နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thailand

သတင်း

ဘန်ကောက်တွင် အဆောက်အအုံပြိုကျမှု သေဆုံးသူ ၃၅ ဦးထိတိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့သည်။ ဧပြီလ ၁၂ ရက်နေ့ ညအထိ သေဆုံးသူ ၃၅ ဦး၏ ရုပ်အလောင်းများရရှိခဲ့ကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်နေ့တွင် B4 နှင့် C1 ဇုန်များမှ ရုပ်အလောင်းများ ထပ်မံရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး အဆောက်အအုံအတွင်း ၅၉ ဦးခန့် ကျန်ရှိနေနိုင်ကာ ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့ စာရင်းများအရ သိရသည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များသည် ၁၆ ရက်မြောက်အဖြစ် သင်္ကြန်ပွဲတော်အတွင်း ကယ်ဆယ်

Read More
အင်တာဗျူး

“ အထောက်အထား မစုံတဲ့သူလည်း လျော်ကြေး ရနိုင်လို့ တိုင်ကြားကြပါ”

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံပြိုကျမှုတွင် မြန်မာနိုင်ငံသား အလုပ်သမား များပါဝင်ပြီး မိသားစုဝင်များ ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသော မြန်မာ အလုပ်သမား၁၈ ဦး၏ အမည်များအား ထိုင်း-မြန်မာ ဘာသာပြန်/ စကားပြန်များအသင်း (TMIA) မှထုတ်ပြန်သည်။ ဌင်းအလုပ်သမားများ၏ နောက်ဆုံးရ အခြေအနေ ၊ လျော်ကြေးရရှိနိုင်မှုများ နှင့်ပတ်သက်ပြီး ထိုင်း-မြန်မာ

Read More
သတင်း

ဘန်ကောက်တွင် အဆောက်အအုံ ပြိုကျမှု သေဆုံးသူ ၂၃ ဦးရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၁ဝ ရက်တွင် သေဆုံးသူ ၂၃ ဦးထိ ရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၁ဝ ရက်နေ့အထိ သေဆုံးသူ ၂၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံအတွင်း ၇၁ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ၏ အခွင့်အရေးများ ရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့်

Read More
သတင်း

“ ရွှေ့ပြောင်းကလေးငယ်များ နောက်ကျ ကျန်ရစ်ပြီ”

ပြီးခဲ့တဲ့ တနင်္လာနေ့။ အန်ထောင်ပြည်နယ် သိုင်းရပ်ဝိတျာ (၆) ကျောင်းက ကျောင်းအုပ်ကြီးဟောင်း ကယ်လယာထာဆွန်းဟာ သူ့အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်မှုစွဲချက်တွေကို ရဲတွေဆီမှာ နားထောင်နေခဲ့တယ်။ သူစွပ်စွဲခံရတဲ့ ရာဇဝတ်မှုတွေက ဘာတွေလဲ။ ပညာရေးဝန်ကြီးဌာနရဲ့ အရာရှိလည်းဖြစ်တဲ့ ကျောင်းအုပ်ကြီးဟောင်းဟာ တရားမဝင် ဝင်ရောက်မှုကို ကူညီခြင်းနဲ့ သူရဲ့ တာဝန်ကို လျစ်လျူရှုခြင်းတို့နဲ့ စွပ်စွဲခံရတာပါ။ သူဟာ ၂ဝ၂၃ ခုနှစ်မှာ ကျောင်းကို တည်ထောင်ခဲ့ပြီး ပြည်တွင်းစစ်ကို ရှောင်ရှားကာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာကျောင်းသား ၁၂၆ ဦးကို ပညာသင်ကြားပေးခဲ့ပါတယ်။ တရားရုံးက ကယ်လယာဆာဝန် အပြစ်ရှိတယ်လို့ တွေ့ရှိရင်တော့ သူမ ထောင်ဒဏ် ၁ဝ နှစ်အထိ ကျခံရနိုင်ပြီး ဘတ် ၂ဝဝ,ဝဝဝ အထိ ဒဏ်ကြေးဆောင်ရနိုင်ပါတယ်။ သူမရဲ့အမှုဟာ နိုင်ငံရဲ့

