September 24, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

အလုပ်သမား သတင်း

ဟောင်ကောင်က ​သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်မြန်မာလုပ်သားခေါ်ဖို့ရှိပေမဲ့ သဘောတူစာချုပ်လက်မှတ်မထိုးရသေးဘူးလို့ဆို

ဟောင်ကောင်က ​သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်မြန်မာလုပ်သားခေါ်ဖို့ရှိပေမဲ့ သဘောတူစာချုပ်လက်မှတ်မထိုးရသေးဘူးလို့ဆို မေ ၂ ရက်၊ Migrant Times ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် မြန်မာလုပ်သားတွေခေါ်ဖို့ရှိပေမယ့် အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူစာချုပ်ချုပ်ဆိုထားတာမရှိသေးဘူးလို့ ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ကြေညာပါတယ်။ဟောင်ကောင်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ဒေသအစိုးရက မြန်မာအပါအဝင် နိူင်ငံခြားသားလုပ်သားတွေကို ခေါ်ယူဖို့ ပြင်ဆင်မှုတွေရှိနေတာပါ။လက်ရှိအချိန်အထိ ဒေသအစိုးရနှင့် အလုပ်သမားခေါ်ယူရေးဆိုင်ရာသဘောတူစာချုပ်မချုပ်ဆိုရသေးတာကြောင့် မြန်မာနိုင်ငံမှအလုပ်သမားတွေအနေနဲ့ ဟောင်ကောင်ဒေသဆီလာရောက်ပြီး ကာလရှည်အလုပ်လုပ်ကိုင်ဖို့ခက်ခဲနိုင်မယ်လို့ ကောင်စစ်ဝန်ရုံးရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ ဟောင်ကောင်က မြန်မာလုပ်သားတွေခေါ်ယူဖို့သေချာသလောက်ရှိနေပြီး အဲဒီအတွက်အလုပ်သမားစေလွှတ်မယ့်အေဂျင်စီတွေလည်း ပြင်ဆင်နေကြတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။”မကြာဘူး၊ စလွှတ်နိုင်မယ်ထင်တယ်။ နှစ်ဘက်လက်မှတ်ထိုးတာကတော့ ကြာဦးမယ်ထင်တယ်။ အဲဒီမတိုင်ခင် ရှေ့ပြေးလွှတ်ဖြစ်ဖို့များတယ်” လို့ သူက ပြောပါတယ်။မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလုပ်ငန်းအတွက် ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်နေကြရပြီး ဂျပန်နိုင်ငံကလည်း မြန်မာလုပ်သားတွေကို အများအပြားခေါ်ယူနေပါတယ်။ဒါ့အပြင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်အတွက် စင်ကာပူနိုင်ငံကလည်း ခေါ်ယူနေတာရှိပါတယ်။လက်ရှိမှာ ဟောင်ကောင်က ထပ်မံခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ဝန်ဆောင်ခနဲ့ အရေအတွက်ဘယ်လောက်လွှတ်နိုင်မယ်ဆိုတာကတော့

