အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင်
အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင် ဧပြီ ၂၈ ရက်၊ Migrant Times အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာပြီး လုပ်ခလစာ တိုးမလာတဲ့အတွက် နယ်ကနေ ရန်ကုန်မှာ လာရောက်လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်သမားအများစုဟာ မိသားစုဆီ လစဥ် ငွေပြန်မပို့နိုင်တဲ့အခြေအနေအထိရောက်ရှိနေတယ်လို့ လုပ်သားတွေထံက သိရပါတယ်။အလုပ်သမားတွေရဲ့ လုပ်ခဟာ ဆယ်စုနှစ်တစ်ဝက်ကျော်ကြာသည်အထိ ပြောင်းလဲလာခြင်းမရှိသော်လည်း အဆောင်ခအပါအဝင် ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် တစ်ကိုယ်ရေစာအတွက်ပင် လောက်ငအောင်ရုန်းကန်နေကြရတယ်လို့ သူတို့က ဆိုပါတယ်။”အရင်က တစ်လကို နှစ်သိန်းရရင် အိမ်ကို တစ်သိန်းလောက်ပြန်ပို့နိုင်တယ်။ အခုက နှစ်လတစ်ခါ၊သုံးလတစ်ခါမှပဲ ငွေစုပြီး ပို့ပေးရတဲ့အခြေအနေ ဖြစ်နေတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ အဲဒီလို မိသားစုဆီ ငွေပုံမှန်ပို့နိုင်ဖို့အတွက် အလုပ်သမားတော်တော်များများ အခက်တွေ့နေကြရတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။”အလုပ်သမားတွေက