Read More
သတင်း

မန္တလေးတွင် ငလျင်ကယ်ဆယ်ရေး ထိုင်းနိုင်ငံက ရွေ့လျားဆေးခန်းဖွင့်

ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့သည် မန္တလေးမြို့၌ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလှုပ်ရှားမှုများကို အဖွဲ့ (၂)ဖွဲ့ ခွဲကာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးကထုတ်ပြန်သည်။ ဌင်းအဖွဲ့သည် ဦးပွားစေတီတွင် ရွေ့လျားဆေးခန်းတည်ဆောက်ကာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လူနာ ၂၂၀ ဦးအား အခြေခံဆေးဝါး ကုသမှုများပေးနိုင်ခဲ့ကြောင်း သိရသည်။ လူနာအများစုတွင် ကြွက်သားနှင့်ပတ်သက်သောပြဿနာများ၊ အသက်ရှုလမ်းကြောင်းစနစ်နှင့်ဆိုင်သောပြဿနာများနှင့် အရေပြားနှင့်ဆိုင်သောပြဿနာများကို တွေ့ရှိရကြောင်းထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့ ကပြောသည်။ အရေးပေါ်လှုပ်ရှားမှုအဖွဲ့ ဆရာဝန်များမှ အခြေခံစမ်းသပ် ကုသမှုများပေးခဲ့ပြီး လူနာတစ်ချို့အား ဆေးရုံတွင် ဆက်လက်ကုသရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ထိုင်းအင်ဂျင်နီယာတပ်ဖွဲ့မှ အဖွဲ့ ၁ သည် မင်္ဂလာဈေးဟောင်းတွင် ပြည်သူများယာယီတည်းခိုနိုင်သည့် တည်းခိုဆောင်များတည်‌ဆောက်ပေးခဲ့ကြောင်း၊ အဖွဲ့ ၂ သည် မဟာချက်ကရီသီရိဒုံ၏ တော်ဝင်စီမံကိန်းအောက်ရှိ အခြေခံပညာကျောင်းနှစ်ကျောင်းဖြစ်သော (၁)

Read More
သတင်း

ငလျင်ကြောင့် ဘန်ကောက် အဆောက်အအုံ ပြိုကျမှု သေဆုံးသူထပ်တိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၆ ရက်တွင် သေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၆ ရက်နေ့အထိ သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားသည်။ အဆောက်အအုံအတွင်း ၇၇ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း

Read More
အင်တာဗျူး

“ မြန်မာဘက်ခြမ်းရောက်ရင် အလုပ်သမားတွေ စစ်သားစုဆောင်းခံရနိုင်တယ်”

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံသား ရွှေ့ပြောင်းလုပ်သားသမားများအား ဧပြီလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ အထိ သင်္ကြန်ကာလ တစ်လခွဲကြာ အခမဲ့ဗီဇာကင်းလွတ်ခွင့်ဖြင့် ထိုင်းအစိုးရက ပြည်တော်ပြန်ခွင့်ပေးထားသည်။ ထိုင်းအစိုးရက ၂ဝ၁၂ နှစ်မှစပြီး သင်္ကြန်ကာလတွင် နှစ်စဉ် အခမဲ့ဗီဇာကင်းလွတ်ခွင့်ဖြင့် ဌင်းနိုင်ငံသားများအား ပြည်တော်ပြန်ခွင့်ပေးခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံပြန်မည့် ရွှေ့ပြောင်းလုပ်သားသမားများ အနေဖြင့် စစ်မှုထမ်းခံရနိုင်ခြင်း ငွေညစ်ခံရနိုင်ခြင်း ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်ရန် ခက်ခဲခြင်းစသည့် စိန်ခေါ်မှုများရှိနေသည်။ မြန်မာနိုင်ငံပြန်မည့် ရွှေ့ပြောင်းလုပ်သားသမားများ ဘာတွေသတိထားရမလဲ၊ ဘာတွေရင်ဆိုင်ရနိုင်လဲနှင့်ပတ်သက်ပြီး ၂ဝဝ၃ ခုနှစ်မှ စတင်ကာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကို Migrant Times ကဆက်သွယ်မေးမြန်းထားသည်။

