မဲဆောက်တွင် မြန်မာများကို ခြိမ်းခြောက်ကာ ငွေညှစ်ယူနေဟု HRW ထုတ်ပြန်
◼မြန်မာနိုင်ငံသားများကို “သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ဟုဆို ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် ရဲများက မြန်မာနိုင်ငံသားများကို မကြာခဏ စစ်ဆေးပြီး လာဘ်ငွေမပေးပါက ဖမ်းဆီးထိန်းသိမ်းမည်ဟု ခြိမ်းခြောက်ကာ ငွေညှစ်ယူလေ့ရှိကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch)က ယနေ့ ဇူလိူင် ၁၅ ရက်နေ့တွင်ထုတ်ပြန်သည်။ မဲဆောက်နယ်စပ်မြို့တွင် ခြိမ်းခြောက်မှုများနှင့် လာဘ်ငွေများမှတစ်ဆင့် အကျိုးအမြတ်များစွာရရှိနေပြီး အာဏာပိုင်များက မြန်မာနိုင်ငံသားများကို “သက်ရှိ ATM စက်များ” ဟု ခေါ်ဝေါ်ကြသည်အထိ ဖြစ်လာခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် နှင်ထုတ်ခံရနိုင်သည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရကာ သတိထား သွားလာပြီး ပုန်းအောင်းနေထိုင်နေကြရကြောင်း HRW