သက်တမ်းကုန်ဆုံးတော့မယ့် ပတ်စပိုစ့် CI နေထိုင်ခွင့်အတွက် ထိုင်းမှာကုန်ကျငွေပိုပေးရရင် တိုင်ကြားနိုင် သတင်းအပါအ၀င်အခြား ထူးခြားဖြစ်စဥ်သတင်းများ။
#migranttimes #BreakingNews #migrants #Myanmar #news #myanmarworker #passport
#migranttimes #BreakingNews #migrants #Myanmar #news #myanmarworker #passport
ဒီဇင်ဘာ ၁၁ရက်၊ အရုဏ်ဦး ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့မိသားစုဆီလွှဲပို့ငွေနဲ့ပတ်သက်လို့ အေဂျင်စီ ၄၀၀ကျော်ကို စစ်ဆေးသွားမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဆီက သိရပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ က မေလကနေ သြဂုတ်လအထိ အလုပ်သမား ၅၆၈၆၀ဦးစေလွှတ်ခဲ့ပြီး အဲဒီအလုပ်သမားတွေရဲ့မိသားစုဆီလွှဲပို့မူအခြေအနေ၊အထောက်အထားတွေကို စီစစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၆ရက်ကစပြီး တစ်ရက်ကို အေဂျင်စီ၅၀ ခုစီစစ်ဆေးသွားမှာဖြစ်ကာ ရက်အလိုက်စစ်ဆေးခံရမယ့် အေဂျင်စီတွေရဲ့အမည်စာရင်းကိုလည်း ကြေညာထားပါတယ်။ “ အလုပ်သမားပို့ထားတဲ့အေဂျင်စီတွေပဲသွားပြီးစီစစ်ခံရမှာ။အဲဒီအတွက် ကိုယ့်ဖက်ကပြင်ဆင်စရာရှိတာပြင်ဆင်ထားရတာပေါ့။အခုကလေးလစာတပေါင်းတည်စာရင်းတင်ရမှာမို့လို့အလုပ်တော့ပိုရူပ်တယ်” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်ရထားတဲ့အေဂျင်စီ ၆၀၀ကျော်ရှိတဲ့အနက်က အလုပ်သမားပို့ထားတဲ့အေဂျင်စီ ၄၀၀ကျော်ကစစ်ဆေးခံရမှာလည်းဖြစ်ပါတယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လက်ရှိမှာလည်း လအလိုက် အလုပ်သမားရဲ့လွှဲပို့ငွေအထောက်အထားကို ပေးပို့တင်ပြနေရတာဖြစ်ပါတယ်။ အဲဒီလို တင်ပြဖို့ပျက်ကွက်ရင် ဒဏ်ကြေးပေးဆောင်ရတဲ့အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ဆိုင်းငံ့အရေးယူခံရတာမျိုးရှိနေပါတယ်။ #migranttimes #myanmarworker #migrants #Myanmar #BreakingNews #news
ဒီဇင်ဘာ ၁၀ရက်၊ မောင်နေ့သစ်၊ Migrant Times လာမယ့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးတော့မယ့် ပတ်စပိုစ့်စာအုပ် တွေ သက်တမ်းတိုးဖို့အတွက် ကုန်ကျငွေ ပိုပေးရရင် တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ သက်တမ်းတိုးရင် ကုန်ကျမယ့် ငွေပမာဏကို ထိုင်းအစိုးရက ထုတ်ပြန်ထားပြီး ငွေပိုပေးရရင် တိုင်ကြားနိုင်တယ်လို့ မဟာချိုင်ရှိ AAC မဟာမိတ်ရုံးအဖွဲ့က အသိပေးထားပါတယ်။ ပွဲစားတွေဆီ ငွေကြေးအဆမတန်ပေးရရင် ထိရောက်စွာအရေးယူနိုင်ဖို့ AAC ရုံးအဖွဲ့နဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေ သဘောတူညီထားကြောင်း သိရပါတယ်။ Work Permit ၂ နှစ်စာအတွက် ၁၈၀၀ ဘတ်၊ နေထိုင်ခွင့် ဗီဇာအတွက် ၁၀၀၀ ဘတ်၊ ဖောင်တင်ဝန်ဆောင်ခ ၁၀၀ ဘတ် သက်မှတ်ထားပြီး ပကန်အာမခံကတ်ရှိသူတွေအနေနဲ့ ဘတ် ၉၀၀ ကုန်ကျမှာဖြစ်ပြီး စုစုပေါင်း
