နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thailand

သတင်း

ကမ္ဘောဒီးယားများအပြန် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အလမ်း ဖြစ်မလား

၂ဝ၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ဖြစ်ပွားခဲ့သော ထိုင်း–ကမ္ဘောဒီးယား ပဋိပက္ခကြောင့် သိန်းနှင့်ချီသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများသည် မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာနေကြသည်။ ထိုင်းနိုင်ငံတွင်းရှိ လယ်ယာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်ပိုးသည့် စက်ရုံများနှင့် စက်မှုထုတ်လုပ်မှု စသည်တို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကဲ့သို့ပင် ကမ္ဘောဒီးယား အလုပ်သမားများလည်း အများပြား ဝင်ရောက်လုပ်ကိုင်နေကြသည်။ ထိုင်းနိုင်ငံ၏ သတင်းများအရ လက်ရှိတွင် ကမ္ဘောဒီးယား အလုပ်သမား ၃ သိန်းကျော်ခန့် နေရပ်ပြန်နေပြီး ကမ္ဘောဒီးယား အစိုးရကလည်း မပြန်လာသည့် အလုပ်သမားများ၏ ပစ္စည်းပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟု ကြေညာထားသည်။ အချို့သောထိုင်း အစွန်းရောက် လူမျိုးရေးမုန်းတီးသည့် အဖွဲ့များအနေနှင့် လူမှု ကွန်ယက် အွန်လိုင်းမီဒီယာများတွင် ကမ္ဘောဒီးယား အလုပ်သမားများ အား မုန်းတီးရေးကို တက်ကြွစွာ လှုံ့ဆော်နေပြီး

Read More
သတင်း

ကမ္ဘောဒီးယားများနေရာ အစားထိုးရန် မြန်မာလုပ်သား ၄ သောင်းကျော်ခေါ်ယူမည်ဟု ထိုင်းပြော

◼ဖိလစ်ပိုင် အင်ဒိုနီးရှား နီပေါ သီရိလင်္ကာ လုပ်သားများလည်းထိုင်းခေါ်မည် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသား သိန်းနှင့်ချီ နေရပ် ပြန်သွားပြီး နောက် အလုပ်သမားရှားပါးမှု ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမား ၄၂,ဝဝဝ ခန့်ကို လာမည့် သြဂုတ် ၁၉ ရက် အင်္ဂါနေ့တွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Mr. Pongkawin ကပြောကြောင်း thai pbs သတင်းတွင်ဖော်ပြသည်။ ထို့အပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါနှင့် သီရိလင်္ကာ စသည့်နိုင်ငံမှ နောက်ထပ်အလုပ် သမား တစ်သိန်းခန့်ကို ဆက်လျှက် ခေါ်ယူနိုင်ရန် ရွှေ့ပြောင်းအလုပ်သမား မူဝါဒ ကော်မတီ (ALEM) ကိုလည်း ထူထောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးကဆိုသည်။ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား အလုပ်သမား များနှင့် မပြန်နိုင်သေးသည့်

Read More
သတင်း

ကမ္ဘောဒီးယားမှထိုင်းအတွင်း တရားမဝင်ပြန်ဝင်သည့် မြန်မာ ၆ ဦးဖမ်းဆီးခံရ

ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်ဝင်သည့် မြန်မာနိုင်ငံသား ၆ ဦးနှင့်ကမ္ဘောဒီးယားလမ်းပြတစ်ဦးအား ဩဂုတ်လ ၁၂ ရက်နေ့တွင် Aranyaprathet ခရိုင် နယ်စပ်၌ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဆောက်လုပ်ရေးအလုပ်လုပ်ရန်အတွက် ကမ္ဘောဒီးယားကို သွားရောက်ခဲ့ကြသော်လည်း အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့် ထိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ပြန်ရန် လမ်းပြကို မြန်မာငွေကျပ် ၃ သန်း ပေးခဲ့ရကြောင်း သတင်းတွင်ရေးသားသည်။ ဇူလိူင်လနောက်ဆုံးပတ်အတွင်းဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများကြောင့်ကမ္ဘောဒီးယားအလုပ်သမားများ နေရပ်ပြန်ခဲ့ကြသော်လည်း အများစုသည် ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်ရေး ကြိုးစားနေကြကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၁:၂၀ အချိန်တွင် Aranyaprathet ခရိုင်အတွင်းတွင် ထိုင်းအထူးတပ်ဖွဲ့တစ်ခုက ကလေးနှစ်ဦးအပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးပါအဖွဲ့ကို ဖမ်းဆီးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားများသည် နိုင်ငံအတွင်းနေထိုင်ရန်ဝင်ငွေမရှိဖြစ်နေကြောင်း၊ လမ်းပြတစ်ဦးကို ထိုင်းသို့ပို့ရန်

Read More
သတင်း

မြန်မာဘက်မှပိတ်ပင်မှုများကြောင့် ထိုင်းနယ်စပ်တွင် ကုန်တင်ကား ၅ဝဝ ခန့် ပိတ်မိနေ

မြန်မာနိုင်ငံ စစ်ကော်မရှင်(စစ်ကောင်စီ)ဘက်မှ တင်သွင်းခွင့်များပိတ်ပင်လာပြီးနောက်မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး မတည်မငြိမ်ဖြစ်ကာ မဲဆောက်-မြဝတီ နယ်စပ်တွင် ကုန်တင်ကား အစီး ၅ဝဝ ခန့် ပိတ်မိနေကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံ စစ်ကော်မရှင်ဗဟိုအဖွဲ့ စေလွှတ်မှုဖြင့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းနိုင်ငံအနှံကလာသည့် ကုန်တင်ယာဉ်နှင့် တွဲကားများသည် နယ်စပ်ဂိတ်ရှေ့၌ စောင့်ဆိုင်းနေကြရကြောင်း ဖော်ပြသည်။ ယမန်နေ့ (သြဂုတ်လ ၁၃ ရက်) တွင် မဲဆောက်မြို့မှ သတင်းထောက်တစ်ဦးက ဘန်ကောက်နှင့် အခြားပြည်နယ်များမှ ကုန်ပစ္စည်းအမျိုးမျိုး သယ်ဆောင်လာသော ကုန်တင်ကား စုစုပေါင်း အစီး ၅ဝဝခန့်သည် မဲဆောက်-မြဝတီ အမှတ် ၂ နယ်စပ်ဂိတ် ရပ်နားစခန်းများနှင့် နယ်စပ်ဂိတ်တစ်လျှောက်တွင် တန်းစီရပ်ထားရကြောင်း၊ ၎င်းကုန်တင်ကားများသည် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်နိုင်ခြင်းမရှိသလို မူရင်းနေရာသို့ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူနိုင်ခြင်းလည်း

Read More
သတင်း

မြန်မာပညာတတ်လူငယ်များ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်လိုကြောင်း စစ်တမ်းတခုဖော်ပြ

မြန်မာလူငယ်များ၏ ၄ဝ ရာခိုင်နှုန်းသည် အခွင့်အရေးရပါက နိုင်ငံမှထွက်ခွာ ပြောင်းရွှေ့နေထိုင်လိုကြကြောင်း ယနေ့ (ဩဂုတ်လ ၁၂ ရက်) နိုင်ငံတကာလူငယ်များနေ့တွင် UNDP ကထုတ်ပြန်သည့် Youth Migration and Perceptions in Myanmar အစီရင်ခံစာတွင်ဖော်ပြသည်။ မြန်မာလူငယ်စစ်တမ်းအတွက် ၂ဝ၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ လူငယ် ၇,ဝဝဝ ကျော်ထံမှ အချက်အလက်များကို ရယူထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ထုတ်ပြန်သည်။ အသက် ၁၈ မှ ၃၅ နှစ်ရှိသည့် လူငယ် ၁ဝ ဦးတွင် ၄ ဦးသည် စီးပွားရေးပြိုလဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းခြင်းတို့ကြောင့် အခွင့်အရေးရပါက နိုင်ငံမှ ထွက်ခွာရန် စဉ်းစားမည် ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များနှင့်

