September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Weather

သတင်း

ထိုင်းမှာ စက်တင်ဘာ ၂၁ ထိမိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း သတိပေး

စက်တင်ဘာ ၁၅ ၊ Migrant Times ။ထိုင်းနိုင်ငံတဝှမ်းတွင် မုတ်သုံလေအားကောင်းသည့် ဖြတ်သန်းမှုများကြောင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ မိုးသည်းထန်ပြီး ရေကြီးနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။မိုးလေဝသဌာနနှင့် ရေအရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်ဌာနတို့၏ ခန့်မှန်းချက်များအရ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသရှိ အချို့ဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်။ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဘန်ကောက်နှင့် ဒေသများစွာတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလအစောပိုင်းကြားတွင် အပူပိုင်းမုန်တိုင်း တစ်လုံး သို့မဟုတ် နှစ်လုံးကြောင့် မိုးရေချိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ခန့်မှန်းချက်ထုတ်ထားသည်။ ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်

Read More
သတင်း

မိုးရွာပြီး မဲဆောက်-တာ့ခ်လမ်း ကွန်ကရစ် မျက်နှာပြင် နှိမ့်ကျ

◼မဲဆောက်-မြဝတီတွင် သောင်ရင်းမြစ်ရေ ၁၂ ခန့်မြင့်တက်နေဇူလိူင် ၃ဝ ၊ Migrant Timesထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဲဆောက်-တာ့ခ်လမ်း ဖဝေါ်အနီးရှိကွန်ကရစ် မျက်နှာပြင်သည် ယမန်နေ့ ဇူလိူင်လ ၂၉ ရက်နေ့တွင် နှိမ့်ကျခဲ့ကြောင့် မဲဆောက်အခြေစိုက် ထိုင်းသတင်းသမားတစ်ဦးက လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်ဖော်ပြသည်။ “မဲဆောက်-တာ့ခ် လမ်းမကြီးရဲ့ ကီလိုမီတာ ၂၄၊ ဖဝေါနတ်ကွန်းဘုရား တောင်ကုန်းအနီး ယာဉ်ကြောမျက်နှာပြင်မှာ မြေကျွံမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရှည်လျားတဲ့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်နေပါတယ်” ဟု၎င်း ကရေးသားခဲ့သည်။ ၎င်း နောက် တာဝန်ရှိသူများက သွားလာသည့် ကားများ အန္တရာယ်မဖြစ်စေရန် တာ့ခ်ခရိုင်နှင့် မဲဆောက်မြို့နယ်သို့ ယာယီလမ်းလွှဲတစ်ခု ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့နယ်တွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ ဇူလိူင်လ ၃ဝ ရက်တွင်

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ရေကြီး

ဇူလိူင် ၂၈ ၊ Migrant Times ။ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေတက်ကာ ရေကြီးနေသည်။ မယ်ဆိုင်မြို့ရပ်ကွက်အများစုရေကြီးနေပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁)အောက် ၌ ရေစီးဆင်းမှု ပိတ်ဆို့နေသော သစ်လုံးများနှင့် အမှိုက်စသည့် အတားအဆီးများ ရှင်းလင်းရန် အရေးပေါ် ဆောင်ရွက်နေကြသည်။ မယ်ဆိုင်ချောင်းရေတက်မှုကြောင့် တာချီလိတ်မြို့တွင်လည်း တာလော့ဈေးနှင့် ပုံထွန်ကျေးရွာတို့တွင် ရေဝင်ရောက်နေကြောင်းသိရသည်။ မယ်ဆိုင်ချောင်းရေသည် ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့ နံနက်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။ Photo – CM 108ဇူလိူင်လ ၂၈ ရက်နေ့၊

Read More
သတင်း

မနီလာ ငလျင်ပြတ်ရွေ့ကြောင့် ထိုင်းတွင် ဆူနာမီဖြစ်နိုင်ကြောင်း သတိပေး

ဇူလိူင် ၂၆ ၊ Migrant Times ။ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ ပြတ်ရွေ့ကြောတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပါက ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းကို ထိခိုက်နိုင်သည့် ဆူနာမီ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးသည်ဟု ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ထိုင်းမိုးလေဝသဌာနသည် ဖိလစ်ပိုင်ရှိ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်ခြေရှိသည့် အခြေအနေများကို စောင့်ကြည့်နေကြောင်းထုတ်ပြန်သည်။ ယင်းငလျင်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ ထိုင်းပင်လယ်ကွေ့တစ်လျှောက်တွင် ဆူနာမီ ရိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံသို့ ဆူနာမီရိုက်ခတ်နိုင်ခြေရှိကြောင်း “Anti-Fake News Centre Thailand” မှတစ်ဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသော မနီလာ ပြတ်ရွေ့ကြောသည် ဆူနာမီလှိုင်းများကို တောင်ဘက်သို့

Read More
သတင်း

မဲဆောက်မြို့မှာ ရေကြီးနေ

ဇူလိူင် ၂၃၊ Migrant Times ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် ဝီဖာမုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သောင်းရင်းမြစ်ရေတက်လာကာ ယနေ့ ဇူလိူင်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း ရပ်ကွက်များ ရေကြီးနေကြောင်း မြို့ခံများမှသိရသည်။ ရေကြီးမှုကြောင့် မဲဆောက်လျှပ်စစ်ရုံးရှေ့လမ်း ၊မဲဆောက်တရုတ်ဘုရားကျောင်းလမ်းနှင့် ဝပ်ချမ်ဖွန်ခရီဘုန်းကြီးကျောင်းနောက်ဘက်လမ်း အပါအဝင် လမ်းများစွာ ရေလွှမ်းမိုးခဲ့ပြီး တစ်ပေခွဲခန့် နီးပါး ရေမြင့်တက်ခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ မဲဆောက်မြို့တွင်းတွင် ယာဉ်ငယ်များ သွားလာရန် ခက်ခဲသောကြောင့် လမ်းအချို့ကို ယာယီပိတ်ထားကြောင်း မဲဆောက်မြို့နေ မြန်မာတစ်ဦးကပြောသည်။ မဲဆောက်ခရိုင် မယ်ပမြို့နယ်ခွဲနှင့် မယ်တောင်မြို့နယ်ခွဲတို့တွင်လည်း ရုတ်တရက်ရေကြီးမှုများ ဖြစ်ပွားပြီး လူနေအိမ်များ အတွင်း ရေလွှမ်းမိုးခဲ့ကာ မဲဆောက်ခရိုင်ရှိ အစိုးရဌာနအဖွဲ့ဝင်များက ရေဘေးကူညီနေကြောင်းသိရသည်။ ဝိဖာမုန်တိုင်းမှ အားလျော့သွားသည့် လေဖိအားနည်းရပ်ဝန်း နှင့် အနောက်တောင်မုတ်သုန်လေတို့၏

Read More
သတင်း

ဖူးခက်ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွား သေဆုံ

ဇူလိူင် ၂၁ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကိုဟေး (Coral Island) ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိူင် ၂ဝ)မွန်းလွဲပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ ကမ်းခြေကုလားထိုင်များပေါ်သို့ သစ်ပင်တစ်ပင်လဲကျခဲ့ပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးကာ သူမ၏ခင်ပွန်းလည်း ဒဏ်ရာရရှိခဲ့သည်။ ချာလုံရဲစခန်းမှ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံသည် အပူပိုင်းမုန်တိုင်း “ဝိဖာ” ကြောင့် လေပြင်းများတိုက်ခတ်နေစဉ် ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်တွင် အနားယူနေခဲ့ကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သည် အမြစ်ပြတ်လဲကျကာ အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီးဝမ်၏ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်လဲကျခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။ ဒေသခံ ခရီးသွားဝန်ထမ်းများက အဆိုပါဇနီးမောင်နှံကို လှေဖြင့် ချာလုံဆိပ်ခံတံတားသို့

Read More
သတင်း

ချင်းမိုင်တွင် ဇူလိူင် ၁၇ ညနေပိုင်း ရေကြီးနိုင်ကြောင်း သတိပေး

◼ ထိုင်းမြောက်ပိုင်းတွင် ဆက်လက် မိုးသည်းထန်မည် ဇူလိူင် ၁၇ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယမန်နေ့ ၌ ပင်းချောင်းရေလျှံကာ ရေကြီးခဲ့ပြီး ၎င်းရေများ ချင်းမိုင်မြို့ ရှိပင်းမြစ်အတွင်းသို့စီးဝင်နေသည့်အတွက် ယနေ့ ဇူလိူင်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် စိုးရိမ်ရေမှတ်ရောက်ကာ ရေကြီးနိုင်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးက သတိပေးချက်ထုတ်ပြန်သည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် ချင်းမိုင်မြို့၊နဝရတ်တံတားထိပ် ပင်းမြစ် P.1 ရေတိုင်းအမှတ်တွင် မြစ်ရေသည် ၂.၁၃ မီတာကိုရောက်ရှိနေပြီး အစိမ်းရောင်အဆင့်သတ်မှတ်ထားသည်။ ပင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး ယနေ့ ညနေ ၅ နာရီခန့်တွင် အနီရောင်အဆင့် စိုးရိမ်ရေမှတ် ၃.၇ ကိုကျော်လွန်ကာ ၃.၈၆ ကိုရောက်ရှိနိုင်ကြောင်း ၊ ပင်းမြစ်ရေသည်

