တရားမဝင် ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ထိုင်းရဲနဲ့ စစ်တပ် ပူးပေါင်းဖမ်းဆီး
တရားမဝင် ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ထိုင်းရဲနဲ့ စစ်တပ် ပူးပေါင်းဖမ်းဆီး ဧပြီ ၂၅ ရက်၊ Migrant Times ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ကမ္ဘောဒီးယားလုပ်သား ၁၂၃ ဦးကို ဧပြီ ၂၃ ရက်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဆာရကြော့ ရဲ နဲ့ စစ်တပ် အပါအ၀င် အုပ်ချုပ်ရေး ဝန်ထမ်းတွေက ကမ္ဘောဒီးယား တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား ၁၁၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၁ ဦးအပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၃ ဦးကို ဖမ်းဆီးမိခဲ့တာပါ။သူတို့ဟာ ဘန်နွန်စဝ်အေ၊ ဖန်စစ်ခရိုင်ခွဲ၊ အာရာယာပရက်ထိစ် နယ်စပ်တစ်လျှောက် သဘာဝလမ်းကြောင်းကတစ်ဆင့် မြို့တွင်းကို ဝင်ရောက်ပြီး ဘန်ကောက်ကို သွားမှာလို့ သိရပါတယ်။ အလုပ်သမားတစ်ဦး ဘတ် ၄,၅၀၀နှုန်း