September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Weather

သတင်း

ထိုင်းတောင်ပိုင်းနေသူများ ရုတ်တရက် ရေကြီး ရေလျှံမှု သတိထားရန်လို

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လေထုမငြိမ်သက်မှုများကြောင့် ယနေ့ ဧပြီလ ၄ ရက်နေ့မှ ၂၄ နာရီအတွင်း လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) က ထုတ်ပြန်သည်။ ယနေ့မှ လာမည့် ၂၄ နာရီအတွင်း တောင်ပိုင်းဒေသ (အရှေ့ကမ်းရိုးတန်း)ရှိ ဆူရတ်သနီ၊ နခွန်စီသမရတ်၊ ဖက်တလွန်၊ ဆွန်ခလာ၊ ပတ္တနီ၊ ရာလာနှင့် နာရသီဝတ် တို့တွင် လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်မှုများ ဖြစ်ပေါ်နိုင်သည်။ တောင်ပိုင်းဒေသ(အနောက်ကမ်းရိုးတန်း)ရှိ ဖန်င၊ ဖူကက်၊ ခရဘီ၊ ထရန်းနှင့် စတွန်တို့တွင် မိုးသည်း ထန်မှုများဖြစ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD) ကထုတ်ပြန်သည်။ ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး (ONWR) ကလည်း ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊ နခွန်ပထုန်နှင့် စမွတ်ဆောင်ခရမ် ခရိုင်များတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်စေနိုင်ကြောင်း ဧပြီလ ၃

Read More
သတင်း

ဘန်ကောက်အပါ ခရိုင် ၄ ခု ဒီရေကြောင့် ရေကြီးနိုင်

ထိုင်းနိုင်ငံ ၊ စမွတ်ပရာကန်ခရိုင် ကမ်းရိုးတန်းဒေသတွင် ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်၌ ဒီရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ဘန်ကောက်မြို့နယ် အပါအဝင် ခရိုင်၄ ခုတွင် ရေကြီးမှု အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်ကြောင်း အမျိုးသားရေ အရင်းအမြစ်ရုံး (ONWR) ကထုတ်ပြန်သည်။ ONWR ထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းတွင် ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်ခရိုင် ဖရာစမွတ်ချေဒီရှိ ဆွိုင်ခရသင်းဒဲန်းနှင့် တမ်ဘွန်ဘန်ခလောင်ဆွမ်းရှိ ရဲစခန်းရှေ့လမ်းတို့တွင် ရေလွှမ်းမိုးခဲ့သည်။ ဒီရေမြင့်တက်မှုကြောင့် ကျောက်ဖရား၊ သချင်မြစ်၊ မဲခလောင်မြစ်များရှိ အချို့ဒေသများတွင် ရေလျှံစေနိုင်ကြောင်း ONWR က သတိပေးထုတ်ပြန်ခဲ့သည်။ ရေကာတာအနီးရှိ နေထိုင်သူများအနေဖြင့် ရေလွှမ်းမိုးမှုများအတွက် ပြင်ဆင်ထားရန် လိုကြောင်း အကြံပြုထားသည်။ ONWR ထုတ်ပြန်ချက်အရ ဒီရေမြင့်တက်မှုကြောင့် စမွတ်ပရာကန်၊ ဘန်ကောက်၊ စမွတ်ဆာခွန်၊

Read More