မြန်မာအလုပ်သမား ၁၃ ဦးတင်ဆောင်လာတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ ယာဉ်တိမ်းမှောက်ပြီး ၂ ဦး သေဆုံး
မြန်မာအလုပ်သမား ၁၃ ဦးတင်ဆောင်လာတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ ယာဉ်တိမ်းမှောက်ပြီး ၂ ဦး သေဆုံး နိုင် ၊ Migrant Times တရားမဝင်မြန်မာအလုပ်သမားပို့ဆောင်ရေးကားလို့ယူဆရတဲ့ ယာဉ်တစ်စီးကို ထိုင်းနိုင်ငံ၊ နရာထိဝပ်ခရိုင်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာကနေ အလုပ်သမားကား လမ်းဘေးမြောင်းထဲ ထိုးကျတိမ်းမှောက်ခဲ့ပြီး လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၃ ဦးထဲက ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာထိဝပ်ခရိုင်၊ ယီငေါ်မြို့နယ်၊ သပေါယော့ကျေးရွာရဲ့ ဗလီတစ်ခုရှေ့မှာ မြန်မာအလုပ်သမားတင်ဆောင်လာတဲ့ကားတစ်စီး လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ရာမှာ မြန်မာအလုပ်သမား ၂ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ နရာထိဝပ်ခရိုင်ဒေသသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ကားတိမ်းမှောက်မှုရဲ့အကြောင်းရင်းမှာ အဆိုပါအလုပ်သမားကားတစ်စီးက ထိုင်းအာဏာပိုင်စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ဆေးမှုမခံယူဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် အဲ့ဒီဂိတ် ရဲတပ်ဖွဲ့က ရဲကားနဲ့ လိုက်တိုက်ဖမ်းဆီးမှုပြုလုပ်ရာကနေ တိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက
