲဒီစက်ရုံကအလုပ်သမား ၂၆ ဦးဟာ စက်ရုံအတွင်းဆန္ဒပြမှုမှာပါဝင်တာကြောင့် အောက်တိုဘာလကုန်ပိုင်းမှာ အလုပ်ကထုတ်ခံလိုက်ရတာဖြစ်ပါတယ်။အဲဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆို၊ညှိနှိုင်းမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီး ဒီနေ့မှာ အားလုံးပြီးပြတ်သွားတာလို့ဆိုပါတယ်။” အလုပ်ပြန်ဝင်ဖို့ကျန်တဲ့သူအကုန်ပြန်ဝင်ခွင့်ရတာပါ” လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ အလုပ်ထုတ်ခံထားရတဲ့အလုပ်သမား ၂၆ဦးမှာ ၁၃ဦးက ရသင့်တဲ့နစ်နာကြေးတွေယူပြီးအလုပ်ကနေထွက်သွားတယ်လို့သိရပါတယ်။ကျန်၁၃ဦးမှာ ၃ဦးက ဒီဇင်ဘာလကတည်းက လုပ်ငန်းခွင်ပြန်ဝင်နေပြီး ၁၀ဦးကတော့ညှိနိူင်းမှုတွေဆက်လုပ်ကာ ဒီနေ့မှ အလုပ်ပြန်ဝင်ကြတာဖြစ်ပါတယ်။မြန်မာပေါင်ချိန် ဖိနပ်စက်ရုံဟာ Adidas ဖိနပ်ကိုချုပ်နေတာဖြစ်ပြီး အလုပ်သမား ၇၀၀၀ လောက်နဲ့လည်ပတ်နေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။                   

Read More
အလုပ်သမား သတင်း

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times CDM လုပ်ထားသူတွေကို MOU စနစ်နဲ့ ပြည်ပကိုပို့ဆောင်နေတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလက နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ကုမ္ပဏီ ၁၄၃ ခုကို ပြည်ထဲရေး ဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းရာမှာ CDM ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေခြင်းကြောင့်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေထဲမှာ ၁၃၃ ခုက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဖြစ်ကြပါတယ်။ “ သူတို့က သံသယရှိတယ်ပေါ့ဗျာ။ ဒါကြောင့် စစ်ဆေးတယ်ပေါ့။ စစ်ဆေးပြီးတော့လည်း အပြစ်ရှိ၊ မရှိလည်းမသိရဘူး။ အလုပ်သမားပို့ဖို့ကိုလည်း ပိတ်ထားတုန်းပဲ။ ဘာဆက်လုပ်ရမှန်းလည်း မသိဘူး ” လို့ စစ်ဆေးခံခဲ့ရတဲ့

Read More
အလုပ်သမား သတင်း

ထိုင်းမှာ MoU မြန်မာလုပ်သားတွေဆီက ဘဏ်အကောင့်ဝယ်ပြီး တရား​မဝင် ငွေလွှဲပြောင်းတာတွေရှိနေ၊ ဘဏ်အကောင့်ပိုင်ရှင် မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ

ထိုင်းမှာ MoU မြန်မာလုပ်သားတွေဆီက ဘဏ်အကောင့်ဝယ်ပြီး တရား​မဝင် ငွေလွှဲပြောင်းတာတွေရှိနေ၊ ဘဏ်အကောင့်ပိုင်ရှင် မြန်မာလုပ်သားတစ်ဦး အဖမ်းခံရ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ နခွန်ပထုံနယ်မြေမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကို လောင်းကစားအပါအဝင် တရားမဝင်ငွေကြေးလွှဲပြောင်းမှုနဲ့ ထိုင်းနိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ဖမ်းဆီးခံရသူက မြန်မာနိုင်ငံကနေ ထိုင်းကို MoU စနစ်နဲ့လာရောက်ပြီး ငါးသေတ္တာစက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတာပါ။ သူ ဖွင့်ထားတဲ့ ဘဏ်အကောင့်ကနေ ငွေဝင်ငွေထွက်ပမာဏများပြားပြီး မြန်မြန်ဆန်ဆန် လွှဲပြောင်းမှုတွေရှိနေတာကြောင့် အခုလို ဖမ်းဆီးခံရတာလို့ သိရပါတယ်။ ကာယကံရှင်ရဲ့ အမျိုးသမီးဖြစ်သူက “ စက်ရုံက ရှမ်းတစ်ယောက်က ဘဏ်အကောင့်တစ်ခုကို ၁၅၀၀ (ဘတ်)နဲ့ဝယ်တယ်။ တခြားသူတွေဆီကလည်း ဝယ်တယ်။ ကျွန်မတို့အချက်အလက်တွေနဲ့ ဘဏ်အကောင့်ဖွင့်ပေးရတာပေါ့။ ခုဖြစ်တာက အဲဒီဝယ်သွားတဲ့ ဘဏ်အကောင့်ကြောင့် ဖမ်းခံရတာ ”

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ

တောင်ကိုရီးယားမှာ ဗီဇာမဲ့မြန်မာလုပ်သားတွေ ဖမ်းဆီးခံရ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ ဗီဇာမဲ့နိုင်ငံခြားသားတွေကို စီမံချက်နဲ့ရှာဖွေဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကင်ဘိုမြို့က လုပ်ငန်းခွင်တစ်ခုမှာ မြန်မာလုပ်သားတစ်ဦးဖမ်းဆီးခံခဲ့ရပြီး သတင်းမထွက်ပေါ်ဘဲ နောက်ထပ်ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်တယ်လို့ တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေက ဆိုပါတယ်။” အခုက စီမံချက်နဲ့ဖမ်းနေတာဆိုတော့ ဗီဇာမဲ့တွေ အတော်သတိထားရမယ့်အခြေအနေပါ။ ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရတယ်ကြားတော့ စိတ်မကောင်းဘူး ” လို့ မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။ ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းမိရင် မိခင်နိုင်ငံဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက အသိပေးထားပါတယ်။ဗီဇာမဲ့နိုင်ငံခြားသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နောက်ဆုံးထားပြီး ကိုယ့်သဘောနဲ့ကိုယ်ပြန်မယ်ဆိုရင် ဒဏ်ကြေးနဲ့ လဝကဥပဒေ ဖြေလျှော့ပေးမယ်လို့လည်း ဆိုထားပါတယ်။တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ ၁ ရက်ကစပြီး မတ်လ ၃၁ ရက်အထိ ဗီဇာမဲ့နိုင်ငံခြားသားတွေကို

Read More
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ

ထိုင်းမှာ MoU လုပ်သား ၆၀ ရာခိုင်နှုန်းလောက် အဆင်မပြေမှုဖြစ်နေ ဖေဖော်ဝါရီ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံကို MoU စာချုပ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက လာရောက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ AAC (မဟာမိတ်) အဖွဲ့ကနေ သိရပါတယ်။လက်ရှိကြုံနေရတဲ့ ပြဿနာတွေထဲမှာ အလုပ်အကိုင်မရရှိတာ၊ ဉပဒေမဲ့အလုပ်ထုတ်တာ၊ စာချုပ်ထဲက လုပ်ငန်းခွင်နဲ့ ပို့လိုက်တဲ့ လုပ်ငန်းခွင်မတူတာ၊ နေရာမတူတာ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို တာဝန်မယူတာ၊ လုပ်ခလစာအပြည့်မရတာ၊ OT မရတာ၊ သက်သေခံ အထောက်အထားတွေ အသိမ်းခံထားရတာ စတာတွေ အများစုဖြစ်နေတာပါ။ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် မေလ ၂၄ ရက်ကစတင်ပြီး ထိုင်းနိုင်ငံကို MOU လုပ်သားစေလွှတ်မှုတွေ ပြန်လည်စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း

