ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော
ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော ဇွန် ၂ ရက် ခွန်သောမတ်၊ Migrant Times လက်ရှိတွင် ထိုင်းနိုင်ငံသည် အရေအတွက်နှင့် အရည်အသွေး နှစ်မျိုးလုံးတွင် ပြင်းထန်သော ဖွဲ့စည်းပုံဆိုင်ရာ အလုပ်သမားရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမားနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားသည်။ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းလာစေရန် နှင့် စီးပွားရေးကို မောင်းနှင်ရာတွင် နောက်ပြန်ဆုတ်မှု မဖြစ်စေရန် အဆင့်တိုင်းတွင် အရေးကြီးသော ထုတ်လုပ်မှုနှင့် လူသားအရင်းအနှီးအပေါ် မှီခိုနေရကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍများ။ စားနပ်ရိက္ခာ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းနှင့်
