September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

နိုင်ငံတကာ

ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း

ဂျပန်က မြန်မာလုပ်သား ၅၀၀ကျော်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်း အောက်တိုဘာ ၁၄ရက်၊Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၅၀၀ ကျော်ကို ထပ်မံခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့က သံရုံးက ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရှိ စက်ရုံ၊အလုပ်ရုံတွေက အောက်တိုဘာလမှာ ပထမအသုတ်အနေနဲ့ ခေါ်ယူလိုတဲ့အလုပ်ကမ်းလှမ်းစာကို မြန်မာနိုင်ငံထံ ပေးပို့ထားတာဖြစ်ပါတယ်။ အဲဒီလို အလုပ်သမားခေါ်ယူလိုတဲ့ ကမ်းလှမ်းစာ ၁၇၀ရှိပြီး ခေါ်ယူမယ့် အလုပ်သမားဦးရေ ၅၂၁ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ခေါ်ယူမယ့် အလုပ်အမျိုးအစားတွေထဲမှာ စားသောက်ဆိုင်၊စက်ရုံနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစတဲ့လုပ်ငန်းတွေ ပါဝင်တယ်လို့ အဲဒီနိုင်ငံကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “ခေါ်စာကျလာပြီးရင်တော့ စေလွှတ်ဖို့က မြန်တယ်။သွားမယ့်သူတွေလည်း တန်းစီနေတယ်”လို့သူကပြောပါတယ်။ ဂျပန်နိုင်ငံဟာ နည်းပညာအလုပ်သင်လုပ်သားတွေအပြင် ကျွမ်းကျင်လုပ်သားတွေကိုလည်းခေါ်ယူနေတာ ဖြစ်ပါတယ်။ ဒီနှစ်လယ်ပိုင်းလောက်ကစပြီး ဂျပန်က မြန်မာလုပ်သားတွေဆက်တိုက်ခေါ်ယူနေတာဖြစ်ပြီး လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၄၀,၀၀၀ လောက်ရောက်ရှိလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Read More
နိုင်ငံရေး

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင်

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင် အောက်တိုဘာ ၁၂ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်လျှောက်ထားရင် ကိုယ့်ရဲ့ကလေးတွေအတွက်ပါ မှီခိုနေထိုင် ခွင့် ပန်းရောင်ကတ် ပြုလုပ်နိုင်တယ်လို့ ဖန်ငါ အလုပ်သမား နှင့်အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန (DOE)က ဆိုပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ FED နဲ့ DISAC အဖွဲ့က ဒီကနေ့ ဦးဆောင်ကျင်းပတဲ့ဆွေးနွေးပွဲမှာ DOE က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ “ ဒီအလုပ်သမားက မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းကို လုပ်တဲ့အခါမှာ ကိုယ့်မှာ မှီခိုသားသမီး အသက် ဘယ်နနှစ်အရွယ်၊ ဘယ်နတန်းစတဲ့အချက်တွေကို တွဲတင်ထားရမယ်။ အဲဒါတွေနဲ့ ကလေးရဲ့ အချက်အလက်တွေနဲ့အတူ အလုပ်အကိုင်ရှာဖွေရေးရုံးမှာ လာတင်ပြီးတော့ ကလေးအတွက် အထောက်အထားလုပ်ဖို့ဆိုပြီး လာတောင်းဆိုရမယ်။ ကလေးအတွက်လုပ်မယ့်

Read More
နိုင်ငံရေး

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ် အောက်တိုဘာ ၁၃ ရက်၊ Migrant Times အခုလအတွင်း လေးကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မယ့် မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကနေ့ စေလွှတ်ခဲ့တဲ့ မြန်မာလုပ်သားတွေထဲမှာ ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် ၆၈ ဦး၊ ကုန်ထုတ်လုပ်သား Re-entry ၇၆ ဦး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်သား Re-entry ၄ ဦး ပါဝင်ပါတယ်။ တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေ ပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃

Read More