Read More
အလုပ်သမား သတင်း

မေဒေးနေ့မှာ အလုပ်သမားတွေလုပ်ခတိုးပေးဖို့ အဓိကတောင်းဆို

မေဒေးနေ့မှာ အလုပ်သမားတွေလုပ်ခတိုးပေးဖို့ အဓိကတောင်းဆို မေ ၁ ရက်၊ Migrant Times ဒီနေ့ကျရောက်တဲ့ မေဒေးနေ့မှာ အလုပ်သမားအဖွဲ့တွေနဲ့အလုပ်သမားအများစုက လုပ်ခလစာတိုးမြှင့်ပေးရေးကို အဓိကတောင်းဆိုခဲ့ကြတယ်လို့ ကာယကံရှင်လုပ်သားတွေက ပြောပါတယ်။အလုပ်သမားအဖွဲ့တွေ၊ သမဂ္ဂတွေက ဒီနေ့မှာ ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြပြီး ကြေညာချက်ထဲမှာ များသောအားဖြင့် လုပ်ခတိုးပေးရေးဆိုတဲ့အချက် ပါဝင်ခဲ့ကြပါတယ်။အဲဒီလို လုပ်ခတိုးပေးရေးတောင်းဆိုခဲ့ကြတဲ့အထဲ မှာသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)လည်းပါဝင်ခဲ့ကာ တစ်ရက်လုပ်ခ တစ်သောင်းကျပ်သတ်မှတ်ပေးဖို့ဆိုပြီး သူတို့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ “တစ်ရက်လုပ်ခ ၄၈၀၀ကျပ်နဲ့ဘယ်လိုမှမလုံလောက်ဘူးဆိုတဲ့အလုပ်သမားတွေရဲ့အသံနဲ့လက်ရှိဖြစ်သင့်တဲ့နှုန်းကိုရည်ညွန်းထည့်သွင်းထားတာ”လို့ STUMမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဒါ့အပြင် အခြေခံအလုပ်သမားသမဂ္ဂတွေကလည်း ခေတ်ကာလနဲ့ကိုက်ညီတဲ့လုပ်ခတိုးပေးဖို့နဲ့အလုပ်ရှင်တွေအနေနဲ့ကိုယ့်အကျိုးတစ်ခုတည်းမကြည့်ဖို့ကို ဒီနေ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ဒါ့အပြင် အလုပ်လက်မဲ့တိုးပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို လူကုန်ကူးတာ၊ခေါင်းပုံဖြတ်တာ၊ လိင်အကြမ်းဖက်တာတွေမခံရအောင် သက်ဆိုင်သူတွေက အကာအကွယ်ပေးကူညီဖို့ကိုလည်း အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ကဆိုပါတယ်။ ဒီနေ့မှာ အလုပ်သမားတွေနဲ့အလုပ်သမားအဖွဲ့တွေက တောင်းဆိုမှုအသီးသီးပြုလုပ်ခဲ့ကြသလို မေဒေးစိတ်နဲ့ ဖိနှိပ်ခံနေရတာတွေကို တွန်းလှန်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။ပြည်တွင်းမှာ လုံခြုံရေးအခြေအနေကြောင့် မေဒေးနေ့အခမ်းအနားမပြုလုပ်နိုင်ခဲ့ပေမယ့် ထိုင်း၊မလေးရှား၊ ကိုရီးယားစတဲ့နိုင်ငံတွေမှာ မေဒေးနေ့အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့ကြပါတယ်။ပြည်ပရောက်မြန်မာလုပ်သားတွေက အလုပ်သမားအခွင့်အရေးတွေတောင်းဆိုပေးကြသလို မြန်မာ့နိုင်ငံရေး

Read More
အလုပ်သမား သတင်း

ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်သမားနေ့မှာ အချက် သုံးချက် တောင်းဆို

ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်သမားနေ့မှာ အချက် သုံးချက် တောင်းဆို မေ ၁ ရက်၊ Migrant Times ဒီနေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ နေရာ နှစ်ခုမှာ စုပေါင်းချီတက်ပြီး ထိုင်းအစိုးရကို အချက် သုံးချက်တောင်းဆိုခဲ့ပါတယ်။မြန်မာလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ဗီဇာသက်တမ်းတိုးတာကို မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ပြုလုပ်ပေးဖို့၊ အလုပ်သမားတစ်ဦး လုပ်အားခဟာမိသားစုဝင် သုံးဦး ဖူလုံစေဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်ပိုင် အသင်းဖွဲ့ဖို့နဲ့ စုပေါင်းတောင်းဆိုခွင့်ရဖို့ စတဲ့အချက် သုံးချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ဘန်ကောက်မြို့နဲ့ ဟတ်ယိုင်မြို့မှာ ထိုင်းအလုပ်သမား သမဂ္ဂများနဲ့ပူးပေါင်းကာ တောင်းဆိုခဲ့တာလို့ သိရပါတယ်။ ဓာတ်ပုံ-MWRN

Read More
အလုပ်သမား သတင်း

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းအလုပ်သမား​တွေနဲ့အတူ မြန်မာ‌‌ရွှေ့ပြောင်းအလုပ်သမား​တွေ အခွင့်အရေးတောင်းဆို