Read More
အလုပ်သမား သတင်း

ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့

ထိုင်းမှာ ရေတွင်းပိုက်ထဲပြုတ်ကျတဲ့ မြန်မာကလေးငယ်ကို ထိုင်းနဲ့မြန်မာလူမှုအဖွဲ့တွေကယ်ဆယ်နိုင်ခဲ့ ဖေဖော်ဝါရီ ၇ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှာ မြန်မာကလေးတစ်ဦး ရေတွင်းပိုက်ထဲ ပြုတ်ကျသွားလို့ ထိုင်းနဲ့မြန်မာလူမှုကူညီရေး အသင်းအဖွဲ့တွေ စုပါင်းကယ်ဆယ်ခဲ့ကြရာ ဒီနေ့ မနက်ပိုင်းက အသက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ ခရီလာတ်ကျေးရွာမှာ အသက် ၁ နှစ် ၇ လအရွယ် မသဇင်မွှေးဟာ စိုက်ပျိုးရေးခြံလုပ်ငန်းအတွက် တူးဖော်နေတဲ့ အကျယ် ၁၀ စင်တီမီတာ၊ အနက် ၄၀ မီတာခန့်ရှိ ရေတွင်းပိုက်အထဲကို ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ထိုင်းနဲ့ မြန်မာ လူမှုအဖွဲ့အစည်းတွေက ကလေးကို ချက်ချင်းကယ်ဆယ်နိုင်ဖို့ ကြိုးစားခဲ့ရာ ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက် မနက် ၁၀ နာရီ

Read More
အလုပ်သမား သတင်း

Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ်

Mobile စနစ်နဲ့ ပတ်စ်ပို့သက်တမ်းတိုးထားတဲ့ စာအုပ်ထုတ်ယူနိုင်ဖို့ ဒီနေ့ စတင်စာရင်းသွင်းရမယ် ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမယ့် မြန်မာ‌​ရေွှ့ပြောင်းလုပ်သား ၁၀,၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ဒီနေ့ ဖေဖော်ဝါရီလ ၆ ရက်က စတင်ပြီး သက်တမ်းတိုးပြီးသား စာအုပ်ထုတ်ယူနိုင်ဖို့ သတ်မှတ်ပုံစံတွေ ဖြည့်သွင်းပြီး ဉီးမျိုးဇော်သောင်း၊ ကောင်စစ်အရာရှိ၊ သံရုံးသစ်ကို စာရင်းတင်သွင်းလို့ရပြီဖြစ်ပါတယ်။သံရုံးအနေနဲ့ ဇန်နဝါရီလ ၃၀ ရက်ကတည်းက သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ တချို့ စက်ရုံတွေမှာ Mobile စနစ်နဲ့ အချက်အလက်ကောက်ယူမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး ပတ်စ်ပို့ သက်တမ်းတိုးထားတဲ့ စာအုပ်အသစ်ထုတ်ယူနိုင်ဖို့အတွက် အချက်အလက် ကောက်ယူပြီးသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက သတ်မှတ်ပုံစံ​တွေကို ဖြည့်စွက်တင်သွင်းရမှာဖြစ်ပါတယ်။လက်ရှိဆောင်ရွက်နေတဲ့ အချက်အလက်ကောက်ယူမှု လုပ်ငန်းစဥ်ဟာ ဖေဖော်ဝါရီလအတွင်းမှာ စက်ရုံ၊

Read More
အလုပ်သမား သတင်း

ထိုင်း-မလေးနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ဦးနဲ့ မလေးရှား ယာဥ်မောင်းတစ်ဦးဖမ်းမိ

ထိုင်း-မလေးနယ်စပ်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃ ဦးနဲ့ မလေးရှား ယာဥ်မောင်းတစ်ဦးဖမ်းမိ ဖေဖော်ဝါရီ ၆ ရက်၊ Migrant Times မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ်၊ မလေးရှားပိုင် Bukit Kayu Hitam မှာ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃ ဦးနဲ့ သူတို့ စီးနင်းလာတဲ့ကားကို မောင်းတဲ့ မလေးရှားယာဉ်မောင်း ၁ ဦးကို မလေးရှား အာဏာပိုင်တွေကဖမ်းဆီးမိခဲ့ပါတယ်။ဖေဖော်ဝါရီလ ၄ ရက်က ဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းပြီးနောက် မလေးရှားနိုင်ငံ ဥပဒေအရ အရေးယူဖို့ ဖေဖော်ဝါရီလ ၅ ရက်မှာ Bukit Kayu Hitam ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်က စတင်ကာ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပထွက်ပြီး

