ထိုင်းနိုင်ငံတွင် ငလျင် အရေးပေါ် မိုဘိုင်းဖုန်း သတိပေးစနစ် မေလတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံတွင် ငလျင်အန္တရာယ်အတွက် အရေးပေါ် မိုဘိုင်းဖုန်းသတိပေးစနစ်ကို မေလတွင်း စမ်းသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)မှထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်အပြီးတွင် SMS မှတစ်ဆင့် အရေးပေါ်သတိပေးစနစ်ကို စမ်းသပ်မည်ဖြစ်ပြီး ဖုန်းများကို ပြင်ဆင်ထားရန် CIB မှတိုက်တွန်းသည်။
သတ်မှတ်ဧရိယာရှိ အသုံးပြုသူများထံ တိုတိုတုတ်တုတ် အပြန်အလှန် စာတိုပို့စနစ်ကို မိုဘိုင်းကွန်ရက်အော်ပရေတာများအား တစ်ပြိုင်နက် ပို့ခွင့်ပြုသော နည်းပညာ ဖြစ်သည့် ဆဲလ်ဘရော့ဒ်ကတ်စ် ဝန်ဆောင်မှုကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
iOS အသုံးပြုသူများအတွက် Settings အပိုင်းသို့သွား၍ General ကိုနှိပ်ကာ ထို့နောက် About ကိုနှိပ်ရန်လိုအပ်ပြီး Update တောင်းဆိုသည့် ပေါ့အပ် ပေါ်လာမည်ဖြစ်ကာ အသုံးပြုသူများအနေဖြင့် Agree ကိုနှိပ်ရမည်ဟု ဆိုသည်။
ထို့နောက် Settings သို့ပြန်သွား၍ Notifications ကိုနှိပ်ပြီး TH-ALERT အပိုင်းကို ရှာရန် အောက်သို့ဆွဲချရမည်ဖြစ်ကာ Amber Alerts နှင့် Emergency Alerts နှစ်ခုစလုံးကို ဖွင့်ရမည်ဟု သိရသည်။
သတ်မှတ်ချက်သည် iOS 18 သို့မဟုတ် နောက်ပိုင်းဗားရှင်းများအတွက်သာ ရရှိနိုင်ပြီး iPhone X ထက်ဟောင်းသော မော်ဒယ်များတွင် အလုပ်လုပ်မည်မဟုတ်ကြောင်း သိရသည်။
Android အသုံးပြုသူများသည် Settings သို့သွား၍ Safety and Emergency ကိုရွေးချယ်ပြီး Earthquake Alerts ကိုနှိပ်ကာ အကြောင်းကြားချက်များကို ခွင့်ပြုရန် အကြံပြုထားသည်။
CIB ၏အဆိုအရ ယခုဝန်ဆောင်မှုသည် Android 12 သို့မဟုတ် ထို့ထက်မြင့်သော စက်များတွင်သာ ရရှိနိုင်မည်ဖြစ်သည်။
စမ်းသပ်မှုများကို အသေးစား၊ အလတ်စားနှင့် အကြီးစားဟူ၍ အဆင့်သုံးဆင့်ခွဲကာ ၂၀၂၅ခုနှစ် မေလ ၂ ရက်၊ ၇ ရက်နှင့် ၁၃ ရက်နေ့များတွင် ပြုလုပ်မည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် စတင်မည်ဖြစ်ကြောင်း ကြေညာသည်။
ရွေးချယ်ထားသော စမ်းသပ်ဧရိယာများတွင် နေထိုင်သူများသည် အသံနှင့် ဖုန်းမျက်နှာပြင်ပေါ်တွင် စာတိုမက်ဆေ့ချ်များအပါအဝင် မိုဘိုင်းဖုန်းများတွင် စမ်းသပ်အကြောင်းကြားချက်ကို လက်ခံရရှိမည်ဖြစ်ကြောင်း DDPM က ပြောကြားသည်။
CIB က ဖုန်းသုံးသူများအားသံသယဖြစ်ဖွယ် လင့်ခ်များကို နှိပ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်များကို လွယ်ကူစွာပေးခြင်းတို့ကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။
Ref/Photo – The Nation