တိုးရစ်ဗီဇာဖြင့် ဖွင့်ထားသော Bangkok Bank အကောင့်များ ယာယီ ပိတ်ခံထားရ
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ၏ အလည်အပတ် တိုးရစ်ဗီဇာဖြင့် ဖွင့်ထားသော အကောင့်များကို Bangkok Bank (ဘန်ကောက်ဘဏ်)က ယာယီ ပိတ်သိမ်းထားကြောင်း ကိုယ်တိုင်ကြုံနေရသူများက ပြောကြားသည်။ Bangkok Bank က အကောင့်အသုံးပြုသူအချို့အား ဩဂုတ်လ ၁၉ ရက်နေ့တွင် ဘဏ်အကောင့် ယာယီ ပိတ်သိမ်းကြောင်း ဖုန်းအပလီကေးရှင်းက တစ်ဆင့်အကြောင်းကြားခဲ့သည်။ မက်ဆေ့ရရှိသည့် ဘဏ်အကောင့်ပိုင်ရှင်မှ ရက် ၃ဝ အတွင်း အကောင့်ဖွင့်ခဲ့သည့် သက်ဆိုင်ရာဘဏ်ခွဲများသို့ ပတ်ပို့စ်နှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများဖြင့် လာရောက်ပြီး ဆက်လက်အသုံးပြုခွင့်လျှေက်ထားရန် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် Bangkok Bank မှ အသိပေးမက်ဆေ့ရရှိသူများသည် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်း၊လွှဲပြောင်းခြင်းများ ရပ်ဆိုင်းခံထားရသည်။ ၂ဝ၂၃ နှင့် ၂ဝ၂၄ ခုနှစ်များအတွင်း ဆေးကုသမှုခံယူရန်