Read More
သတင်း

မဲဆောက်မှလာသည့် မြန်မာ ၅၅ ဦး ဥထိုင်းဌာနီတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဥထိုင်းဌာနီ(Uthai Thani)ခရိုင် ၊ ခိုခီဖွိုင်မြို့နယ်ခွဲရှိ သစ်တောအတွင်းတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၅၅ ဦးအား ဩဂုတ်လ ၁၁ ရက်နေ့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်း Khaosod သတင်းတွင်ဖော်ပြသည်။ သစ်တောအတွင်းတွင် ရပ်ထားသည့် မော်တော်ကာ (၃) စီးပေါ်တွင် မြန်မာ အမျိုးသား ၃၆ ဦးနှင့် မြန်မာ အမျိုးသမီး ၁၉ ဦးကို ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး ယာဉ်မောင်းများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ မြန်မာများသည် ဘန်ကောက်မြို့တွင် အလုပ်ရှာရန်အတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း စကားပြန်မှတစ်ဆင့်ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့ကြသည်။ ၎င်းတို့အား လူမှောင်ခိုကူးခံရသူများ ပါဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး သပ်သံ(Thap Than)ရဲစခန်းသို့ပို့ဆောင်ထားကြောင်း သတင်းကဖော်ပြသည်။ ဩဂုတ်လ ၉

Read More
သတင်း

ထိုင်းတွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ ၁၁ ဦးပါအဖွဲ့ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ကန်ဖိုင်ဖက်ပြည်နယ်၊ ခလွန်ကလွန်း ၊ အဝေးပြေးလမ်းမကြီးအမှတ် ၁ ပေါ်တွင် ဘတ်စ်ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးပါဝင်သည့် လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရို(CIB) အဝေးပြေးရဲတပ်ဖွဲ့ခွဲမှယနေ့ (ဩဂုတ်-၁၁)ထုတ်ပြန်သည်။ ၎င်းဘတ်စ်ကားသည် သတ်မှတ်ထားသည့် မှတ်တိုင်မဟုတ်သည့် နှစ်နေရာတွင် ခရီးသည်များအားတင်နေသည်ကို မသင်္ကာဖြစ်ခဲ့သည့်အတွက် စစ်ဆေးရန်ရပ်တန့်စေခဲ့ပြီး ကားတွင် အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသားယာဉ်မောင်း နှင့်ကားအောက်ခန်း၊ခရီးသည်ထိုင်ခုံများအောက်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦး စုစုပေါင်း ၁၆ ဦးကို တွေ့ရှိခဲ့ကြောင်း အဝေးပြေးရဲတပ်ဖွဲ့ကပြောသည်။ မြန်မာနိုင်ငံသား ၁၁ ဦးသည် မှတ်ပုံတင်စာရွက်စာတမ်းနှင့် နိုင်ငံကူးလက်မှတ်များမရှိကြပဲ တရုတ်နိုင်ငံသား ၅ ဦးမှာ နိုင်ငံကူးလက်မှတ်နေထိုင်ခွင့် သက်တမ်း

Read More
သတင်း

မြန်မာကိုထိုးခဲ့သည့် ထိုင်းတစ်ဦးထံမှ လျော်ကြေး ဘတ် ၅ သောင်းရယူပြီး အမှုပိတ်သိမ်း

လူမှုကွန်ယက်ပေါ်၌ပြန်နှံ့ခဲ့သည့် မြန်မာနိုင်ငံသားအမျိုးသားအား ထိုင်းနိုင်ငံသားအမျိုးသားကထိုးကြိတ်နှိပ်စက်ခဲ့သောအမှုသည် ယမန်နေ့ ဩဂုတ်လ ၁ဝ ရက်တွင်ပြီးဆုံးခဲ့ကြောင်း M.H.A.C (မဟာမိတ်အဖွဲ့) မှသိရသည်။ M.H.A.C ထုတ်ပြန်ချက်များအရ ကိုသားညီအမည်ရ အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသားသည် ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီရှိ ပထုံဆေးရုံအနီးတွင် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ည ၉ နာရီခန့်၌ ဆိုင်ကယ်ဘီးပေါက်ခဲ့ပြီး အနီးနားရှိဆိုင်တွင်ပြင်ခဲ့သည်။ ဆိုင်ကယ်ဘီးပြင်ဆင်ခ ထိုင်းဘတ်ငွေ ၁၄ဝ ကုန်ကျခဲ့ပြီး ကိုသားညီက ပါလာသော ဘတ် ၅ဝဝ တန်နှင့် ဘတ် ၁ဝဝဝ တန်ကို ပေးချေခဲ့သည်။ ဆိုင်ကယ်ပြင်ဆိုင်က အကြွေလဲပေးရန်တောင်းဆိုသောကြောင့် ညီမဖြစ်သူထံအကြွေယူရန် ထွက်လာခဲ့သည်။ ကိုသားညီမှ အကြွေယူရန်ထွက်သွားပြီးနောက်တွင် ဆိုင်ကယ်ဆိုင်မှ ကားတစ်စီး ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာကာ လိမ်ပြေးသည်ဟုပြောဆိုပြီး ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က ထိုးကြိတ်ခဲ့သည်။