ဒီဇင်ဘာ၉ရက် ၊အရုဏ်ဦး ပြည်ပရောက်လုပ်သားရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားပေးပို့ခြင်းမရှိတဲ့အေဂျင်စီ ၁၀၀ ကျော်ကို ဒီနေ့(ဒီဇင်ဘာ၉ရက်)မှာ မပို့နိုင်ရင်အရေးယူမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနက သတိပေးထားပါတယ်။ နိုဝင်ဘာအတွက်လွှဲပို့ငွေအထောက်အထားကို ပေးပို့ခြင်းမရှိသေးတဲ့အေဂျင်စီ ၁၁၈ခုရှိပြီး ဒီနေ့နောက်ဆုံးထားပေးပို့ဖို့သတိပေးထားတာဖြစ်ပါတယ်။ အဲဒီပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အထောက်အထားပေးပို့ဖို့ပျက်ကွက်ရင် ဒါဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါဆိုင်းငံ့အရေးယူမှာဖြစ်ပြီး အရင်လကစာရင်းကိုပါပျက်ကွက်ရင် ဒဏ်ကြေးနှစ်ဆပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။ “ စာရင်းပေးပို့ဖို့ပျက်ကွက်တာကအေဂျင်စီအဟောင်းတွေရော၊အသစ်တွေရောပါတယ်။အလုပ်သမားနဲ့အဆက်သွယ်ပြတ်တဲ့သူတွေအခက်တွေ့နေကြတာ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ အေဂျင်စီတွေအနေနဲ့ စေလွှတ်အလုပ်သမားက မိသားစုဆီငွေလွှဲပို့တာမရှိရင်လည်း မရှိတဲ့အကြောင်း တင်ပြရမယ်လို့လည်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ဆိုပါတယ်။ ပြည်ပရောက်အလုပ်သမားရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားကို လဆန်း၅ရက်မတိုင်ခင် အေဂျင်စီတွေက သက်ဆိုင်ရာဌာနဆီပေးပို့နေကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ဧပြီလကနေ သြဂုတ်လအထိ စေလွှတ်ခဲ့တဲ့အလုပ်သမားတွေရဲ့လွှဲပို့ငွေအထောက်အထားကိုလည်း တပေါင်းတည်းပေးပို့ရဖို့ရှိနေပါတယ်။ စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ရာခိုင်နှုန်း မိသားစုဆီတရားဝင်လွှဲပို့ဖို့ ညွန်ကြားထားတာပါ။ လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀ ကျော်က လစဥ် အလုပ်သမား ၁၀၀၀၀ နီးပါးကိုပြည်ပပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ #migranttimes
#migranttimes #myanmarworker #migrants #Myanmar #BreakingNews #news #agency
ဒီဇင်ဘာ ၈ ရက်၊ Migrant Times ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ Koh Tao Myanmar Community (KTMC) က ဒီနေ့ မနက် ၉ နာရီ ၃၀ မိနစ်ကနေ နေ့လယ် ၁ နာရီအထိ တစ်ပိုင်း ၊ ညနေပိုင်း ၇ နာရီကနေ ၉ နာရီ ၃၀မိနစ် အထိ တစ်ပိုင်း နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့တယ်လို့သိရပါတယ်။ မနက်ပိုင်းမှာ ပြည်နယ်အတွင်း သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ရဲအရာရှိတွေနဲ့ တာဝန်ရှိသူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ ကယ်ဆယ်ရေး အသိပညာပေးခြင်း၊ ကော့တောင်ကျွန်း သူကြီးက အသိပညာ အားပေးစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၇ရက်၊အရုဏ်ဦး တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POES)ကအသိပေးထားပါတယ်။ အလုပ်သမားတွေအနေနဲ့ လစာရဲ့၂၅ရာခိုင်နူန်းကို တစ်လချင်းဖြစ်စေ၊ သုံးလကိုတစ်ကြိမ်ဖြစ်စေမိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့အသိပေးထားတာဖြစ်ပါတယ်။ အဲဒီလိုငွေလွှဲပို့ထားတဲ့အထောက်အထား၊စာရွက်စာတမ်းတွေကိုလည်း အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ မြန်မာနိုင်ငံကနေစတင်ထွက်ခွာတဲ့နေ့တို့နဲ့အတူ ဌာနရဲ့ Viberဆီပေးပို့ဖို့ကိုလည်း ဖော်ပြထားပါတယ်။ “ ကိုယ့်သဘောနဲ့ကိုယ်လွှဲချင်မှ လွှဲမှာပေါ့။အိမ်ကမိသားစုတောင်အဲဒီလောက်ထိမပူဆာဘူး။သူတို့က ငွေလွှဲဖို့ကိုပဲ ဖိအားပေးနေတော့တာ” လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံကို POEAက အလုပ်သမားတရားဝင်လွှတ်နေတာဖြစ်ပြီး လစဥ်အလုပ်သမားထောင်နဲ့ချီထွက်ခွာနေတာ ဖြစ်ပါတယ်။ လက်ရှိတောင်ကိုရီးယားမှာ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေပြီး သက်တမ်းပြည့်လုပ်သားတချို့အနေနဲ့ နေရပ်မပြန်ဘဲ အထူးဗီဇာ G1-99လျှောက်ကာ ဆက်လက်နေထိုင်လုပ်ကိုင်နေကြတယ်လို့ အဲဒီရောက်မြန်မာလုပ်သားတွေဆီက သိရပါတယ်။ #migranttimes #myanmarworker #migrants #Myanmar #BreakingNews #news
အပတ်စဥ် စနေနေ့တိုင်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် ဗဟုသုတရစေမဲ့ Quiz တွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုမေးခွန်းလေးကို Comment မှာဖြေခဲ့ပေးကြပါ ၊ မနက်ဖြန် 4နာရီမှာ အဖြေမှန်ကိုတင်ပေးသွားမှာဖြစ်ပါတယ်။ သိချင်တာမေးချင်တာများရှိရင်လဲ Comment မေးခဲ့လို့ရပါတယ်။ #migranttimes #myanmarworker #migrants #Myanmar #knowledge #knowledgeispower #QuizTime #QuizTime #sharing
#migranttimes #BreakingNews #myanmarworker #Myanmar #news #ပြည်တွင်းအလုပ်သမားများ
ဒီဇင်ဘာ ၅ရက်၊ အရုဏ်ဦး ရနိကုန်မြို့မှာ ရတဲ့လစာနဲ့လုံလောက်မူမရှိလို့ မှတ်ပုံတင်ကို ပေါင်ကာ စားသောက်ရေးဖြေရှင်းနေရတဲ့အလုပ်သမားတွေ များလာတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ လကုန်ခါနီးအချိန်တွေမှာ ငွေပြတ်လပ်လေ့ရှိပြီး ပေါင်နှံစရာမရှိလို့ မှတ်ပုံတင်ကို ပေါင်နှံသုံးစွဲနေကြရတာလို့ ဆိုပါတယ်။ “ မှတ်ပုံတင်ကို အပေါင်ထားတာကအရင်ကလည်းရှိဖူးတယ်။အခုက ပိုများလာတာ။ငွေချေးတဲ့သူကလည်း သက်သေပစ္စည်းတခုခုပေးမှဆိုတော့မှတ်ပုံတင်ကိုပဲအလွယ်ပေါင်ကြတာ” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ အဲဒီလိုမှတ်ပုံတင်ကို အပေါင်ထားရင် ကျပ် ၃၀၀၀၀ကနေ ကျပ် ၅၀၀၀၀ လောက်အထိ ငွေချေးလို့ရပြီး လစာထုတ်မှပြန်ရွေးယူကြလေ့ရှိတယ်လို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။ “ တချို့စက်ရုံကအလုပ်သမားခေါင်းဆောင်တွေက ဒီအတိုင်းချေးတာလည်းရှိတယ်။လစာထုတ်တာနဲ့တန်းဖြတ်တာ။လစာထုတ်ရင်အကြွေးဆပ်ရတာနဲ့မလည်ဘူး။အကြွေးကင်းသူဆိုတာရှားတယ်” လို့ စက်ရုံလုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ စက်ရုံလုပ်သားတွေအနေနဲ့ ရရှိတဲ့လစာနဲ့လုံလောက်မူမရှိတာကြောင့် အိမ်ပြန်ထောက်ပံ့နိူင်သူနည်းလာတယ်လို့လည်းသူတို့က ဆိုပါတယ်။ လက်ရှိမှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေပြီး လုပ်ခတိုးမလာတာကြောင့် ကြပ်တည်းမှုနဲ့ဆိုးရွားစွာကြုံနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ရန်ကုန်မြို့က