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းအလုပ်သမား​တွေနဲ့အတူ မြန်မာ‌‌ရွှေ့ပြောင်းအလုပ်သမား​တွေ အခွင့်အရေးတောင်းဆို မေ ၁ ရက်၊ Migrant Times အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထိုင်းအလုပ်သမား​တွေနဲ့အတူ မြန်မာ‌‌ေရွှ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ချီတက်တောင်းဆိုခဲ့ပါတယ်။ဘန်ကောက်မြို့၊ Pathum Wan နယ်မြေ၊ Ratchaprasong လမ်းဆုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့များ စုဝေးကာ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုစင်တာ၊ Pathum Wan လမ်းဆုံစတဲ့နေရာတွေမှာ အလုပ်သမားနေ့ လှုပ်ရှားမှု ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပါတယ်။ Mr. Pakorn Wut ၊ Udom Phiphatsakul၊ Ms. Wanwipha Maison၊ ပါတီစာရင်းဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ Kao Klai Party (K. Kor.) နဲ့ တခြားပါတီ ကိုယ်စားလှယ်​တွေ၊ အလုပ်သမားကွန်ရက်အဖွဲ့၀င်​တွေလည်း

Read More
အလုပ်သမား သတင်း

မေဒေးနေ့မှာ မြန်မာနိုင်ငံအထွေထွအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်ပြီး အွန်လိုင်းကမ်ပိန်းပြုလုပ်

မေဒေးနေ့မှာ မြန်မာနိုင်ငံအထွေထွအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်ပြီး အွန်လိုင်းကမ်ပိန်းပြုလုပ် မေလ ၁ရက်၊ Migrant Times မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(FGWM)ဦးဆောင်၍ ပုဂ္ဂလိကသမဂ္ဂ အသီးသီးမှ အွန်လိုင်းကမ်ပိန်း ပြုလုပ်ပြီး (၁၃၃) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေးဒေး)နေ့မှာ “ဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့”ဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင် ဆန္ဒပြခဲ့ကြပါတယ်။

Read More
အလုပ်သမား သတင်း

“အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့”မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRCT က သဝဏ်လွှာပေးပို့

“အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့”မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRCT က သဝဏ်လွှာပေးပို့ မေ ၁ ရက်၊ Migrant Times မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့” မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT)က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။အလုပ်သမားအခွင့်အရေးဟာ အရေးအကြီးဆုံးသော လူ့အခွင့်အရေးများထဲမှ တစ်ခု ဖြစ်တာကြောင့် ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေး မြှင့်တင်ဖို့အတွက် အလုပ်အကိုင် နဲ့ မျှတသောလုပ်ခလစာ ရပိုင်ခွင့် မှ ကောင်းမွန်သောဘဝအရည်အသွေးသို့ ပိုင်ဆိုင်ဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT)က လေးနက်စွာ တိုက်တွန်းအပ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးမှာ အလုပ်သမား အမျိုးအစားအားလုံး အကျုံးဝင်​ကြောင်း၊ တရားဝင်အလုပ်သမားနဲ့ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုကဏ္ဍမှ အလုပ်သမားများ စည်းရုံးပိုင်ခွင့် မြှင့်တင်ရေးနဲ့ ကာကွယ်ရေးတို့ ပါဝင်ကြောင်း၊ အလုပ်သမားသမဂ္ဂ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ရှိကြောင်း၊