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းငါးလုပ်ငန်းတွင် ကမ္ဘောဒီးယားလုပ်သားများအစား မြန်မာလုပ်သားများ အစားထိုးရန် ရှာဖွေ

ထိုင်းနိုင်ငံ၏ ငါးလုပ်ငန်းများတွင် နယ်စပ်တင်းမာမှုများကြောင့် နေရပ်ပြန်သွားကြသော ထောင်နှင့်ချီသော ကမ္ဘောဒီးယားလုပ်သားများနေရာတွင် အစားထိုးရန်အတွက် ကျွမ်းကျင်သော မြန်မာလုပ်သားများကို ခေါ်ယူရန် ရှာဖွေနေကြောင်း ထိုင်းနေးရှင်းသတင်းကဖော်ပြသည်။ ထိုင်းငါးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Mongkol ကငါးလုပ်ငန်းများတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁၄,၀၀၀ မှ ၁၅,၀၀၀ ခန့် တရားဝင် အလုပ်လုပ်ကိုင်နေကြကြောင်း ၊ထိုင်းနှင့် ကမ္ဘောဒီးယားအကြားပဋိပက္ခများအပြီးတွင် အလုပ်သမား ၄,၀၀၀ မှ ၅,၀၀၀ ခန့် နေရပ်သို့ ပြန်သွားကြကြောင်း ထိုင်းသတင်းဌာနကိုပြောကြားသည်။ ငါးလုပ်ငန်းတွင် လုပ်ကိုင်သည့် ကမ္ဘောဒီးယားနိုင်ငံသားများကို နားလည်မှုစာချွန်လွှာ (MOU) အလုပ်သမားနှင့် ၂၀၁၅ ခုနှစ်၊ ငါးလုပ်ငန်းဥပဒေပုဒ်မ ၈၃ အရ ခန့်ထားသောအလုပ်သမားများဖြင့် အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားထားပြီး ပုဒ်မ ၈၃ အလုပ်သမားများ အများဆုံးပြန်သွားခြင်းဖြစ်ကြောင်း Mongkol ကဆိုသည်။ နေရပ်ပြန်သွားသော အလုပ်သမားများသည်

Read More
သတင်း

တာ့ခ်ခရိုင်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၂ ဦးထိန်းသိမ်းခံရ

ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ပရာမြို့မြို့နယ်၊ Huai Nam Nak ရွာအနီးတစ်ဝိုက်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာ ၁၂ ဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ကြောင်း naresuan task force ကယနေ့ နံနက်တွင်ထုတ်ပြန်သည်။ ၎င်းရွာအနီးကင်းလှည့်နေစဉ် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့်ကားကိုစစ်ဆေးခဲ့ပြီး ကားအတွင်းတွင် မြန်မာ ၁၂ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး) ကို တွေ့ရှိခဲ့သည်။ တပ်ဖွဲ့များက စစ်ဆေးရာတွင် ယာဉ်မောင်းက တစ်ဦးလျှင်ပို့ဆောင်လ ဘတ် ၅၀၀ ရရှိသည်ပြောကြားခဲ့ပြီး မြန်မာများသည် ရန်ကုန်မြို့မှ ထွက်ခွာလာကြခြင်းဖြစ်ကာ ခရီးစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးခဲ့ရသည်ဟု ဝန်ခံခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ၎င်းတို့သည် ဘန်ကောက်ရှိ

Read More