Read More
အလုပ်သမား သတင်း

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ်

တောင်ကိုရီးယားက နိုင်ငံခြားသားလုပ်သား ၃၀၀,၀၀ နီးပါး ခေါ်ဖို့ အလုပ်ရှင်တွေဆီက ဒုတိယအကြိမ် လျှောက်လွှာလက်ခံမယ် ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံက ဒီနှစ်အတွက် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို အလုပ်ခန့်ဖို့ လုပ်သားစာရင်းလျှောက်လွှာကို အလုပ်ရှင်တွေဆီက​နေဒုတိယအကြိမ် လက်ခံဖို့ စီစဥ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် ၁၆ နိုင်ငံက နိုင်ငံခြားသား လုပ်သား ၂၈၁,၂၈ ဦးကို ခေါ်ယူဖို့ စီစဥ်​နေတာ ဖြစ်ပါတယ်။အလုပ်သမား​ခေါ်ယူလိုတဲ့ ကိုရီးယား အလုပ်ရှင်​တွေအ​နေနဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၈ ရက်အထိ လျှောက်လွှာတင်ဖို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်လုပ်သားခေါ်ယူဖို့ အလုပ်ရှင်တွေဆီက လျှောက်လွှာလက်ခံခဲ့ပြီး အခုဒုတိယအကြိမ် လက်ခံတာဖြစ်ပါတယ်။ခေါ်ယူမယ့်လုပ်သားဦး​ရေက ကုန်ထုတ်လုပ်ငန်းအတွက် ၂၀၆,၅၉ ဦး၊

Read More
အလုပ်သမား သတင်း

ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ်

ကိုရီးယားမှာ ဗီဇာမဲ့နေထိုင်သူတွေကို ပူးပေါင်းအဖွဲ့နဲ့ ဖမ်းဆီးမယ် ဖေဖော်ဝါရီ ၃ ရက်၊ Migrant Times တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအပါအဝင် ဗီဇာမဲ့နေထိုင်တဲ့နိုင်ငံခြားသားတွေကို ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေဖမ်းဆီးမယ်လို့ တောင်ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။စီမံချက်ကို မတ်လ ၃၁ ရက်အထိ ၂ လတာ ပြုလုပ်မှာဖြစ်ပြီး တရားရေးရာဝန်ကြီးဌာန၊ လဝက၊ ရဲ၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ပင်လယ်ကမ်းခြေစောင့် ရဲ၊ အိုးအိမ်မြေနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ထမ်းတွေ ပူးပေါင်းဖမ်းဆီးမယ်လို့ သိရပါတယ်။ အဓိကဖမ်းဆီးမယ့်နေရာကကာရာအိုကေ သီချင်းဆိုခန်း​တွေ၊ အနှိပ်ခန်း​တွေ၊ တရားမဝင် စားသောက်ဆိုင်​တွေဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။အဲဒီစီမံချက်က တရားမဝင်နေထိုင်တဲ့ ဗီဇာမဲ့တွေကို ဦးတည်ပေမယ့် တရားဝင်လုပ်သားတွေလည်း သတိထားနေထိုင်သွားလာဖို့ မြန်မာလုပ်သားအရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်အောင်ဆူပူအော်ဟစ်တာ၊ ရန်ဖြစ်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေမလုပ်ဖို့ သူတို့က အကြုံပြုပါတယ်။ဗီဇာမဲ့အလုပ်သမားတွေအနေနဲ့ ဖမ်းဆီးခံရရင် နေရပ်ပြန်ပို့ခံရမယ်လို့လည်း သတင်းတွေက

Read More