Read More
သတင်း

မင်းအောင်လှိုင်ကို ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ဧပြီလ ၄ ရက်နေ့ကကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၅ ရက်နေ့တွင် မြန်မာသံရုံးရှေ့၌ ထိုင်းလူငယ်အချို့က ဆန္ဒပြခဲ့သည်။ ထိုင်းအလုပ်သမားသမဂ္ဂများနှင့် မဟာမိတ်ကွန်ရက်ဝင်များပါဝင်သည့် လူငယ်အချို့က ‘မင်းအောင်လှိုင်’ ကို BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းကို ကန့်ကွက်ပြီး ထိုင်းနိုင်ငံအား ဆက်ဆံရေးအားလုံးကို ရပ်တန့်ရန်နှင့် နိုင်ငံတကာ အခမ်းအနားများတွင် ဂုဏ်ပြုခြင်း မပြုရန် တောင်းဆိုသည်။ ထိုင်းအစိုးရသည် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ ဖိတ်ကြားခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများကို ရက်စက်စွာ ဖိနှိပ်နေသည့် စစ်အာဏာရှင်အစိုးရကို ထောက်ခံခြင်းပင်ဖြစ်ကြောင်း ဆန္ဒပြသည့် ထိုင်းလူငယ်အချို့က

Read More
သတင်း

မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့ကို ထိုင်းအမျိုးသားရေး လှုပ်ရှားသူများ တားမြစ်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် BIMSTEC ထိပ်သီး အစည်းအဝေးတက် ရောက်ခဲ့သည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသည့် ထိုင်းအဖွဲ့အား ထိုင်းအမျိုးသားရေး လှုပ်ရှားသူများက ယနေ့ ဧပြီလ ၅ ရက်နေ့တွင် လာရောက် တားမြစ်ခဲ့သည်။ ဘန်ကောက်မြို့ ကုလသမဂ္ဂ UN ရုံးရှေ့၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြနေသည့် ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ လာရောက်တားဖြစ်သည့်အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း ထိုင်း သတင်းအချို့တွင်ဖော်ပြသည်။ထိုင်း Bright Future အဖွဲ့အား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများက ဝင်ရောက်ဟန့်တားနေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့သည့် ရုပ်သံဖိုင်လည်း လူမှုကွန်ရက်တွင်တွေ့ရသည်။ Bright Future အဖွဲ့သည်

Read More
သတင်း

ထိုင်းတောင်ပိုင်းနေသူများ ရုတ်တရက် ရေကြီး ရေလျှံမှု သတိထားရန်လို

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လေထုမငြိမ်သက်မှုများကြောင့် ယနေ့ ဧပြီလ ၄ ရက်နေ့မှ ၂၄ နာရီအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) က ထုတ်ပြန်သည်။ ယနေ့မှ လာမည့် ၂၄ နာရီအတွင်း တောင်ပိုင်းဒေသ (အရှေ့ကမ်းရိုးတန်း)ရှိ ဆူရတ်သနီ၊ နခွန်စီသမရတ်၊ ဖက်တလွန်၊ ဆွန်ခလာ၊ ပတ္တနီ၊ ရာလာနှင့် နာရသီဝတ် တို့တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်မှုများ ဖြစ်ပေါ်နိုင်သည်။ တောင်ပိုင်းဒေသ(အနောက်ကမ်းရိုးတန်း)ရှိ ဖန်င၊ ဖူကက်၊ ခရဘီ၊ ထရန်းနှင့် စတွန်တို့တွင် မိုးသည်း ထန်မှုများဖြစ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) ကထုတ်ပြန်သည်။ ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ကလည်း ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထုန်နှင့် စမွတ်ဆောင်ခရမ် ခရိုင်များတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်စေနိုင်ကြောင်း ဧပြီလ ၃

Read More