Read More
အလုပ်သမား သတင်း

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးနေတယ်လို့ဆို

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးနေတယ်လို့ဆို ဧပြီ ၃၀ ရက်၊ Migrant Times ပြည်တွင်းက အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးနိုင်ဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးပြောဆိုနေတယ်လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စက်ရုံပိုင်ရှင်တွေနဲ့ အလုပ်သမားရေးရာဌာနတွေက အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ နှုတ်ဆိတ်နေတာကြောင့် အထည်နဲ့ကုန်ကြမ်းအပ်တဲ့ ကုမ္ပဏီတွေနဲ့တိုက်ရိုက် ပြောဆိုတောင်းဆိုနေရတာလို့ သူက ဆိုပါတယ်။” ကျွန်တော်တို့ဘက်က လုပ်နိုင်တဲ့အခြေအနေကနေရသလောက်တော့ တောင်းဆိုပေးနေပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။လက်ရှိမှာ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိနေပြီး အဲဒီနှုန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အတည်ပြုထားတဲ့နှုန်းဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ ခေတ်ကာလအနေအထားအရ တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်နဲ့ မလုံလောက်တာကြောင့် လုပ်ခတိုးပေးဖို့ တောင်းဆိုထားပေမယ့် တာဝန်ရှိသူတွေက လျစ်လျူရှုနေပါတယ်။အလုပ်ရှင်တွေကလည်း သူတို့လုပ်ငန်း တိုးတက်လည်ပတ်နိုင်ရေးသာ အလေးထားနေပြီး အလုပ်သမားတွေရဲ့လစာမဖူလုံမှုအပေါ်

Read More
အလုပ်သမား သတင်း

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖမ်းဆီးခံရ

ထိုင်းမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၂၃ ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖမ်းဆီးခံရ ဧပြီ ၃၀ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အထောက်အထားမဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီလ ၂၈ ရက်က ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြပါတယ်။တံတားအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တရားမဝင် နိုင်ငံခြားသား​ေတွကို အလုပ်ခန့်ထားကြောင်း သတင်းပေးတိုင်ကြားချက်အရ ထိုင်းလဝက အဖွဲ့များက မြေပြင်ကွင်းဆင်းစစ်ဆေးစဉ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဝင်ရောက်စစ်ဆေးစဉ်မှာ အလုပ်သမားများစွာ ထွက်ပြေးခဲ့ကြပေမယ့် မြန်မာအလုပ်သမား ၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေမှာအလုပ်လုပ်ခွင့်လက်မှတ် Work Permit မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ဆေးမှုကို ဦးဆောင်ခဲ့တဲ့ လဝကရဲမှူးကြီးက

Read More
အလုပ်သမား သတင်း

တရုတ်နိုင်ငံသားတစ်ဦးနဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

တရုတ်နိုင်ငံသားတစ်ဦးနဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ ဧပြီ ၂၉ ရက်၊ Migrant Times ထိုင်းနိုင်ငံ Bang Phli မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဝင်ရောက်စီးနင်းစဥ် ခရီးသွားဗီဇာဖြင့်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင်အလုပ်သမားတွေ အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာပါ။ထိုင်းရဲတပ်ဖွဲ့ကို မြင်တဲ့အခါ အလုပ်သမားအများအပြားက ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့အားလုံးဟာ အလုပ်လုပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဲဒီစီးနင်းမှုကို ဦးဆောင်တဲ့ ရဲမှူးကြီးက ပြောပါတယ်။ ထိုင်းအရာရှိတွေက လုပ်ငန်းခွင်ကို ကြီးကြပ်ပြီး တရုတ်နွယ်ဖွားထိုင်းလူမျိုးအဖြစ် ဟန်ဆောင်ခဲ့သူကို အလုပ်သမားတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားခေါင်းဆောင်ရဲ့ အပြုအမှုက သံသယဖြစ်ဖွယ်ကောင်းခဲ့ပြီး

Read More
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်

ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ် ဧပြီ ၂၈ ရက်၊ Migrant Times ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်ကို ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ဧပြီလက ဘတ် ၁၅,၀၀၀ အောက် ဝင်ငွေရှိသူ ထိုင်းအလုပ်သမားလ၁,၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာလို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊စီးပွားရေးနှင့် စီးပွားရေးခန့်မှန်းချက်ဆိုင်ရာ အကြံပေးဌာန ဥက္ကဋ္ဌ၊ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် ပါမောက္ခ မစ္စတာ သနဝပ် ဖွန်ဝီချိုင်းက ဆိုပါတယ်။လူနေမှုစရိတ်များ မြင့်မားလာခြင်း၊ မီတာခ၊ စားသောက်စရိတ်များ စျေးကြီးလာသဖြင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး မူဝါဒကို ချမှတ်ဖို့ နိုင်ငံရေးပါတီတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းအလုပ်သမားတို့ရဲ့ကြွေးမြီအခြေအနေကို လေ့လာကြည့်တဲ့အခါ

Read More