Read More
သတင်း

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ရေကြီးမှုကြောင့် ခိုလှုံရေး စခန်းများဖွင့်

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် မေလ ၂၃ ရက်ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်အများစု ရေကြီးနေပြီး ရေဘေးခိုလှုံရေးစခန်း ၄ ခုဖွင့်လှစ်ခဲ့ရကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ တစ်ညလုံး မိုးရွာသွန်းမှုကြောင့် မြစ်ရေလျှံကာ ရပ်ကွက်အများစု ရေနစ်မြုပ်ခဲ့ပြီး နေထိုင်သူများအား သန်းခေါင်ယံတွင် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ မယ်ဆိုင်မြို့တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ မေလ ၂၄ ရက်နေ့ ၊နံနက်အစောပိုင်း ၂ နာရီခန့်မှစ၍ မြစ်ရေသည် ရေတား တံတိုင်းများကို ကျော်လွန်ကာ ထမ့်ဖာဂျွန်ရွာ၊ စိုင်းလုံဂျွိုင်းဈေး၊ နွိုင်မောင်းဒန်ဈေး၊ မောင်းဒန်ရပ်ကွက်နှင့် မိုင်လုံခွန်ရပ်ကွက်တို့အပါအဝင် နေရာများစွာ ရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံမှုသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အချို့နေရာများတွင် ရေအနက် ၀.၅ မှ ၁ မီတာအထိ ရှိခဲ့သည်။ နေအိမ်များစွာ ရေထဲမြုပ်ခဲ့ရပြီး

Read More
သတင်း

ထိုင်းနိုင်ငံတွင် မေ ၁၅ ရက်ကစပြီး မိုးရာသီစတင်မည်

ထိုင်းနိုင်ငံတွင် မေလ ၁၅ ရက်နေ့က စတင်ကာ မိုးရာသီသို့ဝင်ရောက်မည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန TMD ကထုတ်ပြန်သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွာသွန်းမြဲ မိုးရေချိန်ထက် ၅ ရာခိုင်နူန်း ခန့် ပိုများမည်ဟု TMD ကခန့်မှန်းထားပြီး ထိုင်းအထက်ပိုင်းဒေသများတွင် မေလမှ ဇူလိုင်လအထိ ၅-၁၀ ရာခိုင်နူန်း ပိုမို ရွာသွန်းမည်ဖြစ်ကြောင်းသိရသည်။ မိုးရာသီ၏ ဒုတိယပိုင်း (သြဂုတ်လမှ အောက်တိုဘာလ) တွင် ရွာသွန်းမြဲ မိုးရေချိန်ခန့်သာ ရှိမည်ဖြစ်သော်လည်း အရှေ့တောင်ပိုင်းဒေသတွင်မူ ၁၀ ရာခိုင်နူန်းပိုနည်းနိုင်သည်ဟုထုတ်ပြန်သည်။ ဇွန်လမှ ဇူလိုင်လအလယ်ပိုင်းအထိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသ အထက်ပိုင်းတို့တွင် မိုးခေါင်နိုင်ခြေရှိပြီး အထူးသဖြင့် ဆည်ရေသောက်ဧရိယာပြင်ပရှိ ဒေသများတွင် မိုးခေါင်မှုဒဏ်ခံရနိုင်ကြောင်း သိရသည်။ သြဂုတ်လမှ အောက်တိုဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူပိုင်းမုန်တိုင်းများကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြစ်ရေလျှံတက်ခြင်းများ

Read More
သတင်း

တောင်ငူမြို့အနီးတွင် ငလျင်လှုပ် မန္တလေးတွင် မိုးသည်းထန်ပြီး အဆောက်အအုံအချို့ ထပ်ပြို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ အနောက်မြောက်ဘက် (၄) မိုင်ခန့် အနက် ၁ဝကီလိုမီတာတွင် အင်အားပမာဏ ၃.၄ ရစ်(ခ်)တာစကေး ရှိ ငလျင်တစ်ခု ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၄၂ မိနစ်၌ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။ မန္တလေးမြို့အနီးတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ပြီးနောက် ဧပြီလ ၁၆ ရက်နေ့ နံနက်အထိ နောက်ဆက်တွဲ ငလျင် ၁၃၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုး၊ဇလထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အင်အားပြင်း ငလျင်ဒဏ် အဆိုးဆုံးခံရသည့် မန္တလေးမြို့တွင် ဧပြီလ ၁၅ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငလျင်ဒဏ်ထိ အဆောက်အအုံအချို့ ထပ်ပြိုခဲ့ကြောင့် မြို့ခံများက ပြောကြားသည်။ မန္တလေးမြို့တွင်

Read More