ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ
ထိုင်း မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရနောင်း- ကော့သောင်း နယ်စပ်တွင် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်ပွဲ ကျင်းပ မေ ၆ ရက် ခွန်သောမတ်စ်၊ Migrant Times ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရွက်လှေဖြင့် ရွက်လွှင့်လူငယ် စခန်းသွင်း လေ့ကျင်မှုအောင်မြင်သည့် ပိတ်ပွဲကို ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။ဧပြီလ ၂၅ ရက်မှ မေလ ၄ ရက်အထိ ၁၀ ရက် ကြားယ ရနောင်း-ကော့သောင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု Sailing Youth Camp ကို ဖွင့်လှစ်ခဲ့တာပါ။လူငယ် ၆၂ ဦး ရွက်လွှင့်လေ့ကျင့်မှု အောင်မြင်တဲ့အထိမ်းအမှတ် ပိတ်ပွဲမှာ နှစ်နိုင်ငံ အကြီးအကဲများ၊သင်တန်းဆရာများ၊ ပင်လယ်ပြင် ရွက်လွှင့် လုံခြုံရေးယူပေးသည့် ဆရာတို့က လူငယ်များအား